Biblia Todo Logo
Bìoball air-loidhne

- Sanasan -

Luke 20 - TPV-RV (Thamma Pitakadaw)

1 တစ်နေ့တွင်ကိုယ်တော်သည် လူထုကို ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်ပြီး မင်္ဂလာတရားတော်များကို ဖြန့်ဝေ ပေးနေသည်။ ပရောဟိတ်များ၊ မောရှေကျမ်းတတ် ဆရာများနှင့် ယုဒလူမျိုးခေါင်းဆောင်များသည်

2 ကိုယ် တော့်ကို “ဗိမာန်တော်ထဲတွင် တရားဒေသနာများပို့ချရန် နှင့် မင်္ဂလာသတင်းဖြန့်ဝေရန် အခွင့်အာဏာကို မည်သူက ပေးအပ်ထားပါသလဲ”ဟု မေးရာ

3 ကိုယ်တော်က“သင်တို့ ကို ငါမေးခွန်းတစ်ခု မေးမယ်”

4 “ရေနှစ်မင်္ဂလာဆရာကြီး ယောဟန်ကို ရေနစ်မင်္ဂလာပေးရန် အခွင့်အာဏာကို မည်သူကပေးအပ်ထားပါသလဲ။ ဘုရားရှင်၏ ခွင့်ပြုချက် ပေးထားခြင်းကြောင့်လား။ ဒါမှမဟုတ် လူတစ်ဦးတစ် ယောက်ကပေးအပ်ထား၍လား” ဟု ပြန်၍ မေးခွန်းထုတ် လိုက်လေသည်။

5 သူတို့သည် “ဘုရားက ‘ယောဟန်’ကို ဒီအခွင့်အရေး ပေးထားတယ်ဆိုရင် ဘာကြောင့်ယောဟန် ကိုမယုံတာလဲဟု‘ယေရှု’က မေးလိမ့်မည်။

6 လူတစ် ယောက်ယောက်က ပေးတယ်ဆိုရင် ပရိသတ်တွေက ဒို့ကိုခဲနဲ့ပေါက်လို့ ဒို့သေရလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ယောဟန်ကို ပရောဖက်တစ်ပါးလို့ ယုံကြည်နေ လို့ပဲ။” ဟု တစ်ယောက်နှင့်တစ်ယောက် ပြောဆိုတိုင်ပင် နေကြလေသည်။

7 ထို့ကြောင့်လူကြီးများက “ဘယ်သူက ယောဟန်ကို ရေနစ်မင်္ဂလာပေးဖို့ အခွင့်အရေးပေးထား တယ်ဆိုတာကို ကျုပ်တို့မသိဘူး”ဟု ဖြေဆိုလေသည်။

8 ထိုအခါကိုယ်တော်က “မည်သူက ကျွန်ုပ်အား ဤအခွင့် အရေး ပေးထားတယ်ဆိုတာကို ကျွန်ုပ်လဲမပြောနိုင်ပါ”ဟု ပြန်ပြောလိုက်သည်။

9 ကိုယ်တော်ကလူထုအား ဤပုံပြင်ကိုပြောပြလေသည်။ “စပျစ်ခြံရှင်သည် ၎င်း၏ခြံကိုအငှားချထားရာ

10 စပျစ် သီးပေါ်ချိန်တွင် အစေခံတစ်ယောက်ကိုလွှတ်၍ ပိုင်ရှင်၏ ဝေစုကိုသွားယူစေသည်။ ထိုသူကို ခြံငှားများကရိုက်နှက်ပြီး တစ်ခုမှမပေးဘဲ နှင်ထုတ်လိုက်လေသည်။

11 ခြံရှင်သည် နောက်အစေခံတစ်ဦးကို စေလွှတ်လိုက်ပြန်၏။ သို့ရာတွင် ခြံငှားတို့သည် ထိုသူအားရိုက်နှက်ကြပြန်၏။ သူတို့သည် ထိုသူအား ဒဏ်ရာအနာတရများစွာဖြင့် အရှက်တကွဲဖြစ် စေလျှက် မည်သည့်အရာကိုမှမပေးဘဲ မောင်းထုတ်လိုက် ကြသည်။

12 နောက်ထပ်တစ်ဖန် ခြံရှင်သည်တတိယ အစေခံအား စေလွှတ်ရာတွင်လည်း ယခင်အစေခံများ ကဲ့သို့ပင်ရိုက်ပုတ်ပြီးပြန်လွှတ်လိုက်လေသည်။

13 ပိုင်ရှင်သည် “ငါဘာလုပ်ရမလဲ၊ ဆိုတာသိပြီ ငါ့ရဲ့ အချစ်ဆုံး တစ်ဦးတည်းသောသားကို လွှတ်လိုက်မယ်။ သူတို့ ငါ့သားကိုဆိုရင် လေးစားကြမှာအမှန်ပဲ”ဟု တစ်ဦး တည်း ကိုယ့်ကိုကိုယ် ရေရွတ်ပြီးလျှင် သားအားလွှတ်လိုက် လေသည်။

14 ခြံငှားများက “ဒီသားဟာ တစ်နေ့ခြံပိုင်ရှင် ဖြစ်လာမယ်။ ငါတို့ဒီခြံကိုအပိုင်ရအောင် သူ့ကိုသတ်လိုက် ကြစို့” ဟု ဆို၍ခြံအပြင်ဘက်သို့ ဆွဲခေါ်ပြီး သတ်ပစ် လိုက်ကြသည်။

15 ဤအခြေအနေတွင် ခြံပိုင်ရှင်မည်သို့ ဆက်လုပ်မည်နည်း”ဟု ကိုယ်တော်ကပရိသတ်တို့ကို မေး လေသည်။ ထိုအဖြေကိုကိုယ်တော်ကပင် ဤသို့ပြောပြလေ သည်။

16 “ပိုင်ရှင်သည် လာ၍ခြံငှားများအား သတ်ပစ် လိမ့်မည်။ ပြီးလျှင် ခြံကိုအခြားသူတစ်ယောက်လက်ထဲသို့ ပေးအပ်လိမ့်မည်”ဟူ၍ ပြောပြလေသည်။ လူထုကြားရ သောအခါ “ဤကိစ္စသည်ဘယ်တော့မှ ဖြစ်မလာပါစေနဲ့” ဟု ပြောကြလေသည်။

17 သို့သော်ကိုယ်တော်သည် သူတို့ကိုစူးစိုက်ကြည့်၍ “ကျမ်းစာထဲတွင် တိုက်ကိုတည် ဆောက်သူတို့ လွှင့်ပစ်ထားသော ကျောက်တုံးသည် အရေး ကြီးဆုံးထောင့်ချုပ်ကျောကဖြစ်လာရ၏။

18 ဤကျောက်နဲ့ထိခိုက်မိသူတို့သည် အပိုင်းပိုင်း ကျိုးကြေသွားကြရလိမ့် မည်။” ဟုမိန့်တော်မူလေသည်။

19 နားထောင်နေသော ဘာသာရေးခေါင်းဆောင်များ၊ မောရှေကျမ်းတတ်ဆရာများ က ကိုယ်တော်သည် သူတို့အကြောင်းကို ဤပုံပြင်အားဖြင့် ဖော်ပြနေသည်ကို သိရှိသွားကြသည်။ သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြသည်။ သို့သော် လည်း လူထုကိုကြောက်လန့် နေရ၍ဖြစ်သည်။

20 ကိုယ်တော်အား ရောမဘုရင်ခံလက်ထဲသို့ ဖမ်းဆီး အပ်နှံလိုသောကြောင့် ရန်သူများက အနီးကပ်စောင့်ကြည့် နေကြသည်။ ထို့အတွက်လူအချို့ကို အမှားစောင့်ကြည့်ရန် ကိုယ်တော်ထံသို့ သူတော်ကောင်းပုံစံ ဟန်ဆောင်စေပြီးသူလျှိုအဖြစ် စေလွှတ်ထားလေသည်။

21 သူလျှိုများက ကိုယ်တော်အား “အရှင်သည် လူတို့အား ဘုရားရှင်အလိုရှိ တော်မူသောသူ ဖြစ်စေရန်အတွက် လိုက်နာရမည့်အရာ များကို အမှန်အတိုင်း ဟောပြောသွန်သင်သောသူဖြစ်ပြီး မည်သူကိုမဆို တန်းတူသဘောထား၍ ဆက်ဆံသူ ဖြစ်ပါ သည်။” ဟု လျှောက်တင်ကြပြီး။

22 ကျွန်ုပ်တို့သည် “အင်ပါယာအရှင်အား အခွန်တော်ဆက်သသင့်ပါသလား မဆက်သသင့်ဘူးလားဆိုတာ ကျွန်တော်တို့အားရှင်းပြပေး တော်မူပါ။” ဟုလျှောက်တင်ကြ၏။

23 ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကိုသိတော်မူ၍။ ကိုယ်တော်က

24 ထိုသူတို့အား “ဒင်္ဂါးကိုပြပါ”ဟုဆိုလေသည်။ “ဒင်္ဂါးပေါ်တွင် မည်သူ၏ရုပ်ပုံနှင့် မည်သူ၏ဘွဲ့နာမကို ဖော်ပြထားပါ သနည်း။”ဟုမေးလေသည်။ ထိုသူတို့က“အင်ပါယာအရှင်၏ အမည်နှင့်ရုပ်ပုံပါ”ဟုဖြေဆိုကြလေသည်။

25 ထိုအခါ ကိုယ်တော်က “အင်ပါယာအရှင်နှင့်သက်ဆိုင်သောအရာကို အင်ပါယာအရှင်အားပြန်ပေးလိုက်ပါ။ဘုရားရှင်နဲ့သက်ဆိုင်သောအရာများကိုလည်း ဘုရားရှင်အား ပြန်ပေးကြပါ။” ဟုမိန့်တော်မူလေသည်။

26 ထိုသူတို့သည် လူပရိသတ် တို့ရှေ့တွင် အမှားရှာ၍မရသောကြောင့် ကိုယ်တော့်ကို ဖမ်းဆီး၍ မရကြပေ။ သူတို့သည် ကိုယ်တော်၏ အဖြေကို ကြားကြရသောအခါ အံ့ဩမှင်သက်ပြီး တိတ်ဆိတ်သွား ကြလေသည်။

27 ဇဒ္ဒုကဲများသည် လူများသေဆုံးပြီးနောက် ရှင်ပြန်ထ မြောက်သည်ကို အယုံအကြည်မရှိကြပေ။ ထို့ကြောင့် ဇဒ္ဒုကဲအချို့က ကိုယ်တော်ထံသို့

28 ချည်းကပ်၍ “အရှင် မောရှေပညတ်ကျမ်းတွင် ဇနီးမယားရှိသောသူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးသွားလျှင် ကျန်ရစ်ခဲ့သော မုဆိုးမက သူ့ညီကိုလက်ထပ်ရ၏။ သူတို့၏ပထမဆုံး မွေးလာသောသားအား သေဆုံးသွားသူအစ်ကို၏ သား အဖြစ်သတ်မှတ်ရ၏။

29 တစ်ခါကညီအစ်ကို ခုနှစ်ယောက် ရှိရာ အကြီးဆုံးသူ အိမ်ထောင်ကျခဲ့သော်လည်း သားသမီး မထွန်းကားဘဲ ကွယ်လွန်သွားခဲ့သည်။

30 ဒုတိယအကြီး ဆုံးက ထိုအမျိုးသမီးကို လက်ထပ်သော်လည်း သားသမီး မထွန်းကားဘဲ ကွယ်လွန်သွားခဲ့ပြန်သည်။

31 တတိယ လူလည်း ထိုအတိုင်းဖြစ်ပျက်သွားသည်။ ထိုနည်းအတိုင်း ခုနှစ်ယောက်တို့သည် မုဆိုးမနှင့်အိမ်ထောင်ကျပြီး သေဆုံး သွားကြသည်။

32 နောက်ဆုံးတွင် မိန်းမကြီးကွယ်လွန် သွားသည်။

33 သူမသည်ညီအစ်ကိုခုနှစ်ယောက်စလုံးနှင့် လက်ထပ်ခဲ့သည့်အတွက် ဘုရားရှင်က သူတို့အား သေခြင်းမှ ရှင်ပြန်ထမြောက်စေသောအခါ ဤအမျိုးသမီး သည် မည်သူ၏ဇနီးမယားဖြစ်ပါသနည်း”ဟု ဇဒ္ဒုကဲတို့က မေးလျှောက်လေ၏။

34 ကိုယ်တော်က “ဤဘဝ၌ လူတို့သည် ထိမ်းမြားလက်ထပ်ခြင်းတွေရှိကြ၏။

35 သို့သော် အနာဂတ်ဘဝတွင်သေခြင်းမှ ပြန်လည်ရှင်ပြန် ထမြောက်ရန်အတွက် တိုက်တန်သောသူသည် လက်ထပ် ထိမ်းမြားခြင်းမရှိတော့သလို သေဆုံးခြင်းလည်း မရှိတော့ ပေ။

