22 တဖန် ကိုယ်တော်က တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါဆိုမည်ကား သင်တို့၏အသက်တာအတွက် မည်သည်ကိုစားရမည်လော၊ မည်သည်ကို ဝတ်ဆင်ရမည်လောဟူ၍ မပူပန်ကြနှင့်။
လူတို့သည် သင်တို့အား ဓမ္မာရုံများသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များရှေ့သို့လည်းကောင်း စီရင်ဖို့ခေါ်ဆောင်ခံရလျှင်လည်း မည်သို့ချေပပြောဆိုရမည်ဆိုသည်ကို မစိုးရိမ်ကြနှင့်။
အကြောင်းမူကား အသက်သည် အစာထက် ပို၍အရေးကြီး၏။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက်ပို၍ အရေးကြီး၏။
မည်သည်ကို စားရမည်၊ မည်သည်ကို သောက်ရမည်ဟူ၍ စိုးရိမ်ပူပန်မနေကြနှင့်။