Luke 11:4 - Musselmani Burmese4 အကျွန်ုပ်တို့အပေါ် အပြစ်ဒုစရိုက်ကျူးလွန်သူအပေါင်းတို့ကို အကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ဒုစရိုက်တို့ကိုလည်း ခွင့်လွှတ်ပေးတော်မူပါ။ အကျွန်ုပ်တို့ အပြစ်ဒုစရိုက်ကျူးလွန်မိစေရန် ဖြားယောင်းသွေးဆောင်သမျှအရာတို့မှလည်း ကွယ်ကာပေးတော်မူပါ’ ဟုဆုတောင်းကြလော့” ဟုမိန့်တော်မူ၏။ Faic an caibideil |
ကျောက်ခံမြေပေါ်တွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအခါ၌ ဝမ်းမြောက်ဝမ်းသာခံယူကြသော်လည်း သူတို့၏စိတ်နှလုံးတွင် တည်မြဲခြင်းမရှိဘဲ အချိန်ခဏတာမျှသာ ယုံကြည်လက်ခံကြပြီး ဘဝသက်တမ်း၌ ခက်ခဲကြမ်းတမ်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ထိုသူတို့၏ယုံကြည်ခြင်းသည် ချက်ချင်းရပ်တန့်သွားတတ်ကြသူများဖြစ်ကြ၏။