36 ထို့နောက် ကိုယ်တော်က ကျမ်းတတ်ဆရာအား “ထိုသူသုံးဦးတွင် မည်သူသည် ဓါးပြတိုက်ခံရသောသူ၏အိမ်နီးချင်းအစစ်ဖြစ်မည်နည်း” ဟုမေးလေ၏။
နောက်တစ်နေ့၌ သူသည် တည်းခိုဆောင်ပိုင်ရှင်အား ဒေနာရီဒင်္ဂါးနှစ်ပြားကိုပေး၍ ‘ဤလူနာကို ပြုစုစောင့်ရှောက်ပေးပါ။ ဤထက်မက ကုန်ကျလျှင်လည်း အကျွန်ုပ်ပြန်လာသည့်အချိန်၌ ပေးပါမည်’ ဟုမှာခဲ့လေ၏” ဟူ၍ဖြစ်သည်။
ထိုအခါ ကျမ်းတတ်ဆရာက “ဓါးပြတိုက်ခံရသောသူအပေါ်၌ သနားကရုဏာသက်၍ ကူညီပေးသောသူဖြစ်ပါ၏” ဟုပြန်လည်ဖြေကြားလေရာ ကိုယ်တော်က “သင်သည်လည်း သွား၍ လူတို့အား ဤနည်းအတိုင်းပြုကျင့်လော့” ဟုမိန့်တော်မူ၏။
ထို့နောက်တွင် သူတို့သည် အကြွေးရှင်ကို ပြန်မဆပ်နိုင်ကြသည့်အခါ၌ အကြွေးရှင်က သူတို့နှစ်ဦးစလုံးအား ‘သင်တို့ချေးထားသည့်ငွေများကို ပြန်ဆပ်စရာမလိုတော့ပါ’ ဟုဆိုလျှင် ထိုသူနှစ်ဦးမှ မည်သူသည် အကြွေးရှင်သာ၍ ကျေးဇူးတင်မည်နည်း” ဟုမေးတော်မူ၏။