Biblia Todo Logo
Bìoball air-loidhne

- Sanasan -

Luke 19 - TPV-RV (Thamma Pitakadaw)

1 ကိုယ်တော်ယေရှုသည် ယေရိခေါမြို့ကိုဖြတ်သန်းပြီး ကြွတော်မူ၏။

2 ထိုမြို့တွင် ဇက္ခဲဆိုသောလူတစ်ဦး နေထိုင် လေသည်။ သူသည် အခွန်ကောက်တာဝန်ခံတစ်ဦးဖြစ်ပြီး အလွန်ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်၏။

3 ဇက္ခဲသည် ကိုယ်တော်ယေရှု မည်သူဖြစ်သည်ကို တွေ့ချင်သဖြင့် ကြိုးစား၍ကြည့်ရှု၏။ သို့သော်သူသည် အရပ်ပုသဖြင့် လူ တို့ကွယ်လျက် ကိုယ်တော်ကိုမမြင်ရဖြစ်နေသည်။

4 ထို့ ကြောင့် ထိုလမ်းအတိုင်းပြေးသွားပြီး သဖန်းပင်တစ်ပင်သို့ တက်သွားလေသည်။

5 ကိုယ်တော်သည် ထိုနေရာသို့ ရောက်သောအခါ “ဇက္ခဲ၊ မြန်မြန်ဆင်းလာခဲ့၊ ဒီနေ့မင်း အိမ်မှာငါတည်းခိုမယ်”ဟု မိန့်တော်မူလေသည်။

6 ဇက္ခဲ သည် သစ်ပင်ပေါ်မှ အမြန်ဆင်းလာကာ ကိုယ်တော်ယေရှု အား ဝမ်းမြောက်ဝမ်းသာကြိုဆိုလေသည်။

7 ထိုအခြင်း အရာကိုမြင်သောသူတို့က “ဒီဇက္ခဲဟာ ဒုစရိုက်အပြစ်သမား တစ်ယောက်ပဲ၊ ဒါတောင်ကိုယ်တော်က သူ့အိမ်ကိုသွားပြီး သူနဲ့အတူစားသောက်ဦးမယ်”ဟူ၍ ဝေဖန်ကြလေသည်။

8 ထို့နောက် ‘ဇက္ခဲ’က မတ်တပ်ရပ်လျက် ကိုယ်တော် အား” ကျွန်ုပ်ပိုင်ဆိုင်သည်များကို မရှိဆင်းရဲသားတို့အား တစ်ဝက်ခွဲပေးပါမည်။ ပိုမိုကောက်ယူထားသော အခွန် တော်ငွေထက် လေးဆပိုသောငွေများကို ပြန်အမ်းလိုက်ပါ မည်”ဟု ကိုယ်တော်အားလျှောက်ထားတင်ပြလေသည်။

9 ကိုယ်တော်က ဇက္ခဲအား “ယနေ့မှစပြီး သင်နှင့် သင့်မိသားစုအားလုံး ကယ်တင်ခြင်းခံရပြီ၊ ဘာ့ကြောင့်လဲ ဆိုတော့ သင်သည် အာဗြဟံမျိုးရိုးက ဆင်းသက်လာသူ အမှန်ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။

10 “လူ့သားတော်”သည် ပျောက်ဆုံးသူများကို ရှာဖွေပြီး ကယ်တင်ရန်ကြွလာခြင်း ဖြစ်သည်”ဟု မိန့်တော်မူလေ သည်။

11 ကိုယ်တော်သည် ယေရုရှလင်မြို့အနီးသို့ ရောက်တော် မူလာရာ လူထုပရိသတ်တို့သည်လည်း ကိုယ်တော်၏ တရားတော်များအား နာကြားလျက်လိုက်ပါလာကြ၏။ လူ အများက မကြာမီ ဘုရားရှင်၏သာသနာတော်ပေါ်ထွန်း တော့မည်ဟု တွေးထင်နေကြ၏။

12 ထိုအခါကိုယ်တော် က ဤပုံဥပမာဖြင့် သူတို့အားသွန်သင်တော်မူလေသည်။ “အိမ်ရှေ့စံမင်းသားတစ်ပါးသည် ရှင်ဘုရင်အဖြစ် ဘိသိက် သွန်းခံယူရန် တိုင်းတစ်ပါးသို့ထွက်သွား၏။

13 သို့ရာတွင် ထိုသို့မထွက်ခွါမီ သူ၏အစေခံ ဆယ်ယောက်ကိုခေါ်၍ အဿပြာငွေများကို တစ်ဦးချင်း အပ်နှင်းပေးလေသည်။ ထို သူတို့အားလည်း “ဒီငွေကိုအသုံးပြု၍ ငါပြန်လာတဲ့ အချိန် အထိ ရင်းနှီးလုပ်ကိုင်စားသောက်ကြပါ။

14 သို့သော် ထိုတိုင်းပြည်မှ လူများသည် မင်းသားကိုမုန်းတီးကြသော ကြောင့် သံတမန်နှစ်ဦးကို နိုင်ငံရပ်ခြားသို့စေလွှတ်၍ “ဒီမင်းသားအား ကျွန်ုပ်တို့နိုင်ငံ၏ ဘုရင်အဖြစ်မလိုလားပါ” ဟူ၍ တောင်းဆိုကြသည်။

15 မင်းသားသည် ဘုရင်အဖြစ် တင်မြောက်ခံပြီးသောအခါ ပြန်လာပြီး အစေခံများကို ရှေ့ တော်မှောက်သို့ ခေါ်လိုက်သည်။ သူပေးခဲ့သောအဿပြာ ဖြင့် စီးပွားမည်မျှတက်လာသနည်း ဟု မေးလိုက်သည်။

16 ပထမအစေခံက“အရှင်မင်းမြတ်ပေးခဲ့သော အဿပြာ ကို ကျွန်တော်မျိုး ဆယ်ဆလောက်တိုးပွားအောင် ဆောင် ရွက်ထားပါတယ်”ဟု ဖြေလိုက်ရာ

17 ဘုရင်က “ကောင်း လေစွ။ မောင်မင်းသိပ်တော်တယ်။ မောင်မင်းက ပမာဏ အနည်းငယ်လောက်နဲ့တောင် ယုံကြည်ရတယ်။ မြို့ဆယ် မြို့ကိုအပိုင်စားစေ”ဟု မိန့်လိုက်သည်။

18 ဒုတိယတစ် ယောက်ကတော့ “အရှင်မင်းကြီးပေးခဲ့တဲ့အဿပြာနဲ့ ငါးဆ လောက် တိုးပွားအောင်ဆောင်ရွက်ထားပါတယ်” ဟု လျှောက်တင်လိုက်ရာ

19 ဘုရင်က ‘မြို့ငါးမြို့ကို အပိုင် စားစေ” ဟုမိန့်လိုက်သည်။

20 အခြားတစ်ယောက်က “အရှင်မင်းကြီးရဲ့အဿပြာဒီမှာပါ။ ကျွန်တော်မျိုးလက်ကိုင် ပဝါနဲ့ထုပ်ပြီးသိမ်းထားပါတယ်။

21 အရှင်မင်းကြီးသည် “အရှင် ပိုင်ဆိုင်သောဥစ္စာမဟုတ်ဘဲ သိမ်းယူတတ်၏၊ အရှင် စိုက်ပျိုးခြင်းမရှိသည့် ကောက်ပဲသီးနှံများအား ရိတ်သိမ်း တတ်သော ရက်စက်တဲ့သူဖြစ်သည့်အတွက် အရှင်အား ကျွန်တော်မျိုးကြောက်ပါသည်။ဟု

22 “မောင်မင်းဟာ အသုံးမဝင်တဲ့ ကျွန်တစ်ဦးဘဲ၊ မောင်မင်းပြောလိုက်တဲ့ စကားတွေအတွက် ပြစ်ဒဏ်ခံရမယ်။ ငါဟာရက်စက်တဲ့ သူဆိုတာမောင်မင်းသိတယ်။ ငါ့ပစ္စည်းမဟုတ်ဘဲ ငါယူ တယ်။ ငါမစိုက်ပျိုးဘဲ ရိတ်သိမ်းယူတယ်။

23 ငါ့အဿပြာ ကို ဘာကြောင့် ဘဏ်ထဲမထည့်ထားရတာလဲ။ ငါပြန် လာရင် ဘဏ်တိုးလေးတော့ရသေးတာပေါ့”ဟု ပြောလိုက် သည်။

24 ထို့နောက်ဘုရင်သည် အခြားအစေခံများကို ခေါ်ပြီး “သူ့ဆီကပိုက်ဆံကိုယူလိုက်ပါ ဆယ်ဆပွားအောင် လုပ်နိုင်တဲ့သူကိုပေးလိုက်ပါ” ဟုအမိန့်ပေးလိုက်သည်။

25 သို့သော်သူတို့က “အရှင်မင်းကြီး ငွေဆယ်ဆတိုးပွါး အောင်ဆောင်ရွက်ခဲ့တဲ့ သူဆီပေးပြီးပါပြီ”ဟု လျှောက်တင် ကြသည်။

26 ဘုရင်ကလည်း “ရှိတဲ့သူကိုပိုပေးမယ် ဘာမှ မရှိတဲ့သူဆီက ရှိတာတွေအကုန်ယူလိုက်မယ်။

27 ယခု ချက်ချင်း ငါ့ကို ဘုရင်အဖြစ် မလိုလားအပ်တဲ့သူတွေကို ငါ့ရှေ့တော်မှောက်ခေါ်လာကြ။ ငါ့အရှေ့မှာပဲ သူတို့ကို သတ်လိုက်”ဟု အမိန့်ပေးလိုက်သည်။

28 ကိုယ်တော်သည်ဟောပြော၍ပြီးသောအခါယေရုရှလင် သို့ကြွတော်မူသည်။

29 သံလွင်တောင်အနီး ဗက်ဖာဂေနှင့် ဗေသနိမြို့သို့ ရောက်သောအခါရှေ့ပြေးအဖြစ်တပည့်တော် နှစ်ယောက်ကို ကြိုတင်စေလွှတ်လိုက်သည်။

30 ကိုယ် တော်က သူတို့ကို “ရှေးကရွာကိုသွားလိုက်ပါ၊ အဲဒီမှာတစ်ခါ မှ မစီးရသေးတဲ့မြည်းငယ်တစ်ကောင်ကို တွေ့ရလိမ့်မယ်။ ကြိုးဖြုတ်ပြီးမြည်းကိုယူခဲ့ပါ။

31 တစ်ယောက်ယောက်က မေးရင်ကိုယ်တော်ကလိုအပ်လို့ ယူသွားတယ်လို့ပြောခဲ့ပါ။” ဟု မှာကြားလိုက်သည်။

32 တပည့်တော်တို့သည် ထိုအ တိုင်းဆောင်ရွက်လေသည်။

33 သူတို့သည် မြည်းကို ကြိုးဖြုတ်နေချိန်တွင် ပိုင်ရှင်က “ဒါဘာလုပ်တာလဲ”ဟု မေး သည်။

34 သူတို့က “ကိုယ်တော်လိုအပ်နေတယ်”ဟု ရှင်း ပြလိုက်သည်။

35 သူတို့မြည်းကို ကိုယ်တော့်ထံသို့ ယူဆောင်လာခဲ့သည်။ မြည်း၏ကျောကုန်းပေါ်တွင် အဝတ် ခင်းပေးပြီး ကိုယ်တော့်ကို မြည်းပေါ်တင်ပေးလိုက်သည်။

36 ထိုမြည်းငယ်ကိုစီး၍ ယေရုရှလင်သို့သွားရာလမ်းတွင် လူထုပရိသတ်များစွာတို့သည် ကိုယ်တော့်ရှေ့တွင် အဝတ် များခင်းထားပေးကြသည်။

37 ကိုယ်တော်ယေရှုသံလွင် တောင်ပေါ်မှ အဆင်းတွင် ပရိသတ်ကြီးသည် ပျော်ရွှင်စွာ ဖြင့် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းကြသည်။ အဘယ့် ကြောင့်ဆိုသော် အံ့ဩဖွယ်ရာအလုံးစုံကို မြင်လိုက်ရသော ကြောင့်ဖြစ်သည်။

38 “ဘုရားရှင်၏ ဘွဲ့နာမတော်နှင့် ကြွရောက်လာသောဘုရင်သည် မင်္ဂလာရှိပါ၏။နိဗ္ဗာန်ရွှေမြို့ တော်၌ငြိမ်းချမ်းပါစေ။ဘုရားရှင်၏ဘုန်းတန်ခိုးတော်ထွန်းလင်းပါစေ။”ဟု အော်ဟစ်ကြွေးကြော်ကြလေသည်။

