57 အဲ့လီစ်ဘဲသ်သည် သားမွေးဖွားရမည့်အချိန်ရောက်သောအခါ သားယောက်ျားကိုဖွားမြင်၏။
သို့ရာတွင် “ဖရိချ်သာ” ကောင်းကင်တမန်က “ဇကရီယာ၊ မကြောက်နှင့်။ အလ္လာဟ်အရှင်မြတ်သည် သင်တောင်းဆိုသည်သည့် ‘ဒိုအာ’ ဆုတောင်းချက်ကို ‘ကဗူလ်’ ပြုလက်ခံတော်မူပြီ။ သင်၏ဇနီးအဲ့လီစ်ဘဲသ်သည် သင်အတွက်သားရတနာကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယာဟ်ယာဟုအမည်မှည့်ရမည်။
ယုဒပြည်၏ ဟေရုဒ်မင်းလက်ထက်၌ ဇကရီယာအမည်ရှိသော “အီမာမ်” ရှေ့ဆောင်တစ်ပါးရှိ၏။ သူသည်အဘိယ “အီမာမ်” အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးသည် ဟာရွန့်အမျိုးအနွယ်ဖြစ်ပြီး အမည်မှာအဲ့လီစ်ဘဲသ်ဖြစ်၏။
ထို့နောက်မရ်ယာမ်သည် အဲလီစ်ဘဲသ်အထံတွင် သုံးလခန့်နေပြီးနောက် မိမိအိမ်သို့ပြန်လေ၏။ ယာဟ်ယာဖွားမြင်ခြင်း
ဤသို့သူ့အား အလ္လာဟ်အရှင်မြတ်သည် အံ့ဩဖွယ်ကောင်းအောင် “ရဟ်မသ်” သနားကရုနာပြတော်မူကြောင်း ကြားကြသောအခါ အိမ်နီးချင်းတို့နှင့်ဆွေမျိုးသားချင်းတို့သည် သူနှင့်အတူရွှင်လန်းဝမ်းမြောက်ကြ၏။