45 သင်သည်လည်း အလ္လာဟ်အရှင်မြတ်သခင်မိန့်တော်မူသော စကားတော်အတိုင်း ပြည်စုံလိမ့်မည်ဟုယုံကြည်သဖြင့် ‘မူဘာရဲက်’ မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့်ပြောဆို၏။ မရ်ယာမ်၏ချီးမွမ်းသီချင်း
နားထောင်လော့။ သင်သည် ငါ့စကားကိုမယုံကြည်သောကြောင့် ဤအမှုအရာဖြစ်ပွားလာသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲနေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အချိန်တန်လျှင် ငါ၏စကားပြည့်စုံလာလိမ့်မည်” ဟုဆို၏။
သင်၏နှုတ်ဆက်စကားကို အကျွန်ုပ်ကြားသောအခါ အကျွန်ုပ်၏ဝမ်းမှသူငယ်သည် ဝမ်းမြောက်ရွှင်မြူးသဖြင့် ခုန်လေ၏။
အကြောင်းမူကား၊ သူသည် မိမိ၏ ‘ဗန္ဒဟ်’ အစေခံသိမ်းငယ် နှိမ့်ချသောအဖြစ်ကို ကြည့်ရှု၍၊ အကျွန်ုပ်ကို မေ့လျော့မထားပေ။ ယခုအချိန်မှစ၍ နောင်လာနောင်သားအပေါင်းတို့သည် ငါ့ကို ‘မူဘာရဲက်’ မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။