Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 12:17 - Musselmani Burmese

17 သူက ‘ငါ၏သီးနှံတို့ကို ထားဖို့ရန် နေရာမရှိသည့်အတွက် မည်သို့ပြုရမည်နည်း’ ဟုတွေးတော၏။

Faic an caibideil Dèan lethbhreac




Luke 12:17
23 Iomraidhean Croise  

တစ်နေ့တွင် ကိုယ်တော်သည် လူထုပရိသတ်တို့အား သွန်သင်ဟောပြောနေစဉ် ကျမ်းတတ်ဆရာတစ်ဦးသည် ထ၍ ကိုယ်တော်အား “ဆရာ၊ နိစ္စထာဝရအသက်ကို ရဖို့ရန်အတွက် မည်သည်ကိုပြုရပါမည်နည်း” ဟုအကဲစမ်း၍မေးလျှောက်လေ၏။


သို့ဖြစ်၍ သင်တို့၌ရှိသောအရာတို့ကို ဆင်းရဲနွမ်းပါးသူတို့အား နှလုံးသားအတွင်းမှနေ၍ အပြည့်အဝပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့သည် အမှန်စင်စစ် ဘုရားရှင်၏ရှေ့တော်၌စင်ကြယ်ကြလိမ့်မည်။


ထို့နောက် ကိုယ်တော်ယေရှုက လူထုပရိသတ်ကို ပုံဥပမာတစ်ခုဖြင့် မိန့်ဆိုသည်မှာ “တခါက သူဌေးတစ်ဦးသည် သူ၏လယ်ယာ၌ သီးနှံအထွက်ကောင်းသဖြင့်


ထို့နောက် သူက ‘ငါဤသို့ပြုမည်။ ငါ၏ကျီများကို ဖျက်၍ ပိုမိုကြီးမားသောကျီကို ဆောက်ပြီးလျှင် ငါ၏စပါးများနှင့်အတူ အခြားကောင်းမွန်သောအရာတို့ကိုလည်း သိမ်းဆည်းထားမည်။


တဖန် ကိုယ်တော်က တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါဆိုမည်ကား သင်တို့၏အသက်တာအတွက် မည်သည်ကိုစားရမည်လော၊ မည်သည်ကို ဝတ်ဆင်ရမည်လောဟူ၍ မပူပန်ကြနှင့်။


မည်သည်ကို စားရမည်၊ မည်သည်ကို သောက်ရမည်ဟူ၍ စိုးရိမ်ပူပန်မနေကြနှင့်။


သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမဟောင်းနိုင်သော အိတ်တို့ကိုပြုလုပ်၍ သူခိုးမရောက်နိုင်၊ ပိုးမွှားတို့ မဖျက်ဆီးနိုင်သော ရွှေမြို့တော်ရှိ ဘဏ္ဍာတိုက်၌ သိမ်းဆည်းကြလော့။


ထိုအခါ ဘဏ္ဍာစိုးက ‘ငါမည်သို့ပြုရမည်နည်း။ သူဌေးသည် ငါ့ကို ဘဏ္ဍာစိုးအလုပ်မှ ဖယ်ရှားလေပြီ။ ငါသည် မြေတူးသမားအဖြစ် အလုပ်ကြမ်းလုပ်ရန်လည်း အားအင်မရှိ။ တောင်းစားရန်လည်း ရှက်၏။


တဖန် ကိုယ်တော်က တပည့်တော်များအား မိန့်ဆိုသည်မှာ “သင်တို့အား ငါဆိုသည်ကား မတရားမှုမကင်းသော လောကီစည်းစိမ်တို့ကို အသုံးပြု၍ မိမိတို့အတွက် မိတ်ဆွေများရအောင်ပြုကြလော့။ သို့ပြုလျှင် ထိုစည်းစိမ်များ ကုန်ခမ်း၍ သင်တို့သေဆုံးသောအခါ၌ ဘုရားရှင်နှင့်နတ်ဒေဝါတို့က သင်တို့ကို နိစ္စထာဝရအိမ်တော်တွင် ကြိုဆိုနေကြလိမ့်မည်။


ထိုသို့လျှောက်တင်သည်ကို ကြားသောအခါ ကိုယ်တော်က “သို့ဆိုလျှင် သင်လုပ်ဆောင်ရန်အရာတစ်ခုကျန်နေသေး၏။ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများအားလုံးကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသောသူတို့ကို လှူဒါန်းလော့။ သို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာများ ရရှိလိမ့်မည်။ ထို့နောက် ငါ၏တပည့်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူလေ၏။


ဘုရင်ကလည်း ‘ကောင်းလေစွ။ သင်သည် ပမာဏအနည်းငယ်နှင့်ပင် သစ္စာစောင့်သိသောအစေခံကောင်းဖြစ်သဖြင့် မြို့ဆယ်မြို့ကို အပိုင်စားစေ’ ဟုဆိုလေ၏။


ယောဟန်ကလည်း “သင်တို့၌ အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူကို တစ်ထည်ပေးရမည်။ သင်တို့၌ စားစရာ၊ သောက်စရာရှိလျှင်လည်း မရှိသောသူတို့ကို ဤသို့ပင်မျှဝေပေးရမည်” ဟုဖြေလေ၏။


Lean sinn:

Sanasan


Sanasan