6 ထိုသူနှစ်ဦးလုံးပင် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်တွင် ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြ၏။ အလ္လာဟ်၏ “ရှရီယသ်” ပညတ်တော်ရှိသမျှနှင့် ညွှန်ကြားတော်မူချက်များကို တစ်သွေမသိမ်းလိုက်နာကြ၏။
သို့သော် အဲ့လီစ်ဘဲသ်သည်အမြုံဖြစ်၍ သားသမီးမရ။ သူတို့နှစ်ဦးစလုံးပင်အသက်ကြီးရင့်ကြလေပြီး။
သို့သော် ကိုယ်တော်က သူတို့အား “သင်တို့သည် လူတို့ရှေ့၌ မိမိကိုယ်ကိုဖြောင့်မတ်သည့်သူများကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သို့သော် ဘုရားရှင်သည် သင်တို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ လူတို့အမြတ်တနိုးတန်ဖိုးထားနေကြသည့် လောကီစည်းစိမ်တို့သည် ဘုရားရှင်အတွက်မူ မနှစ်မြို့ဖွယ်ရာများပင်ဖြစ်၏။
ထိုအချိန်တွင် ဂျေရုဆလင်မြို့ ၌ ရှုမောင်အမည်ရှိ လူတစ်ဦးရှိလေသည်။ သူသည် ဘုရားရှင်ကို ကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်၏။ ဘုရားရှင်သည် အစ္စရေးလူမျိုးတို့အား ခွန်အားပေး၍ ကယ်တင်ပေးမည်ကို စောင့်မျှော်နေသူတစ်ဦးလည်း ဖြစ်သည့်အတွက် ဉာဏ်အလင်းတော်သည် သူ့ထံသို့ ဆင်းသက်၍