Biblia Todo Logo
Bìoball air-loidhne

- Sanasan -

Luke 14 - TPV-RV (Thamma Pitakadaw)

1 ဥပုသ်နေ့တစ်ရက်တွင် ကိုယ်တော်ယေရှုသည် အရေး ပါသောဖာရိရှဲတစ်ဦး၏နေအိမ်တွင် ညနေစာသုံးဆောင် လေ၏။ လူအားလုံးတို့သည် ကိုယ်တော်ယေရှုအား သတိ ထား၍ စောင့်ကြည့်နေကြသည်။

2 ရုတ်တရက်လူအား လုံးထဲမှ ခြေထောက်ဖောရောင်နေသောလူတစ်ယောက် သည် ကိုယ်တော်ယေရှုရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

3 ဖာရိရှဲတို့နှင့် မောရှေကျမ်းတတ်ပညာရှင်တို့အား ကိုယ် တော်က “ဥပုသ်နေ့မှာဆေးကုသပေးတာဟာ မှန်သလား” ဟုမေးလေ၏။

4 သို့သော် ထိုသူတို့သည် တစ်စုံတစ်ရာ ပြန်မပြောကြပေ။ ကိုယ်တော်ကထိုလူနာအားကိုင်လိုက်ပြီး ရောဂါကုသပေးလိုက်ရာ ထိုလူနာရောဂါ ပျောက်ကင်းပြီး ထွက်ခွာသွားလေ၏။

5 ထို့နောက် ကိုယ်တော်ယေရှုက ထိုပရိသတ်တို့အား “သင်တို့၏သားဖြစ်စေ၊ နွားဖြစ်စေ ရေတွင်းထဲသို့ ပြုတ်ကျသွားလျှင် ဉပုသ်နေ့ပင်ဖြစ်ပါစေ ချက်ချင်းပင်ဆွဲတင်ကြတယ်မဟုတ်လား” ဟုမေးလိုက်၏။

6 သို့သော် ထိုလူတို့သည် တစ်စုံတစ်ရာပြန်မပြောကြပေ။

7 ဧည့်ခံပွဲတစ်ခုတွင် ဧည့်သည်တို့သည် အကောင်းဆုံး သောနေရာကိုရရန် ကြိုးစားနေကြသည်ကို မြင်တွေ့ရလေ ၏။ ထို့ကြောင့် ကိုယ်တော်က သူတို့အား

8 သင်တို့သည် မင်္ဂလာဆောင်ပွဲတစ်ခုသို့ သွားသောအခါ အကောင်းဆုံး နေရာအား သွားမထိုင်ပါနှင့်။ အကယ်၍ သင့်ထက်အရေး ပါသောသူတစ်ဦးကို ဖိတ်ခေါ်ထား၍

9 ထိုသူရောက်လာ လျှင် “မင်းနေရာကိုဒီလူအတွက် ဖယ်ပေးလိုက်ပါ” ဟု အပြောခံရ၍ သင်သည်အရှက်ရပြီး အဆိုးဆုံးနေရာတွင် သွားထိုင်ရလိမ့်မည်။

10 သင်တို့သည် မင်္ဂလာဆောင်ပွဲသို့ သွား၍ အဆိုးဆုံးနေရာတွင်ဝင်ထိုင်လျှင် သင့်အားဖိတ် ကြားထားသောသူတစ်ဦးက တွေ့လျှင်လာ၍ “လာ သူငယ်ချင်း၊ ဒီထက်ကောင်းတဲ့နေရာမှာ ထိုင်ပါဟု ခေါ် သဖြင့် အခြားသောဧည့်သည်များရှေ့တွင် ဂုဏ်ယူစရာ ဖြစ်လိမ့်မည်။

11 မိမိကိုယ်ကို ချီးမြှောက်သူသည် နှိမ်ချ ခြင်းခံရပြီး မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်း ခံရ လိမ့်မည်”ဟုမိန့်တော်မူလေသည်။

12 ထို့နောက် ကိုယ် တော် က အိမ်ရှင်အား “သင်သည် ညနေစာစားပွဲသောက်ပွဲ ကျင်းပလျှင် သင့်မိတ်ဆွေများ၊ မိသားစုဝင်များ၊ ဆွေမျိုး များနှင့်၊ ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်ခေါ်ပါနှင့်။ သင်ဤ သို့ပြုလုပ်လျှင် ထိုသူတို့သည် သင့်ကိုတဖန် ပြန်ဖိတ်ခေါ်ပြီး ကျွေးမွေးပြုစုကြလိမ့်မယ်။

13 သင်၏ ဧည့်ခံပွဲတွင် ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ လေဖြတ် သူများ၊ မျက်မမြင်များကိုဖိတ်ခေါ်ပါ။

14 သူတို့မှာတော့ ပြန်ပေးစရာ မရှိကြပါ။ သို့သော်သင်တို့သေခြင်းမှပြန်လည် ထမြောက်သောအခါ ဘုရားရှင်က သင်တို့အားကောင်းကြီး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေပါလိမ့်မည်” ဟု သွန်သင် တော်မူလေသည်။

15 ကိုယ်တော်ယေရှုထိုသို့မိန့်တော်မူပြီးနောက်ဧည့်သည် တော်များထဲမှ တစ်ဦးက “ဘုရားရှင်၏ သာသနာ့ဗိမာန် တွင် အကြီးကျယ်ဆုံးဧည့်ခံပွဲတော်ကြီးကိုကျင်းပသည့်အခါ ကောင်းကြီးမင်္ဂလာအဖြာဖြာကို ခံစားရလိမ့်မည်” ဟု ပြော လေ၏။

16 ကိုယ်တော်က ထိုသူအား “လူ တစ်ယောက် သည် ဧည့်ခံကျွေးမွေးပွဲကျင်းပရန် ဧည့်သည် အမြောက် အများကိုဖိတ်ကြား၏။

17 ဧည့်ခံပွဲအချိန် ကျရောက်သော အခါ မိမိဖိတ်ခေါ်ထားသည့် သူများထံသို့ အစေခံတစ်ဦးကို စေလွှတ်၍ “အားလုံးအသင့်ဖြစ်နေပါပြီ၊ ကျေးဇူးပြုပြီး ကြွကြပါ” ဟု ဖိတ်ခေါ်လေ၏။

18 ဧည့်သည်တို့သည် တစ်ယောက်ပြီးတစ်ယောက် အကြောင်းအမျိုးမျိုးပြပြီး တောင်းပန်ကြ၏။ ပထမတစ်ယောက်က “ငါ လယ်တစ် ကွက်ဝယ်ထားတာသွားကြည့်ရမယ်၊ ငါ့ကိုကျေးဇူးပြု၍ ခွင့်ပြုပါ” ဟုပြော၏။

19 နောက်တစ်ယောက်က “ငါ နွား ငါးရှည်းဝယ်ထားလို့ သွားကြည့်ရမယ်၊ ကျေးဇူးပြုပြီး ခွင့်ပြုပါ” ဟု ပြောလေ၏။

20 နောက်ထပ်တစ်ယောက် ကလည်း “ငါခုပဲ အိမ်ထောင်ကျလို့ မလာနိုင်ဘူး” ဟု ငြင်းပြန်၏။

21 ထိုအစေခံလည်း ထိုအဖြစ်အပျက်တို့ကို သူ့သခင်အားပြောပြရာ ထိုသခင်လည်းအလွန်စိတ်ဆိုးပြီး “မြန်မြန်သွား၊ မြို့ထဲမှာရှိတဲ့ လမ်းကြိုလမ်းကြားက ဆင်းရဲသားတွေ၊ ကိုယ်လက် အင်္ဂါမသန်စွမ်းသူတွေ၊ မျက်မမြင်တွေအားလုံးခေါ်လာခဲ့” ဟု စေခိုင်းလိုက်လေ သည်။

22 ထိုအစေခံပြန်ရောက် လာသောအခါ “အရှင်ခိုင်း သည့်အတိုင်းလုပ်ပြီးပါပြီ၊ ဒါပေမဲ့ ဒီနေရာမှာ လူအများကြီး အတွက် နေရာလွတ်တွေရှိနေပါ သေးတယ်” ဟု ပြောလေ ၏။

23 သူ့သခင်က ထိုသူအား “နောက်ဖေးလမ်းကြားနဲ့ ခြံစည်းရိုးအပြင်မှာရှိတဲ့ လူအားလုံး အထဲဝင်ခိုင်းလိုက်ပါ။ ဒါမှ ငါ့ရဲ့အိမ်မှာ လူအပြည့်ဖြစ်သွားမယ်။

24 ငါပထမဖိတ် ထားတဲ့လူတွေ ရောက်လာလျှင် ငါကျွေးတဲ့အစားအ သောက်တွေ တစ်လုတ်တောင်မကျွေးနဲ့” ဟု မှာထား လိုက်လေသည်။

25 ကိုယ်တော်သည် လူထုပရိသတ်ကြီးနှင့်အတူ ခရီး လမ်းတစ်ခုကို လျှောက်လှမ်းနေစဉ် သူတို့ဖက်သို့လှည့် ကြည့်ပြီး

26 “သင်တို့ဟာ သင့်မိဘ၊ သား၊ မယား၊ ညီ အစ်ကိုမောင်နှမတွေထက်ငါ့အားပို၍မေတ္တာမထားနိုင်လျှင် ငါ၏တပည့်တော်မဖြစ်ထိုက်။ ထိုထက်မက သင့်အသက် ထက်ပို၍ ငါ့အားမေတ္တာမထားနိုင်လျှင်လည်း ငါ၏တပည့် တော်မဖြစ်ထိုက်။

27 သင်တို့၏လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါနှင့်အတူမလိုက်နိုင်လျှင်လည်း ငါ့၏တပည့်တော် မဖြစ်ထိုက်။

28 သင်တို့မျှော်စင်တစ်ခုကိုတည်ဆောက် မည်ဆိုပါစို့။ သင်တို့ပထမဆုံးဘာလုပ်ကြမှာလဲ။ မျှော်စင် ပြီးအောင်တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်အလုံ အလောက်ရှိမရှိကိုသိရန် ဦးစွာထိုင်၍ မတွက်ချက်ဘဲ နေမည်မဟုတ်။

29 ထိုသို့မတွက်ချက်ဘဲ မျှော်စင်ကိုစတင် တည်ဆောက်လျှင် ပြီးစီးအောင်မတည်ဆောက်နိုင်ဖြစ်လိမ့် မည်။ ထိုအဖြစ်အပျက်ကိုမြင်လျှင် လူတိုင်းသင့်အား လှောင်ပြောင်ရယ်မောကြလိမ့်မည်။

30 ထိုသူတို့က သင့်အား “ဒီလူဟာအစပြုတည်ဆောက်နိုင်ပေမဲ့ အလုပ် တစ်ခုကိုပြီးဆုံးအောင်မလုပ်နိုင်ပါ” ဟု ကဲ့ရဲ့စကားဆိုကြ လိမ့်မယ်။

31 ဘုရင်တစ်ဦးတွင် စစ်သည်အင်အား တစ် သောင်း ရှိပြီး စစ်သည်အင်အားနှစ်သောင်းရှိသော ဘုရင်က တိုက်ခိုက်လာလျှင်ဘာလုပ်ရမည်နည်း။ တိုက်ပွဲမဖြစ်မီ ပထမဆုံးနိုင်မည့်နည်းလမ်းကို အစည်းအဝေးထိုင်ဆုံးဖြတ် ရလိမ့်မည်။

32 အကယ်၍ နိုင်အောင်မတိုက်နိုင်သည်ကို စဉ်းစားမိလျှင် ထိုဘုရင်သည် သူ၏သံတမန်တို့အား အခြား ဘုရင်ထံသို့စေလွှတ်ပြီး စစ်ပြေငြိမ်းချမ်းရေးစကား ကမ်း လှမ်း ရမည်။

33 ထိုနည်းတူ သင်တို့၏ပိုင်ဆိုင်သမျှ တို့ကို မစွန့်လွှတ်နိုင်လျှင် ငါ၏တပည့်တော်မဖြစ်ထိုက်” ဟု မိန့်တော်မူလေသည်။

34 ဆားသည်ကောင်းမွန်၏။ သို့သော် အငံဓါတ် ပျောက်ဆုံးသွားလျှင် ထိုဆားကိုတဖန်ငံအောင် မည်သို့ လုပ်ရမည်နည်း။

35 ထိုဆားသည် မြေဩဇာအတွက် လည်း အသုံးမဝင်တော့ပေ။ ထို့ကြောင့် ထိုဆားကို လူတို့ လွှင့်ပစ်လိုက်ကြမည်။ နားရှိသောသူများ အာရုံစိုက်နား ထောင်ကြပါ။

This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan