35 နောက်တစ်နေ့၌ သူသည် တည်းခိုဆောင်ပိုင်ရှင်အား ဒေနာရီဒင်္ဂါးနှစ်ပြားကိုပေး၍ ‘ဤလူနာကို ပြုစုစောင့်ရှောက်ပေးပါ။ ဤထက်မက ကုန်ကျလျှင်လည်း အကျွန်ုပ်ပြန်လာသည့်အချိန်၌ ပေးပါမည်’ ဟုမှာခဲ့လေ၏” ဟူ၍ဖြစ်သည်။
သူ့အနားကို ချဉ်းကပ်လျက် သူ၏ဒဏ်ရာတို့ကို စပျစ်ရည်လောင်းပေးပြီး သံလွင်ဆီနှင့်သုတ်လိမ်းကာ အဝတ်ဖြင့်စည်းပေး၏။ ထို့နောက် သူ့အား မြည်းပေါ်တင်၍ တည်းခိုဆောင်သို့ခေါ်ဆောင်သွား၍ ပြုစုစောင့်ရှောက်လေ၏။
ထို့နောက် ကိုယ်တော်က ကျမ်းတတ်ဆရာအား “ထိုသူသုံးဦးတွင် မည်သူသည် ဓါးပြတိုက်ခံရသောသူ၏အိမ်နီးချင်းအစစ်ဖြစ်မည်နည်း” ဟုမေးလေ၏။
ထိုအစား သင်ဧည့်ခံပွဲကျင်းပသောအခါ၌ ဆင်းရဲနွမ်းပါးသူများ၊ မသန်စွမ်းသူများ၊ လေဖြတ်သူများနှင့် မျက်မမြင်တို့ကို ဖိတ်ကြားလော့။