Biblia Todo Logo
Bìoball air-loidhne

- Sanasan -




Luke 10:42 - Musselmani Burmese

42 အမှန်စင်စစ် လိုအပ်သောအရာသည် တစ်ခုတည်းရှိ၏။ မာရိသည် ထိုကောင်းမွန်သောအရာကို ရွေးချယ်ထားပြီးဖြစ်၍ ၎င်းကို သူမထံမှ မဖယ်ရှားသင့်ပေ” ဟုမိန့်တော်မူလေ၏။

Faic an caibideil Dèan lethbhreac




Luke 10:42
36 Iomraidhean Croise  

သူမတွင် မာရိအမည်ရှိသော ညီမတစ်ဦးလည်းရှိ၏။ မာရိသည် ကိုယ်တော်၏ရှေ့တွင်ထိုင်၍ တရားတော်များကို နာကြားလျှက်နေလေ၏။


တစ်နေ့သ၌ ကိုယ်တော်ယေရှုသည် တစ်နေရာ၌ ဝတ်ပြုဆုတောင်းလျက်နေတော်မူ၏။ ဝတ်ပြုဆုတောင်းပြီးသောအခါ တပည့်တော်တစ်ဦးက “ကိုယ်တော်၊ ရေနှစ်မင်္ဂလာဆရာယောဟန်သည် သူ၏တပည့်များကို သင်ပေးသကဲ့သို့ အကျွန်ုပ်တို့ကိုလည်း ဆုတောင်းရန်သင်ပေးတော်မူပါ” ဟုလျှောက်ထားလေ၏။


သို့သော် ဘုရားရှင်က ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင်သည်သေရလိမ့်မည်။ သို့ဖြစ်လျှင် သင်စုဆောင်းထားသည့် ပစ္စည်းဥစ္စာတို့သည် အခြားလူထံသို့ရောက်သွားမည်ဖြစ်၏’ ဟုမိန့်တော်မူ၏။


သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမဟောင်းနိုင်သော အိတ်တို့ကိုပြုလုပ်၍ သူခိုးမရောက်နိုင်၊ ပိုးမွှားတို့ မဖျက်ဆီးနိုင်သော ရွှေမြို့တော်ရှိ ဘဏ္ဍာတိုက်၌ သိမ်းဆည်းကြလော့။


ဘဏ္ဍာစိုးကို ခေါ်လိုက်ပြီး ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင့်ကို ဘဏ္ဍာစိုးနေရာ၌ ဆက်၍ မထားနိုင်တော့သောကြောင့် သင်၏စာရင်းဇယားများအားလုံးကို တင်ပြလော့’ ဟုဆိုလေ၏။


သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည် အသက်ရှင်စဉ်အခါက အကောင်းဆုံးသောအရာတို့ကို ရရှိခဲ့၍ လာဇရုသည်ကား မကောင်းသောအရာတို့ကိုသာ ရရှိခဲ့ကြောင်းကို သတိရလော့။ ယခုမူကား လာဇရုသည် ဤနေရာ၌ သက်တောင့်သက်သာနေရ၍ သင်သည်ကား ဒုက္ခဝေဒနာကို ခံစားရ၏။


ထိုသို့လျှောက်တင်သည်ကို ကြားသောအခါ ကိုယ်တော်က “သို့ဆိုလျှင် သင်လုပ်ဆောင်ရန်အရာတစ်ခုကျန်နေသေး၏။ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာများအားလုံးကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသောသူတို့ကို လှူဒါန်းလော့။ သို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာများ ရရှိလိမ့်မည်။ ထို့နောက် ငါ၏တပည့်အဖြစ် ငါ့နောက်ကိုလိုက်လော့” ဟုမိန့်တော်မူလေ၏။


သို့ဖြစ်၍ နှုတ်ကပတ်တော်ကို အာရုံစိုက်၍ ကြားနာကြလော့။ အနည်းငယ်နားလည်သောသူကို ပို၍နားလည်စေလိမ့်မည်။ သို့သော် တစ်စုံတစ်ရာမျှ နားမလည်သောသူကိုမူကား သူနားလည်သည်ဟု မှားယွင်းစွာထင်ထားသောအရာတို့ကိုပင် ဖယ်ရှားခြင်းခံရလိမ့်မည်” ဟုမိန့်တော်မူ၏။


Lean sinn:

Sanasan


Sanasan