Biblia Todo Logo
Bìoball air-loidhne

- Sanasan -

Luke 22 - TPV-RV (Thamma Pitakadaw)

1 ပသခါနေ့ခေါ်တဆေးမဲ့မုန့်ပွဲတော်နီးကပ်လာနေသည်။

2 ပရောဟိတ်များနှင့် မောရှေကျမ်းတတ်ဆရာများသည် ကိုယ်တော်ယေရှုကို သတ်ရန်ကြံစည်နေကြသည်။ လူထု ပရိသတ်အခြေအနေကိုလည်း သူတို့ သတိပြုနေရသေး သည်။

3 တပည့်တော်တစ်ဆယ့်နှစ်ဦးတွင် ပါဝင်သော ယုဒရှကာရုတ်၏ နှလုံးသားထဲသို့ မာရ်နတ်ဝင်ရောက် ပူး ကပ်လိုက်လေသည်။

4 ယုဒရှကာရုတ်သည် ဗိမာန်တော် ၏အရာရှိများထံချဉ်းကပ်၍ ၎င်းသည်ကိုယ်တော်ယရှုကို ဖမ်းဆီးရာ၌ ကူညီမည်ဟု ဆွေးနွေးလေသည်။

5 သူတို့က ဒင်္ဂါးများပေးမည် ဟု ဝမ်းမြောက်စွာ ကတိပြုလေသည်။

6 ယုဒလည်း သဘောတူလေသည်။ သူသည် လူစုလူဝေး မရှိသောအချိန်တွင် သူ၏ဆရာကိုဖမ်းဆီးရန် အခွင့်အခါ ကောင်းကို စောင့်နေတော့သည်။

7 သိုးများကိုသတ်၍ ပသခါပွဲတော်စားပွဲကျင်းပရန် အချိန် သို့ကျရောက်လာပါသည်။

8 ထို့ကြောင့်ကိုယ်တော်က ပေတရုနှင့်ယောဟန်အား “ပသခါစားဖို့သွားပြင်ဆင်လိုက် ပါ”ဟု စေခိုင်းလိုက်သည်။

9 သို့သော်သူတို့က ဘယ်နေရာ မှာပြင်ဆင်စေချင်ပါသလဲ”ဟု မေးလျှောက်လိုက်သည်။

10 ကိုယ်တော်ကသူတို့ကို “မြို့တွင်းကိုဝင်သွားပါ၊ မြို့ထဲ မှာ ရေအိုးသယ်လာတဲ့ လူတစ်ယောက်ကိုတွေ့မယ်။ အဲ့ဒီ လူနောက်လိုက်ပြီး သူဝင်သောအိမ်တွင်းကိုဝင်သွားပါ။”

11 ပြီးလျှင် အိမ်ရှင်အား “ကျွန်တော်တို့ရဲ့ဆရာက သူ့တပည့်တွေနဲ့ ပသခါပွဲတော် စားသောက်မည့်နေရာကို သိချင်ပါတယ်လို့ ပြောလိုက်ပါ။”

12 “ပိုင်ရှင်ကသင်တို့ကို အပေါ်ထပ်သို့ခေါ်သွားပြီး ကျယ်ဝန်းတဲ့အခန်းတစ်ခန်းကို ပြပါလိမ့်မယ်။ အဲ့ဒီအခန်းမှာ ပြင်ဆင်လိုက်ပါ”ဟု မှာကြား လေသည်။

13 ပေတရုနှင့်ယောဟန်တို့သည် ကိုယ်တော် ပြောသည့်အတိုင်း တွေ့ရှိကြသဖြင့် ပသခါစားပွဲကို ကောင်းမွန်စွာအသင့်ပြင်ဆင်လေသည်။

14 ကိုယ်တော်နှင့်တပည့်တော်များ ပသခါစားရန် အချိန် ရောက်လာသောအခါ ကိုယ်တော်က

15 “ကိုယ်တော် အသေမခံရမှီ ဒီပွဲတော်ကို တပည့်တို့နဲ့အတူတူစားသုံးရန် အထူးအလိုရှိတော်မူတယ်။”

16 ဘုရားရှင်ရဲ့ ရွှေမြို့တော် မှာ ပွဲတော်မကျင်းပရခင်အချိန်ထိ နောက်ထပ် ပသခါ ပွဲတော်ကို မစားတော့ပါ။”ဟု မိန့်တော်မူလိုက်လေသည်။

17 ကိုယ်တော်သည် စပျစ်ဝိုင်ခွက်ကိုယူပြီး ဘုရားဂုဏ် တော်ကိုချီးမွမ်းလိုက်သည်။ ထို့နောက်တပည့်တော်အား ဝိုင်ခွက်ကိုပေးပြီး “ဤဝိုင်ခွက်ကိုယူပါ။ အားလုံးခွဲဝေ သောက်ကြပါ။

18 ကိုယ်တော်ဟာ ဘုရားရှင်၏ နိဗ္ဗာန်ရွှေမြို့တော်သို့ ရောက်သွားတဲ့အချိန်ထိ စပျစ်ဝိုင်ကို ဘယ်တော့မှ မသောက်တော့ပါ”ဟု ကတိပြုလိုက်သည်။

19 ထို့နောက်ကိုယ်တော်သည် ပေါင်မုန့်ကိုကိုင်၍ ဘုရား ဂုဏ်တော်ကိုချီးမွမ်းပြီး တပည့်တို့အား ကမ်းပေးလိုက်လေ သည်။ “ဤမုန့်သည် သင်တို့ကိုစွန့်ကြဲသော ကိုယ်တော်၏ ခန္ဓာကိုယ်ပင်ဖြစ်သည်။သင်တို့ တစ်ယောက်ကို တစ် ယောက် ကမ်းပေးပါ။ ကိုယ်တော်ကိုအမှတ်တရဖြစ်စေရန် အတွက် ဤကဲ့သို့ ကတိသစ္စာပြုပွဲကိုစားကြပါ။” ဟု ကိုယ်တော်ကပြောလိုက်လေသည်။

20 စားအပြီးတွင် ကိုယ်တော်သည် ဝိုင်ခွက်ကိုကိုင်ထား၍ “ဤသွေးသည် ကိုယ်တော်၏သွေးတော်ဖြစ်၏။ ဤသွေးအားတပည့်တော် တို့အတွက် စွန့်ကြဲခြင်းဖြစ်သည်။ ဤသွေးသည် ဘုရားရှင် ၏ပဋိဉာဉ်အသစ်လည်းဖြစ်သည်။

21 ကိုယ်တော်ကို သစ္စာ ဖောက်မယ့်သူသည် ကိုယ်တော်နဲ့အတူစားပွဲမှာရှိနေသည်။

22 ‘လူ့သားတော်’ သည်ဘုရားရှင် သတ်မှတ်ထားတော်မူ သည့်အတိုင်း သေရလိမ့်မည်။ ‘လူ့သားတော်’ကို သစ္စာ ဖောက်သည့် သူသည်ကြောက်မက်ဖွယ်ရာကောင်းလှသော ဘေးအန္တရာယ်ဆိုးနှင့် သေရလိမ့်မည်။” ဟု ထပ်မံမိန့်ဆို လိုက်သည်။

23 ထို့နောက်တပည့်တော်တို့က “ဤသို့ သော ကိစ္စရပ်မျိုးကို မည်သူလုပ်ဆောင်လိမ့်မည်နည်း။”ဟု အချင်းချင်းငြင်းခုံကြလေတော့သည်။

24 တပည့်တော်များသည် ၎င်းတို့အထဲက မည်သူသည် အကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သနည်း။ ဟု အငြင်းပွားနေကြ သည်။

25 ထို့ကြောင့်ကိုယ်တော်က တိုင်းတပါးသားတို့၏ ရှင်ဘုရင်တို့သည် ပြည်သူလူထုများကို အမိန့်ဖြင့် အုပ်ချုပ် ကြသည်။ အာဏာရှင်တို့သည် သူတို့ကိုယ်သူတို့ လူတိုင်း၏ ကျေးဇူးရှင်ဟု ခေါ်ဝေါ်သုံးစွဲကြ၏။

