7 ထိုမိတ်ဆွေက ‘ငါ၏အိမ်တံခါးသည် ပိတ်ထားပြီ။ ငါ့သားသမီးများသည်လည်း ငါနှင့်အတူ အိပ်ယာဝင်ကြပြီ။ ငါ့အား အနှောင့်အယှက်မပေးပါနှင့်။ ငါသည်ထ၍ သင့်အား မည်သည့်အရာကိုမျှ မပေးနိုင်ပါ’ ဟုအိမ်ထဲမှပြန်၍ပြောလိမ့်မည်။
ငါ့ထံသို့ ဧည့်သည်တစ်ဦးသည် ခရီးဝေးမှ ရောက်လာသဖြင့် သူ့ကိုကျွေးမွေးဖို့ရန် ငါ၌မည်သည့်အရာမျှမရှိသဖြင့် သင့်ထံမှ မုန့်သုံးလုံးချေးပေးပါ’ ဟုဆိုလျှင်
သင်တို့အား ငါဆိုသည်ကား ထိုသူသည် မိတ်ဆွေဖြစ်သည်ကို ထောက်ရှု၍ မည်သည့်အရာမျှ လာပေးလိမ့်မည်မဟုတ်သော်လည်း ဇွဲမလျော့ဘဲ ဆက်လက်တောင်းခံနေပါက သူသည် သူ၏နာမည်ကောင်းကို ထိန်းသိမ်းရန်အတွက် ထ၍ သင်လိုသောအရာကို ပေးပါလိမ့်မည်။
အိမ်ရှင်သည် ထလာ၍ တံခါးကို ပိတ်လိုက်လျှင် သင်တို့သည် အပြင်ဘက်၌ရပ်၍ ‘ဆရာ၊ တံခါးကို ဖွင့်ပေးပါဦး’ ဟုပြောကြရလိမ့်မည်။ သို့သော်လည်း အိမ်ရှင်က သင်တို့အား ‘သင်တို့ကို ငါမသိ သို့မဟုတ် သင်တို့အဘယ်အရပ်က လာသည်ကို ငါမသိ’ ဟုဆိုလိမ့်မည်။
ထို့ကြောင့် ကိုယ်တော်သည် သူတို့နှင့်အတူ လိုက်ပါသွားတော်မူပြီး တပ်မှူး၏အိမ်နှင့် မလှမ်းမကမ်းသို့ ရောက်လာသောအခါ တပ်မှူးသည် သူ၏မိတ်ဆွေအချို့ကို စေလွှတ်၍ ကိုယ်တော့်အား “ကိုယ်တော်၊ အကျွန်ုပ်၏အိမ်ကို ကိုယ်တော်ကြွလာဖို့ရန် အကျွန်ုပ်သည်မထိုက်တန်သည့်အတွက်ကြောင့် ကိုယ်တော်အပင်ပန်းခံ၍ ကြွလာတော်မမူပါနှင့်။