5 ယုဒပြည်၏ ဟေရုဒ်မင်းလက်ထက်၌ ဇကရီယာအမည်ရှိသော “အီမာမ်” ရှေ့ဆောင်တစ်ပါးရှိ၏။ သူသည်အဘိယ “အီမာမ်” အဖွဲ့ဝင်ဖြစ်၏။ သူ၏ဇနီးသည် ဟာရွန့်အမျိုးအနွယ်ဖြစ်ပြီး အမည်မှာအဲ့လီစ်ဘဲသ်ဖြစ်၏။
သို့ရာတွင် “ဖရိချ်သာ” ကောင်းကင်တမန်က “ဇကရီယာ၊ မကြောက်နှင့်။ အလ္လာဟ်အရှင်မြတ်သည် သင်တောင်းဆိုသည်သည့် ‘ဒိုအာ’ ဆုတောင်းချက်ကို ‘ကဗူလ်’ ပြုလက်ခံတော်မူပြီ။ သင်၏ဇနီးအဲ့လီစ်ဘဲသ်သည် သင်အတွက်သားရတနာကိုဖွားမြင်လိမ့်မည်။ ထိုသားကို ယာဟ်ယာဟုအမည်မှည့်ရမည်။
ကာလအနည်းငယ်ကြာသောအခါ သူ၏ဇနီးအဲ့လီစ်ဘဲသ်သည် ကိုယ်ဝန်ရှိ၍ ငါးလပတ်လုံးအိမ်တွင်းအောင်းလျှက်နေ၏။