36 သူတို့တွေသည် ဘုရားရှင်၏ နတ်စေတမာန်များ ကဲ့သို့ ဘုရားရှင်၏သားသမီးများ ဖြစ်လာကြပါလိမ့်မယ်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် သေခြင်းမှပြန်လည် ထမြောက်သွားကြ၍ဖြစ်သည်။

37 မီးလျှံထွက်သည့် ချုံ ပုတ်ဇတ်လမ်းအရ မောရှေက “ဘုရားရှင်သည်အာဗြဟံ၊ ဣဇက်၊ယာကုတ်တို့၏ ဘုရားဖြစ်သည်။ဟု ရှင်းလင်းထင် ရှားစွာဖော်ပြထား၏။ ထို့ကြောင့်သေသူတို့ ရှင်ပြန်ထ မြောက်စေသည်ကို ဖော်ပြထားခြင်းပင်ဖြစ်သည်။

38 ဤဖော်ပြချက်အရ ဘုရားရှင်သည် သေသောသူတို့၏ ဘုရားရှင်မဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားသာ ဖြစ် တော်မူ၏။ ဆိုလိုသည်မှာ လူတိုင်းသည် ဘုရားရှင်၏ အလိုတော်အတိုင်းသာ အသက်ရှင်သည်” ဟု မိန့်တော် မူလေသည်။

39 အချို့သောမောရှေကျမ်းတတ်ဆရာများက “အရှင့်ရဲ့အဖြေသည် သင့်တော်ကောင်းမွန်ပါသည်”ဟု လျှောက်တင်ကြလေသည်။

40 ထိုအချိန်မှစ၍ မည်သူ တစ်ဦး တစ်ယောက်မှ ကိုယ်တော်အား မေးခွန်းမမေး လျှောက်ဝံ့ကြတော့ပေ။

41 ကိုယ်တော်“ လူတို့အား “‘မေရှိယ’သည် ဒါဝိဒ်ဘုရင်၏ သားတော်ဖြစ်လိမ့်မယ်ဟု အဘယ့်ကြောင့် ပြောနေကြ သနည်း”ဟုမေးသည်။

42 ဆာလံကျမ်းတွင် ဒါဝိဒ်ဘုရင် ကိုယ်တိုင်က

43 “ဘုရားရှင်သည် ငါ၏အရှင်မေရှိယအား မိန့်တော်မူခဲ့သည်မှာ သင်၏ ရန်သူများအား သင့်ခြေဖဝါး အောက်ရောက်သည့်အထိ တိုင်အောင် ငါ၏လက်ယာဘက် တွင်စံမြန်းနေတော်မူပါ။” ဟု ပြောခဲ့၏။

44 ဘုရင်ဒါဝိဒ် သည် မေရှိယအရှင်အား ငါ၏ အရှင်ဟုပြောခဲ့သောကြောင့် မေရှိယအရှင်ဟာ ဒါဝိဒ်ဘုရင်၏သားတော် မည်ကဲ့သို့ဖြစ် နိုင်မည်နည်း။ ဟု ကိုယ်တော်က ရှင်းပြလေသည်။

45 ကိုယ်တော်သည် လူထုပရိသတ်များနားထောင်နေစဉ် တပည့်တော်များအား မောရှေကျမ်းတတ် ဆရာတို့ကို အထူးသတိထား၍ ရှောင်ကြပါ။

46 သူတို့သည်လမ်းထွက် လျှင် ဝတ်ရုံရှည်ကြီးများကို ဝတ်၍ဝင့်ကြွားတတ်သည်။ ဈေးထဲရောက်သွားလျှင် လူတိုင်းက အလေးထားနှုတ်ခွန်း ဆက်ကြိုဆိုခြင်းကို လိုလားကြသည်။ ဓမ္မာရုံများတွင် ရှေ့ဆုံးကနေရာကိုယူကြသည်။အခမ်းအနားများတွင်လည်း အကောင်းဆုံးစားပွဲဝိုင်းမှာဝင်ထိုင်ကြသည်။

47 မုဆိုးမ များ၏အိမ်များအား အတင်းအဓမ္မသိမ်းယူကြပြီးဆုတောင်း သည့် အခါတွင်လည်း ရှည်လျားစွာ ဟန်ဆောင်ဆုတောင်း တတ်ကျသည်။ ဤပုဂ္ဂိုလ်တို့သည် ပြင်းထန်သောအပြစ် ပေးခံရမည့်သူများ ဖြစ်ကြောင်း ကိုယ်တော်ကသတိပေး မိန့်မှာတော်မူလေသည်။

This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan