20 နားထောင်လော့။ သင်သည် ငါ့စကားကိုမယုံကြည်သောကြောင့် ဤအမှုအရာဖြစ်ပွားလာသည့်နေ့တိုင်အောင် စကားမပြောနိုင်ဘဲနေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အချိန်တန်လျှင် ငါ၏စကားပြည့်စုံလာလိမ့်မည်” ဟုဆို၏။
“ဖရိချ်သာ” ကောင်းကင်တမန်က “ငါသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်တွင်ရပ်နေရသော ဂျီဗ်ရီလ်ဖြစ်၏။ သင့်အားဤသတင်းကောင်း သင့်ထံ လာရောက်ဟောပြောကြားရန် ငါ့ကိုစေလွှတ်တော်မူ၏။
လူတို့သည် ဇကရီယာကို စောင့်မျှော်လျက်နေကြ၏။ ဇကရီယာသည် ဝတ်ဗိမာန်တော်ထဲတွင် ကြန့်ကြာနေသည်ကိုတွေ့၍ အံ့ဩကြ၏။
ဇကရိယာသည် ဝတ်ဗိမာန်တော်ထဲမှ ထွက်လာလာသောအခါ စကားမပြောနိုင်တော့သဖြင့် ဝတ်ဗိမာန်တော်ထဲတွင် “ဝဟီ” ဗျာဒိတ်တော်ကိုရခဲ့ကြောင်း သူတို့ရိပ်မိကြ၏။ ဇကရီယာသည် စကားအ၍ လက်ရိပ်ခြေရိပ်ပြလျက်သာနေ၏။
သင်သည်လည်း အလ္လာဟ်အရှင်မြတ်သခင်မိန့်တော်မူသော စကားတော်အတိုင်း ပြည်စုံလိမ့်မည်ဟုယုံကြည်သဖြင့် ‘မူဘာရဲက်’ မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့်ပြောဆို၏။ မရ်ယာမ်၏ချီးမွမ်းသီချင်း
ဇကရိယာ၏နှုတ်သည် ချက်ချင်းပွင့်၍ လျှာသည်လည်းအနှောင်အဖွဲ့မှလွတ်မြောက်ကာ ပြန်လည်စကားပြောနိုင်လာပြီး အလ္လာဟ်အရှင်မြတ်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏။