16 ထို့နောက်သူသည် များစွာသောအစ္စရာအီလီအမျိုးသားတို့ကို မိမိတို့၏ထာဝရအလ္လာဟ်အရှင်မြတ်သို့ ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။
“အသင်ကလေးငယ်၊ သင်သည် အမြင့်မြတ်ဆုံးသောအလ္လာဟ်အရှင်မြတ်သခင်၏ နဗီတမန်တော်ဟု ခေါ်ခံရလိမ့်မည်။အကြောင်းမူကား သင်သည် အရှင်ကိုယ်တော်အတွက်လမ်းကို အသင့်ပြင်ဆင်ရမည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
ထို့ကြောင့် ယောဟန်သည် ဂျော်ဒန်မြစ်ဝှမ်းတလျှောက်လုံးသို့ လှည့်လည်သွားလာ၍ လူတို့အား သူတို့၏အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ခြင်းရကြရန်အတွက် နောင်တသံဝေဂရကာ ရေနှစ်မင်္ဂလာခံယူကြရန်အကြောင်းကို လိုက်လံ၍ ဟောပြောနေခဲ့လေ၏။