31 ထို့နောက်တွင် ပုရောဟိတ်တစ်ပါးသည် ထိုလမ်းအတိုင်းလာသည်နှင့် ဒဏ်ရာများစွာဖြင့် လဲကျနေသောသူ့ကို မြင်သော်လည်း သူ့ကို ကူညီမည့်အစား လမ်း၏အခြားတစ်ဖက်မှ ရှောင်ကွင်းထွက်သွားလေ၏။
ကိုယ်တော်က ထိုသူအား ဤပုံဥပမာကို မိန့်ဆိုတော်မူ၏။ ပုံဥပမာမှာ “တစ်ခါက လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရိခေါမြို့သို့ သွားလေ၏။ လမ်းခရီး၌ ထိုသူသည် ဓါးပြများနှင့်တွေ့သဖြင့် ဓါးပြတို့သည် ထိုသူ၏အဝတ်အစားများကို ချွတ်ယူကာ သူ့အား သေလုမျောပါးဖြစ်သည်အထိ ရိုက်နှက်ကြ၍ ထွက်သွားခဲ့ကြ၏။
ထိုကဲ့သို့ပင် လေဝိအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ရောက်လာပြီးလျှင် ထိုသူ့ကိုမြင်သော်လည်း အခြားလမ်းတစ်ဖက်မှရှောင်ထွက်သွားပြန်လေ၏။