23 ထို့နောက် ကိုယ်တော်သည် တပည့်တော်များဘက်သို့ လှည့်၍ “သင်တို့မြင်တွေ့ခဲ့ရသည့်အကြောင်းအရာတို့ကို မြင်တွေ့ခွင့်ရသည့်လူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောအရိယာသူတော်စင်များနှင့် ရှင်ဘုရင်တို့သည်ပင် သင်တို့မြင်တွေ့ရသောအရာတို့ကို မြင်ခွင့်ရရန်၊ ကြားသိခွင့်ရရန် အလိုရှိခဲ့ကြသော်လည်း မမြင်ခဲ့ရ၊ မကြားခဲ့ရကြပေ” ဟုသူတို့ကိုသာ သီးခြားမိန့်တော်မူ၏။