26 “သင်တို့ ထိုကဲ့သို့ မလုပ်ကြပါနှင့်၊ သင်တို့ထဲတွင် အရေးပါအရာအရောက်ဆုံး သူသည် အသိမ်ငယ်ဆုံးသောသူကဲ့သို့ ဖြစ်သင့်ပြီး ခေါင်းဆောင်ဖြစ်သူသည် အစေခံကဲ့သို့နှိမ့်ချပါ။

27 အများ ပြုစုခြင်းခံရသောသူ (သို့)အခြားသူကို ပြုစုသောသူ နှစ်ယောက်ထဲမှ မည်သူသည် အကြီးမြတ်ဆုံးဟု လူပရိသတ်ကထင်မြင်ပါမည်နည်း။ ပြုစုခြင်းကိုခံရသူလား။ ကိုယ်တော်သည် သင်တို့နှင့် အစေခံတစ်ယောက်ကဲ့သို့ အလုပ်အကြွေးပြုသူသာဖြစ်၏။

28 တပည့်တော်တို့သည် ကိုယ်တော်အခက်အခဲနှင့်ကြုံတိုင်းသင်တို့သည်ကိုယ်တော် နှင့်အတူရပ်တည်ခဲ့ကြ၏။

29 ထို့ကြောင့်ဘုရင်တစ်ပါးကဲ့သို့ လူအများအားအုပ်စိုးနိုင်မည့် တန်ခိုးအာဏာကို တပည့် တော်တို့အားပေးမည်ဖြစ်သည်။ ဤတန်ခိုးအာဏာတို့သည် အဖဘုရားရှင်က ကိုယ်တော်အားပေးအပ်ထားသည့်တန်ခိုး တော်၊ ဂုဏ်တော်များနှင့်တူသည်။

30 တပည့်တော်တို့ သည် ငါ၏နန်းတော်တွင်အတူ စားသောက်ကြပြီး ပလ္လင် တစ်ခုစီပေါ်တွင်ထိုင်လျှက် ဣသရေလတစ်ဆယ့်နှစ်နွယ်တို့ ကို စီရင်ဆုံးဖြတ်ရမည်ဖြစ်သည်။

31 ကိုယ်တော်က “ရှိမုန်၊ ကိုယ်တော်ပြောတာနားထောင်။ လယ်သမားသည် အစေ့ကိုအခွံနှင့် ခွဲခြားလိုက်သကဲ့သို့ မာရ်နတ်ကလည်း သင်တို့တစ်ယောက်ချင်းစီကို စမ်းသပ် ရန်အခွင့်အခါအား တောင်းလေပြီ။

32 သင်တို့ဆီတွင် ခိုင်မာသော ယုံကြည်ချက်ရှိဖို့ရန်အတွက် ကိုယ်တော် ဆုတောင်းပါသည်။ ကိုယ်တော်ထံသို့ သင်တို့ပြန်လာသော အခါ လူအများကိုစောင်မကြည့်ရှုကြပါ”ဟု ပေတရုကို မိန့်ကြားလေသည်။

33 ပေတရုကလည်း “ကိုယ်တော်နဲ့ အတူသာဆိုလျှင် အကျဉ်းထောင်ထဲသို့လည်းကောင်း၊ သေရွာသို့ သွားမည်ဆိုလျှင်လည်း လိုက်ပါမည်” ဟု ကိုယ်တော်အားပြန်၍ လျှောက်ထားလေသည်။

34 “တပည့် ပေတရု သင်သည် မနက်ဖြန်မနက် ကြက်မတွန်မီ တွင် ကိုယ်တော့်အား မသိပါဟု သုံးကြိမ်တိုင်တိုင်ငြင်းဆို လိမ့်မည်။” ဟု ကိုယ်တော်က ပေတရုအား မိန့်ကြားလေ သည်။

35 ထို့နောက်ကိုယ်တော်က “ငါသည်သင်တို့အား ပိုက်ဆံ အိတ် ခရီးဆောင်အိတ်နှင့် ဖိနပ်ကိုပင်ယူမသွားစေဘဲ စေလွှတ်ခဲ့ဖူးသည်။ ထိုအခါကသင်တို့တွင် တစ်စုံတစ်ရာ ချို့တဲ့မှုရှိခဲ့ပါသလား” ဟုကိုယ်တော်ကမေးခဲ့လေသည်။ တပည့်တော်တို့က “မရှိခဲ့ပါ”ဟုလျှောက်တင်ကြလေသည်။

36 သို့သော် ယခုအခါတွင်တော့ ငွေအိတ်ရှိလျှင်ယူပါ။ ခရီးဆောင်အိတ်ကိုလည်းယူကြပါ။ တပည့်တော်တို့မှာ ဓါးရှည်မရှိခဲ့လျှင် အဝတ်အထည်အချို့ကိုရောင်းပြီး ဓါးအရှည် ဝယ်ပါ။

37 ကျမ်းစာတွင် “ထိုသူသည် ရာဇဝတ်သား ဟု သတ်မှတ်ခြင်းခံရမည်ဟူသော ကျမ်းချက်အတိုင်း ငါဖြစ်ရ တော့မည်။” အဘယ့်ကြောင့်ဆိုသော် ကျမ်းတော်မြတ်တွင် ငါ၏အကြောင်းအား ဖော်ပြထားသောကြောင့် ဖြစ်သည်။

38 “ဒီမှာဓါးရှည်နှစ်ချောင်းရှိပါတယ်”ဟု တပည့်တော် တို့က လျှောက်တင်သောအခါ “ကိုယ်တော်က တော် လောက်ပြီ” ဟုမိန့်ဆိုလေသည်။

39 ကိုယ်တော်သည် သူ၏အလေ့အထအတိုင်း သံလွင် တောင်ပေါ်သို့ကြွတော်မူလေ၏။ တပည့်တော် တို့သည် လည်း နောက်တော်သို့လိုက်လာကြလေသည်။

40 ထို နေရာသို့ရောက်သောအခါ ကိုယ်တော်ကတပည့်တော်တို့ အား “စမ်းသပ်ခြင်းမခံရအောင် ဆုတောင်းပြီးနေကြပါ”ဟု မှာကြားခဲ့လေသည်။

41 တပည့်တော်တို့ရှိသည့်နေရာနှင့် အနည်းငယ်ဝေးသော နေရာသို့ ရောက်သောအခါ ဒူးထောက်၍

42 “အဖဘုရားအလိုတော်ရှိလျှင် ကျွန်ုပ်အား ဒုက္ခကြုံတွေ့ရမည့် ဝေဒနာခွက်ကို မသောက်ခိုင်းပါနဲ့ ဘုရား၊ သို့သော် အဖဘုရားရှင်၏ အလိုတော်သာဖြစ်စေ တော်မူပါ၊ သားတော် အလိုအတိုင်း မဖြစ်ပါစေနဲ့”ဟု ဆုတောင်းတော် မူလေသည်။

43 ထိုအခါနိဗ္ဗာန်ရွှေမြို့ တော်မှ ဘုရားရှင်၏ နတ်စေတမာန်တစ်ပါး လာရောက်ပြီး ကိုယ်တော့်ကို ဖေးမကူညီလေ၏။

44 ကိုယ်တော်သည် ပြင်းပြစွာသော ဝေဒနာကိုခံစားလျက် အာရုံစူးစိုက်၍ ဆုတောင်းတော်မူလေသည်။ ထို့ကြောင့် ကိုယ်တော်ထံမှ စီးကျလာသော ချွေးသီးချွေးပေါက်တို့သည် သွေးစက်များ သဖွယ်မြေကြီးပေါ်သို့ ကျတော်မူလေ၏။

45 ကိုယ်တော် သည် ထိုသို့ဆုတောင်းတော်မူပြီးလျှင် တပည့်တော်တို့ထံ သို့ ကြွသွားလေသည်။ တပည့်တော်တို့သည် ဝမ်းနည်း ပူဆွေးလွန်း၍ မောပန်းပြီးအိပ်ပျော်နေကြသည်။

46 ထို့ ကြောင့် ကိုယ်တော်က တပည့်တော်တို့အား“ဘာကြောင့် အိပ်ပျော်နေကြတာလဲ၊ ထတော့၊ သင်တို့အစမ်းသပ် မခံရ အောင်ဆုတောင်းကြပါ”ဟူ၍ ထပ်မံမိန့်တော်မူလေသည်။

47 ကိုယ်တော်ယေရှုသည် ဤသို့ စကားပြောနေစဉ် လူအုပ်ကြီးသည် ကိုယ်တော်ထံရောက်လာခဲ့သည်။ ထိုလူ အုပ်အား တပည့်တော် တစ်ဆယ့်နှစ်ဦးထဲမှာ ပါဝင်သူ ယုဒရှကာရုတ်က ဦးဆောင်၍ခေါ်ဆောင်လာခဲ့သည်။ ယုဒသည်ကိုယ်တော်ကို အနမ်းဖြင့် နှုတ်ခွန်းဆက်သလိုက် သည်။

48 ကိုယ်တော်က ယုဒရှကာရုတ်အား “လူ့သား တော်” ကို ဤကဲ့သို့သောအနမ်းမျိုးဖြင့် သစ္စာဖောက်လိုက် တာလား”ဟုမေးလေ၏။

49 ကိုယ်တော်၏ တပည့်တော် တစ်ယောက်က ထိုအခြင်းအရာကိုမြင်သောအခါ “အရှင် ကျွန်တော်တို့ သူတို့ကို ဓါးနဲ့ခုခံလိုက်ရမလား”ဟု မေး လေ၏။

50 တပည့်တော်တစ်ယောက်က သာသနာရေး ဆိုင်ရာမဟာနာယက တစ်ဦး၏ တပည့်အား ဓါးဖြင့်ခုတ် လိုက်ရာ ဘယ်ဖက်နားကို ထိသွားလေသည်။

51 ကိုယ်တော်က “တော်တော့”ဟု မိန့်တော်မူပြီး ထိုပြတ်ကျ သွားသော အစေခံ၏နားရွက်ကို ပြန်ဆက်ပေးလေသည်။

52 ထို့နောက်ကိုယ်တော်က သူ့အားလာဖမ်းကြသော ဘာသာရေးဂိုဏ်းချုပ်ကြီးများ၊ ဗိမာန်တော်အစောင့် တပ် သားများ၊ လူမျိုးရေးခေါင်းဆောင်များအား “အဘယ့် ကြောင့် ငါ့အား ရာဇဝတ်သားကဲ့သို့ ဓါးများ၊တုတ်များနှင့် ဖမ်းရန်လာကြသနည်း။

53 ငါသည်နေ့တိုင်း ဗိမာန်တော် မှာရှိနေသောအချိန်တွင် သင်တို့အဘယ့်ကြောင့် ငါ့အား မဖမ်းကြသနည်း။ သို့သော် ဤအချိန်သည်သင်တို့၏ အချိန်ဖြစ်၏။ အမိုက်မှောင်ဖုံးလွှမ်းသော အပျက်ချိန်ပဲဖြစ် သည်” ဟု မိန့်တော်မူလေသည်။

54 ကိုယ်တော်ကိုဖမ်းပြီး သာသနာရေးဆိုင်ရာ မဟာ နာယကမင်းကြီး၏ အိမ်တော်သို့ ခေါ်ဆောင်သွားခဲ့လေ သည်။ ပေတရုသည် ခပ်လှမ်းလှမ်းမှ နောက်ယောင်ခံ၍ လိုက်သွားသည်။

55 အိမ်တော်ဝင်းထဲတွင် ပေတရု အပါ အဝင် လူအချို့ဝိုင်းထိုင်ပြီးမီးလှုံနေကြစဉ်

56 ပေတရုအား အစေခံအမျိုးသမီးတစ်ဦးက သေချာစွာကြည့်ရှု့ပြီး “ဤလူ သည် ကိုယ်တော်နှင့်အတူတကွလိုက်နေသူ”ဟု သူ့ကို လက်ညှိုးထိုး၍ပြောလေသည်။

57 ပေတရုက “ဒီမိန်းမ ကြီးပြောတဲ့သူကို ကျွန်တော်မသိပါဘူး” ဟု ငြင်းဆိုလေ သည်။

58 အချိန်အနည်းငယ်ကြာသောအခါ တစ်ဦးက ပေတရုကို လက်ညှိုးထိုး၍ “သင်ဟာ ကိုယ်တော်ယေရှု တို့အုပ်စုထဲကပဲ”ဟု ဆိုလေသည်။ ပေတရုက “မဟုတ်ဘူး၊ ကျွန်တော် အဲ့ဒီအုပ်စုထဲကမဟုတ်ဘူး”ဟု ငြင်းဆိုလေ သည်။

59 နောက်ထပ်တစ်နာရီကြာသောအခါ လူတစ် ယောက်က ပေတရုကိုထိုးပြ၍ “ဒီလူဟာ ယေရှုနဲ့အတူ ပါလာတာပဲဖြစ်ရမယ်။ သူ့လေသံဟာ ဂါလိလဲလေသံပဲ”ဟု ဆိုလေသည်။

60 ထိုအခါပေတရုက “မင်းဘာတွေပြော နေလဲဆိုတာကို ငါမသိဘူး” ဟုပြန်ငြင်းပြန်၏။ ထိုသို့ ပေတရုပြောဆိုနေစဉ် ချက်ချင်းပင် ကြက်တွန်လေ၏။

61 ကိုယ်တော်က ပေတရုအားလှည့်ကြည့်လိုက်၏။ ထို အခါပေတရုသည် ကိုယ်တော်မိန့်မှာခဲ့သော “မနက်ဖြန် လင်းကြက်မတွန်မီမှာ ကိုယ်တော်အား သင်မသိပါဟု သုံးကြိမ်ကြိမ်တိုင်တိုင် ပြောလိမ့်မည်” ဆိုသောစကားကို အမှတ်ရလေသည်။

62 ထို့နောက်ပေတရုသည် အပြင်သို့ ထွက်ပြီး သည်းထန်စွာ ငိုကြွေးလေတော့သည်။

63 ဖမ်းဆီးလာခဲ့ သူတို့သည် ကိုယ်တော်အား လှောင်ပြောင် သရော်ကြပြီး ကိုယ်တော်အားထိုးနှက်ကြလေသည်။

64 မျက်စိကိုအဝတ်ဖြင့်စည်း၍ ပိတ်လိုက်ကြပြီး “ခင်ဗျားကို ဘယ်သူရိုက်နေသလဲဆိုတာပြောစမ်း” ဟု ဆိုကာ

65 နည်း အမျိုးမျိုးဖြင့် ကိုယ်တော်အား ညှင်းပန်းနှိပ်စက် စော်ကားကြလေသည်။

66 မိုးလင်းသောအခါ ဘာသာရေးဂိုဏ်ချုပ်ကြီးများ နှင့် မောရှေကျမ်းတတ်ဆရာများ၊ ယုဒအမျိုးသားခေါင်းဆောင် များပါဝင်သော ဘာသာရေးအဖွဲ့ချုပ်၏ ရှေ့မှောက်တွင် ကိုယ်တော်အား စစ်ဆေးမေးမြန်းလေသည်။သူတို့က

67 “သင်ဟာမေရှိယ ဟုတ်ပါသလား”ဟုမေးလျှင်

68 ကိုယ်တော်က “ငါပြောလျှင်လည်းသင်တို့ယုံမှာမဟုတ်ပါ၊ သင်တို့အားငါမေးလျှင်လည်း သင်တို့ဖြေမည်မဟုတ်ပါ။

69 သို့သော် ဤအချိန်ကစ၍ ကိုယ်တော်သည် တန်ခိုး တော်အနန္တ၊ ဂုဏ်တော်အနန္တနဲ့ ပြည့်စုံသော အဖဘုရား၏ လက်ယာဘက်တွင် ထိုင်ရတော့မည်ဖြစ်သည်။”ဟု ပြောဆို လေသည်။

70 “ဤသို့ဆိုလျှင်သင်သည် ဘုရားသားတော် ဟုတ်ပါသလား”ဟု ဆက်လက်မေးမြန်းရာ ကိုယ်တော်က “ငါဟာသင်တို့ပြောသကဲ့သို့ပင်ဖြစ်သည်”ဟု ပြန်ပြောလေ သည်။

71 ထိုသို့ပြောဆိုသည်ကိုကြားရသောအခါ စစ်ဆေး သူတို့က “တရားခံကိုယ်တိုင်ဝန်ခံနေပြီ”ဟုဆိုလေသည်။

This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan