37 ထိုသို့ မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ဦးသည် ကိုယ်တော်အား အစားအစာဖြင့် တည်ခင်းဧည့်ခံရန် သူ၏အိမ်သို့ ပင့်ဖိတ်သဖြင့် ကိုယ်တော်သည် ကြွတော်မူ၍ စားပွဲ၌ထိုင်တော်မူ၏။
ထို့ကြောင့် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်မိုက်သည့်အပိုင်းမရှိဘဲ တောက်ပနေလျှင် မီးအိမ်မှအလင်းရောင်သည် သင့်အပေါ်ထွန်းလင်းနေသကဲ့သို့ သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် တောက်ပနေလိမ့်မည်” ဟုမိန့်တော်မူ၏။
သို့သော် ကိုယ်တော်သည် အစာမစားမီ ဦးစွာဆေးကြောခြင်းမပြုဘဲ စားပွဲတွင် ထိုင်သည်ကို ဖာရိရှဲသည်မြင်လျှင် အံ့ဩလေ၏။
တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်ယေရှုသည် ဖာရိရှဲတို့ထဲမှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး၏နေအိမ်တွင် အစားအစာသုံးဆောင်ရန် သွားရောက်စဉ် လူအားလုံးတို့သည် ကိုယ်တော်အား အနီးကပ်စောင့်ကြည့်နေကြ၏။
ထို့နောက် ဖာရိရှဲတစ်ဦးသည် ကိုယ်တော်ယေရှုကို သူ၏အိမ်၌ အစားအစာသုံးဆောင်ရန် ပင့်ဖိတ်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူ၏အိမ်သို့ ကြွတော်မူပြီး စားသောက်ရန် စားပွဲ၌ ထိုင်တော်မူ၏။