5 မည်သည့်အိမ်ကိုမဆို သင်တို့ဝင်ကြသောအခါ ‘ဤအိမ်၌ ငြိမ်းချမ်းခြင်းရှိပါစေ’ ဟူ၍ဆုတောင်းပေးကြလော့။
သင်တို့သွားကြရာ၌ ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်တို့ကိုလည်း မယူသွားကြနှင့်။ လမ်း၌လည်း လူတို့ကိုနှုတ်ဆက်၍ နှောင့်နှေးခြင်းမရှိကြနှင့်။
အကယ်၍ ထိုနေရာ၌ ငြိမ်းချမ်းခြင်းကို လိုလားလက်ခံသောသူရှိပါက သင်၏ဆုတောင်းခြင်းသည် ထိုနေရာ၌သက်ရောက်ပေလိမ့်မည်။ အကယ်၍ မလိုလားမလက်ခံပါက ငြိမ်းချမ်းခြင်းသည် ထိုနေရာ၌ သက်ရောက်မည်မဟုတ်။
ကိုယ်တော်က ဇက္ခဲအား “သင်သည်လည်း အာဗြဟံ၏မျိုးဆက်ဖြစ်သည့်အတွက် ယနေ့မှစ၍ သင်နှင့်သင့်မိသားစုအားလုံးကို ဘုရားရှင်ကယ်မတော်မူပြီ။