39 လူအုပ်ထဲက ဖာရိရှဲအချို့သည် ကိုယ်တော်အား “အရှင် လူအုပ်များအော်ဟစ်နေတာတွေကို ရပ်စေတော်မူပါ”ဟု ပြောလိုက်လေသည်။

40 ကိုယ်တော်က “သူတို့တွေရဲ့ ကြွေးကြော်သံတွေကို ရပ်စေလိုက်လျှင် ဒီကျောက်တုံး တွေက ကြွေးကြော်ကြလိမ့်မယ်”ဟု ပြောလိုက်သည်။

41 ယေရုရှလင်မြို့ကို မြင်ရသောအခါ ကိုယ်တော်သည် မျက်ရည်ကျတော်မူ၏။ “ဘယ်အရာကငြိမ်းချမ်းရေးကိုယူ ဆောင်လာတယ်ဆိုတာ သင်တို့မသိကြခြင်းသည် အလွန် ဆိုးဝါးလွန်း၏။

42 ယခုအချိန်တွင်ထိုအရာကို သင်တို့မသိ အောင် ဖုန်းဝှက်ထားသေး၏။

43 ယေရုရှလင် သင်၏ ရန်သူများသည် သင့်အားတိုက်ခိုက်ရန်အတွက် မြို့ရိုးပတ် လည်တွင် ဝိုင်းရံထားကြမည့်အချိန် ကြုံလာရလိမ့်မည်။ ရန်သူတပ်များသည် သင်တို့ကိုနေရာအနှံဝိုင်းရံထားကြလိမ့် မည်။

44 သင့်အားမြေကြီးတွင် ပြားပြားမှောက်စေလျှက် သင့်မြို့သားများကို ဖျက်စီးသုတ်သင်ခံရလိမ့်မည်။ မြို့ အဆောက်အဦးရှိ ကျောက်တုံးများသည်လည်း တစ်တုံး ပေါ်တစ်တုံးဆင့်၍တောင် ကျန်ခဲ့လိမ့်မည်မဟုတ်။ အဘယ့် ကြောင့်ဆိုသော် ဘုရားရှင်သည် သင်တို့ကိုလာ၍ ကယ် တင်သည်ကို မတွေ့မြင်ကြသောကြောင့်ဖြစ်သည်။” ဟု မိန့် တော်မူခဲ့လေသည်။

45 ကိုယ်တော် ယေရှုဗိမာန်တော်ကျောင်းထဲသို့ဝင်ရောက် သွားသောအခါ ဗိမာန်တော်ဝင်းအတွင်း ဈေးရောင်းနေကြ သောဈေးသည်များကို မောင်းထုတ်ပစ်လေသည်။

46 ကိုယ်တော်က“ကျမ်းစာတွင် ငါ၏အိမ်တော်သည် လူတို့ကိုး ကွယ်ဝတ်ပြုနေတဲ့ နေရာဖြစ်ရမည်။ သို့သော်ဗိမာန်တော် သည်သူခိုးဓါးပြများ ပုန်းခိုရာနေရာဖြစ်နေသည်”ဟု ပြော လိုက်သည်။

47 ကိုယ်တော်သည်ရက်အတန်ကြာ နေ့စဉ် တရားတော်များဟောကြားခဲ့သည်။ထို့ကြောင့် ပရောဟိတ် များ၊ မောရှေကျမ်းတတ်ဆရာများနှင့် အခြားအရေးပါအရာ ရောက်သူ ယုဒခေါင်းဆောင်များက ကိုယ်တော်ကို သတ် ပစ်ရန် ကြိုးပမ်းနေခဲ့ကြသည်။

48 လူတို့သည် ကိုယ်တော် ယေရှု၏ တရားတော်များကို နာကြားရန် ဆန္ဒပြင်းပြ နေကြသောကြောင့် ကိုယ်တော့်အားလုပ်ကြံ သတ်ဖြတ် ရန်နည်းလမ်းကို ကြံစည်၍မရနိုင်ဖြစ်နေသည်။

This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan