Biblia Todo Logo
Bìoball air-loidhne

- Sanasan -

Luke 17 - TPV-RV (Thamma Pitakadaw)

1 ကိုယ်တော်သည် တပည့်တော်တို့အား ဤသို့မိန့်တော် မူလေသည်။ လူတွေကို အကုသိုလ်ဒုစရိုက်မှုကျူးလွန်စေ ရန် စေ့ဆော်သူနှင့် စေ့ဆော်သောအကြောင်းတရားသည် အမြဲရှိနေသည်။ ထိုသို့ အကုသိုလ်ဒုစရိုက်မှုကျူးလွန်စေရန် စေ့ဆော်သည့်သူသည် ဒုက္ခနှင့်ရင်ဆိုင်ရမည်။

2 ဒုစရိုက် ကျူးလွန်စေရန် သွေးဆောင်ဖြားယောင်းမည့်အစား မိမိ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ကျောက်တုံးဆွဲ၍ သမုဒ္ဒရာ ထဲခုန်ချခြင်းက ထိုသူ့အဖို့ ပို၍သက်သာပါသည်။

3 တပည့်တော်တို့သည် မည်သည့်အပြစ်ကိုမဆို မလုပ်မိပါစေ နှင့် မိမိအပေါ်မှာ ကျူးလွန်သူကတောင်းပန်လျှင်လည်း ခွင့်လွှတ်ပေးရမည်။

4 တစ်ဦးဦးက မိမိအပေါ်မှာ တစ်ရက် တည်း အပြစ်ခုနှစ်ကြိမ်ကျူးလွန်ပါစေ ထပ်မံတောင်းပန် လျှင် ခွင့်လွှတ်ပါ” ဟု မိန်တော်မူ၏။

5 တပည့်တော်တို့ က “ကျွန်ုပ်တို့၏ ယုံကြည်ချက်ကိုပို၍ခိုင်မြဲစေတော်မူပါ” ဟု ပြောသောအခါ

6 ခရစ်တော်က "ယုံကြည်ချက် မုန်ညှင်းစေလောက်ရှိ သူက ညောင်ပင်ကြီးကို အမြစ်ပါ မကျန်နုတ်ယူပြီး သမုဒ္ဒရာထဲမှာ ပြန်စိုက်လိုက်ပါလို့ ညောင်ပင်ကိုအမိန့်ပေးလျှင် ညောင်ပင်ဟာ ဒီအတိုင်းလိုက် နာပါလိမ့်မယ်” ဟု ကိုယ်တော်က ရှင်းပြလေသည်။

7 သင်တို့သည် အစေခံများအား လယ်ထွန်ရာ သို့မဟုတ် သိုးကျောင်းရာမှ ပြန်ရောက်သည့်အခါ ထိုသူတို့ကို အိမ်ထဲဝင်ပါ၊ တစ်စုံတစ်ခုစားပါ၊ သောက်ပါဟု ပြောမည်မဟုတ်

8 ထိုသို့ပြောမည့်အစား စားသောက်ဖွယ်ရာ များကို အသင့်ပြင်ဆင်စေပါ။ ငါ့အားခူးခပ်ကျွေးပြီး စားသောက်၍ အားလုံးပြီးစီးသောအခါမှ သင်တို့ စား သောက်ပါဟု ပြောကြလိမ့်မည်။

9 အစေခံများက သခင် တို့အပေါ် ယခုကဲ့သို့ အလုပ်အကျွေးပြုသော်လည်း အစေခံ များဘက်က သူတို့၏တာဝန်နှင့်ဝတ္တရား သာဖြစ်၍ သူတို့ ကို အထူးကျေးဇူးတင်ခြင်း ပြုလုပ်မည်မဟုတ်။

10 သင်တို့သည် လူအများတို့အတွက် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင်လည်း ထို့အတူဖြစ်ကြောင်း သိစေအပ် သည်။ ဤသို့ ကိုယ်တော်က မိန့်ကြားတော်မူလေသည်။

11 ဂါလိလဲနှင့် ရှမာရိနယ်စပ်ကိုဖြတ်၍ ယေရုရှလင်မြို့ သို့သွားရာလမ်းခရီးတွင်

12 အနာကြီးရောဂါသည် ဆယ် ယောက်တို့သည် ခရစ်တော်ထံသို့ လာနေကြသည်။ ကိုယ်တော်ယေရှု၏ ရှေ့မလှမ်းမကမ်းတွင် မတ်တပ်ရပ် လျှက်

13 “ကိုယ်တော်ယေရှု၊ အရှင် ကျွန်ုပ်တို့ကို သနား ငဲ့ညှာပေးပါ” ဟု အော်ဟစ် တောင်းပန်ကြလေသည်။

14 ကိုယ်တော်က သူတို့ကိုကြည့်လိုက်ပြီး မိန့်ကြားရာတွင် “သင်တို့ရဲ့ ဘာသာရေးခေါင်းဆောင်များကို သွား၍ပြလိုက် ပါ” ဟု ပြန်ပြောလိုက်သည်။ လမ်းခရီးတွင် ရောဂါသည် များ ပကတိအတိုင်း ပျောက်ကင်းနေကြာင်း တွေ့ရလေ သည်။

15 ရောဂါပျောက်ကင်းသူများထဲက တစ်ဦးကပြန် လာပြီး ဘုရားဂုဏ်တော်ကို အော်ဟစ်ချီးကျူးလေသည်။

16 ထိုသူသည် ခရစ်တော်၏ ခြေရင်းတွင်ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်းပြောဆိုလေသည်။ ထိုသူသည် ရှမာရီ လူမျိုးဖြစ်ပါသည်။

17 (ကိုယ်တော်က “ဆယ်ယောက် စလုံး ပျောက်မသွားဘူးလား။ ကျန်တဲ့ကိုးယောက်ဘယ် မှာလဲ။

18 ဘုရားရှင်၏ဘုန်းတော်ကို ချီးမွှမ်းရန်အတွက် ဤလူမှအပ ကျန်သောလူတစ်ယောက်မှမရှိဘူးလား” ဟု မေးတော်မူ၏။

19 ထို့နောက်တွင် ထိုသူအား “သင်ထ၍ သွားပါ၊ သင့်ယုံကြည်ခြင်းသည် သင့်ရောဂါကို ပျောက်ကင်း စေပြီ” ဟု မိန့်တော်မူလေသည်။

20 ဖာရိရှဲအချို့က ကိုယ်တော်ယေရှုအား ဘုရားသာသနာ တော် ထွန်းကားလာမည့်နေ့ကိုမေးသောအခါ ကိုယ်တော် က “ဘုရားသာသနာတော်ဆိုသည်မှာ သင်တို့မြင်နိုင်သော အရာမဟုတ်ပါ။

21 သာသနာတော်သည် ဤနေရာမှာ၊ ထို နေရာမှာဟု ဆိုပြီးပြော၍မရ။ အမှန်စင်စစ် သာသနာတော် သည် သင်တို့နှင့်အတူရှိနေ၏။

22 ‘လူ့သားတော်’ကို စောင့် ဆိုင်းရသောအချိန်တစ်ချိန်ရောက်လာလိမ့်မယ်။ သို့သော် သင်တို့တွေ့မြင်နိုင်မှာမဟုတ်။

23 “လူ့သားတော်”၊ ဤ အရပ်မှာထိုအရပ်မှာ ဟု လူအများကသင်တို့အားပြောသော အခါ သင်တို့လိုက်၍ မရှာပါနှင့်

24 “လူ့သားတော်”ပြန်ကြွ လာသောနေ့တွင် လျှပ်စီးလက်သောအခါ ကောင်းကင် ပြင်ကြီးတစ်ခုလုံး လင်းလက်နေသကဲ့သို့ ဖြစ်နေလိမ့်မည်။

25 သို့ရာတွင် ‘လူ့သားတော်’သည်လူတို့၏ ပစ်ပယ်ခြင်း ကိုလည်းကောင်း ပြင်းစွာသောဒုက္ခဝေဒနာကို လည်း ကောင်း ခံစားရလိမ့်မည်။

26 ‘လူ့သားတော်’ကြွလာသော အခါတွင် ‘နောဧ’လက်ထက်မှာကဲ့သို့ ဖြစ်ပျက်လိမ့်မည်။

27 ‘နောဧ’၏ သင်္ဘောပေါ်သို့ ရောက်ရှိနေသောလူများ သည် စားသောက်ပြီး မင်္ဂလာပွဲ ကျင်းပလျှက်ရှိကြ၏။ နောက်ဆုံးတွင် ရေလွှမ်းမိုး၍ ကမ္ဘာပေါ်ရှိအရာတွေအား လုံး နစ်မြှုပ်ပျောက်ကွယ်ရတော့သည်။

28 ထိုနည်းတူ “လောတ” လက်ထက်တွင်လည်း လူတို့သည် စိုက်ပျိုး၊ တည်ဆောက်၍ စားသောက်ရောင်းဝယ်လျှက် နေကြ၏။

29 သောဒုံမြို့မှ “လောတ” ထွက်ခွာသွားသည့်အချိန်တွင် မိုးကောင်းကင်မှ မီးမိုးရွာ၍ လူအားလုံးသေကျေပျက်စီး ကြရ၏။

30 ထိုအဖြစ်အပျက်များနည်းတူ “လူ့သားတော်” ပေါ်ထွန်းသောနေ့၌လည်း ဤကဲ့သို့ပင်ဖြစ်ပျက်လိမ့်မည်။

31 ၎င်းအချိန်တွင် အိမ်ခေါင်မိုးပေါ်တွင်ရှိနေသော လူများ သည် မိမိအိမ်ထဲတွင်ရှိသော တစ်စုံတစ်ခုအား သွား၍မယူ ပါနှင့်။ လယ်ကွင်းတွင်ရောက်နေသော လူများသည်လည်း အိမ်သို့မပြန်ပါနှင့်။

32 “လောတ” ရဲ့ဇနီးကို သတိရကြပါ။

33 ကိုယ့်အသက်ကိုကယ်ရန်ကြိုးစားကြသူတိုင်း အသက် ဆုံးရှုံးကြလိမ့်မည်။ မိမိအသက်ကို အဆုံးရှုံးခံသူတိုင်း အသက်ကိုကယ်တင်ခြင်းခံရမည်။

34 ထိုညမှာပင် အိပ်ရာ တစ်ခုထဲတွင် အတူအိပ်နေသော လူနှစ်ယောက်ထဲက တစ်ယောက်ကို ခေါ်သွားပြီးတစ်ယောက်ကို ထားခဲ့မည်။

35 စပါးထောင်းနေသော အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကို ခေါ်ဆောင်သွားပြီး တစ်ယောက်ကို ထားခဲ့မည်။

36 လယ်ထဲတွင် ရှိသူနှစ်ယောက်အနက် တစ်ယောက်ကိုခေါ်ဆောင်၍ နောက်တစ်ယောက်ကို ထား ခဲ့လိမ့်မည်” ဟု မိန့်တော်မူလေသည်။

37 တပည့်တော် တို့က“အရှင်၊ ဤအဖြစ်အပျက်များသည် မည်သည့်အရပ် တွင် ဖြစ်ပျက်ပါမည်နည်း။” ဟု မေးလျှောက်ကြ၏။ ကိုယ်တော်က “အပုပ်ကောင်ရှိရာအရပ်ကို ‘လင်းတ’များ စုရုံးရောက်လာကြလိမ့်မည်” ဟု မိန့်တော်မူလေသည်။

This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan