Biblia Todo Logo
Bìoball air-loidhne

- Sanasan -

Luke 13 - TPV-RV (Thamma Pitakadaw)

1 ထိုအချိန်၌ ပိလတ်ဘုရင်ခံသည် ယဇ်ပူဇော်နေသော ဂါလိလဲမှလူတစ်ချို့အား အသေသတ်ရန် အမိန့်ပေးလိုက် ကြောင်းကို ကိုယ်တော်ယေရှုကြားသိရလေသည်။

2 ထိုအခါ ကိုယ်တော်က “ထိုလူတို့သည် ဂါလိလဲတွင်ရှိသော အခြားသူများထက် ပို၍ အပြစ်ကြီးမားသောကြောင့် ဤသို့ ဖြစ်ပျက်ရသည်ဟု သင်တို့ထင်ပါသလား”

3 လုံးဝမဟုတ် ပါ၊ သို့ရာတွင် သင်တို့နောင်တမရလျှင် သင်တို့အားလုံး ပျက်စီးကြရမည်မှာ အသေအချာပင် ဖြစ်သည်။

4 ရှိလောင် မျှော်စင်ပြိုကျချိန်တွင် လူတစ်ဆယ့်ရှစ်ဦးအပေါ် ပိမိခံရ သောကြောင့် ထိုသူတို့သည် အခြားသော ယေရုရှလင်မြို့သူ မြို့သားများထက်ပို၍ အပြစ်ကျူးလွန်သူများဖြစ်သည် ဟု သင်တို့ ထင်မှတ်ကြပါသလား။

5 လုံးဝမဟုတ်ပါ၊ သို့သော် သင်တို့သည် နောင်တမရလျှင် ထိုသူတို့နည်းတူ သေကြေပျက်စီးကြရ ပါလိမ့်မည်” ဟု မိန့်တော်မူလိုက် လေသည်။

6 ကိုယ်တော်သည် တပည့်တော်တို့အား ဤပုံပြင်ကို ပြောပြလေသည်။ “လူတစ်ယောက်၏စပျစ်ခြံတွင် သဖန်း ပင်တစ်ပင်ရှိ၏။ တစ်နေ့သောအခါသူသည်သဖန်းသီးခူးရန် သွားလေသည်။ သို့သော် မည်သည့်သဖန်းသီးကိုမျှမတွေ့ရ။

7 ထို့ကြောင့် သူကဉယျာဉ်မှူးအား “ကျွန်ုပ်သည် ဤ သဖန်းပင်မှ သဖန်းသီးလာရှာတာ သုံးနှစ်တိုင်တိုင်ရှိခဲ့ပြီ ဖြစ်သည်။ ယနေ့အထိ ဒီအပင်သည် အသီးမသီးသေး၊ ဒီသဖန်းပင်ကို ခုတ်ပစ်လိုက်တော့၊ အဘယ်ကြောင့် မြေနေရာယူထားခိုင်းသနည်း” ဟု ပြောလေ၏။

8 ဉယျာဉ်မှူးကလည်း“ထိုအပင်အား နောက်တစ်နှစ်လောက် ထားပါ၊ ကျွန်ုပ်ဒီအပင်ပတ်လည်တစ်ဝိုက်ကမြေကြီးကို တူးဆွ၍ မြေဩဇာထည့်ပါအုံးမည်။

9 နောက်နှစ်တွင် အသီးသီးနိုင်ပါသေးသည်။ အကယ်၍ အသီးမသီးတော့မှ ခုတ်ပစ်ပါဟူ၍ ပြန်၍လျှောက်တင်လေသည်” ဟု မိန့်တော် မူလေသည်။

10 ဥပုသ်နေ့နောက်တစ်နေ့၌ ဓမ္မာရုံတစ်ခုတွင် ကိုယ် တော် ဟောပြောသွန်သင်နေစဉ်

11 မကောင်းဆိုးဝါး ပြုစားခံရ၍ တစ်ဆယ့်ရှစ်နှစ်ကြာ မသန်မစွမ်းဖြစ်နေသော အမျိုးသမီးတစ်ဦးရှိနေ၏။ သူမသည် ခါးကိုမတ်မတ် မဆန့် နိုင်ဘဲ ခါးအလွန်ကုန်းနေ၏။

12 ထိုအမျိုးသမီးကို ကိုယ် တော် တွေ့သောအခါ သူမကို လှမ်းခေါ်လိုက်ပြီး “သင်ယခု အချိန်မှစ၍ အကောင်းပကတိဖြစ်ပြီ” ဟူ၍ မိန့်တော်မူ လိုက်ပြီး

13 သူ၏လက်တော်နှင့် သူမကို ထိပေးလိုက် သောအခါ ချက်ချင်းပင် သူမသည် ခါးဆန့်သွားသဖြင့် မတ်တပ်ရပ်လိုက်ပြီး ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ချီးမွှမ်း တော်မူလေသည်။

14 ဓမ္မာရုံတာဝန်ခံ အမျိုးသားသည် ဉပုသ်နေ့၌ ကိုယ်တော်ယေရှု ထိုအမျိုးသမီးအား ကုသပေး သောကြောင့် ဒေါသထွက်လေသည်။ ထို့ကြောင့်သူက လူတို့အား “ရက်သတ္တပတ်တွင် ခြောက်ရက်မှာ ကျွန်ုပ်တို့ အလုပ်လုပ်နိုင်၏။ ထိုရက်များတွင်သာ လာရောက် ကုသ ခံကြပြီး ဉပုသ်နေ့တွင်မကုကြပါ နှင့်” ဟု ပြောလေသည်။

15 အရှင်က “သင်လူတွေကို အရူးလုပ်ဖို့ကြိုးစားနေ တာလား ဉပုသ်နေ့မှာ သင်တို့၏မြည်းများ၊ နွားများအား တင်းကုတ်မှကြိုးဖြေပြီး ရေမတိုက်ကြဘူးလား။

16 ဤအမျိုးသမီးသည် အာဗြဟံ၏ သမီးဖြစ်သော်လည်း တစ်ဆယ့်ရှစ်နှစ်ပတ်လုံး မာရ်နတ်၏ အနှောင်အဖွဲ့ကို ခံခဲ့ ရ၏။ ထိုသူအား ဉပုသ်နေ့၌ ထိုအနှောင်အဖွဲ့မှ လွှတ်မပေး သင့်ဘူးလားဟု မေးတော်မူလေ၏။

17 ကိုယ်တော်၏ စကားလုံးများသည် တစ်ဖက်ရန်မူနေသူတို့အား အရှက်ရ စေခဲ့သည်။ သို့သော် ပရိသတ်အားလုံးတို့မှာ ထိုထူးဆန်း အံ့ဩဖွယ်ကောင်းသော လုပ်ရပ်ကြောင့် ဝမ်းမြောက် ပျော်ရွှင်ကြလေသည်။

18 ကိုယ်တော် က “ဘုရားသာသနာတော်ဟာ ဘာနဲ့တူ သလဲ၊ ဘာနဲ့နှိုင်းယှဉ်ပြရမလဲဆိုတော့

19 လူတစ်ယောက် သည် ညောင်စေ့ကိုယူလာပြီး မိမိဉယျာဉ်၌ စိုက်ပျိုး၏။ ထိုညောင်စေ့မှ အကိုင်းအခက်အလက်များဖြင့် ပြည့်စုံသော ညောင်ပင်ဖြစ်လာပြီး ငှက်များအသိုက်ဖွဲ့၍ နေထိုင်နိုင်၏။

20 ထို့နောက် ကိုယ်တော်က “ဘုရားရှင်၏သာသနာကို ဘာနဲ့နှိုင်းယှဉ်ရမလဲဆိုတော့

21 အမျိုးသမီးတစ်ဦးသည် တဆေးကိုယူပြီးလျှင် မုန့်ညက်သုံးစိတ်တွင် ထည့်၍ ရောလိုက်သောအခါ မုန့်များ ဖောင်းကြွလာသည်နှင့်တူ၏” ဟု မိန့်တော်မူလေသည်။

22 ကိုယ်တော်ယေရှုသည် ယေရုရှလင်သို့ သွားရာ လမ်းခရီးစဉ်တစ်လျှောက်တွင်ရှိသော မြို့ရွာများရှိ လူထု ပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူလေသည်။

23 တစ်ယောက်သောသူက “အရှင်၊ ကယ်တင်ခြင်းခံရမည့် သူများမှာ အရေအတွက်အားဖြင့် နည်းပါသလား” ဟု မေးလျှောက်လေ၏။

24 ကိုယ်တော်က “သင်တို့သည် ကျဉ်းမြောင်းသောတံခါးပေါက်ကိုဝင်၍ ရအောင်အစွမ်းကုန် ကြိုးစားကြပါ။ လူအမြောက်အများပင် ထိုတံခါးပေါက်သို့ ဝင်၍ ရအောင်အစွမ်းကုန်ကြိုးစားကြပါ။ သို့သော် ဝင်နိုင် စွမ်းရှိမည်မဟုတ်။

25 အိမ်ရှင်သည်ထလာပြီး တံခါးပိတ် လိုက်လျှင် သင်တို့သည် အပြင်မှာမတ်တပ်ရပ်၍ “အရှင် တံခါးဖွင့်ပေးပါ” ဟူ၍ ပြောရလိမ့်မည်။ သို့သော် အိမ်ရှင်က “မင်းတို့အကြောင်းငါမသိဘူး” ပြန်ပြောလိမ့်မည်။

26 သင်တို့ကလည်း “ကျွန်ုပ်တို့သည် အရှင်နှင့်အတူတူ စားသောက်ခဲ့ဖူးပါသည်။ အရှင်သည် လမ်းခရီးတွင်လည်း ကျွန်ုပ်တို့အား ဟောပြောသွန်သင်ခဲ့ဖူးပါသည်” ဟု သင်တို့ ပြောသော်လည်း

27 သူက “သင်တို့ကိုငါတကယ်မသိဘူး၊ ငါ့ဆီကထွက်သွားကြ၊ သင်တို့ဟာမကောင်းဆိုးဝါးကောင် တွေဘဲ’ဟု ပြောလိမ့်မည်။

28 သင်တို့အပြင်သို့မောင်းထုတ် ခံရသောအခါ သင်တို့သည် အံကြိတ်၍ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးကြရလိမ့်မည်။အဘယ်ကြောင့်ဆိုသော် အိမ်အတွင်း ဖက်ဖြစ်သော ဘုရားရှင် သာသနာတော်အတွင်းတွင် အာဗြဟံ၊ ဣဇက်နှင့်ပညာရှိပရောဖက်များကို တွေ့လိုက်ရ သောအခါ ယူကြုံးမရဖြစ်ကြရလိမ့်မည်။

29 အနယ်နယ် အရပ်ရပ်မှလူတို့သည် ဘုရားသာသနာတော် အတွင်းတွင် ပျော်မွေ့စွာနေထိုင်ကြလိမ့်မည်။

30 ထိုအခါ၌ ယခုအရေး မပါသောသူတို့သည် အရေးကြီးဆုံးလူပုဂ္ဂိုလ်များ ဖြစ်ကြ ပြီး၊ ယခုအရေးကြီးဆုံးပုဂ္ဂိုလ်တို့သည် အရေးမပါဆုံး လူပုဂ္ဂိုလ်များဖြစ်လာကြလိမ့်မည်”ဟုမိန့်တော်မူလေသည်။

31 ထိုအချိန်၌ ကိုယ်တော်ယေရှုထံသို့ ဖာရိရှဲတို့ရောက်ရှိ လာပြီး “ဟေရုဒ်ဘုရင်ဟာ အရှင့်ကိုသတ်လိုနေ၍ ဤအရပ် မှ တခြားအရပ်သို့ တိမ်းရှောင်တော်မူပါ” ဟု လျှောက်ထား ကြလေသည်။

32 ကိုယ်တော်ကထိုသူတို့အား“အဲဒီမြေခွေး ကိုသွားပြောပါ၊ ငါဟာ ဒီနေ့နှင့်မနက်ဖြန်မှာ မကောင်း ဆိုးဝါးများကို နှင်ထုတ်ပြီး အနာရောဂါများကိုပျောက်ကင်း စေဦးမည်၊ သုံးရက်မြောက်ပြီးရင် ငါဟာ ထွက်သွားတော့ မည်။

33 သို့သော် ဒီနေ့၊ မနက်ဖြန်ပြီးတော့ နောက်နေ့ တွေဟာ ငါလျှောက်လှမ်းနေသော ခရီးစဉ်နေ့ရက်များ ဖြစ်တယ်၊ ထိုနေ့ရက်များပြီးဆုံးသွားရင် ယေရုရှလင်မြို့ တော်သည် ပညာရှိသူတော်ကောင်းများကို သတ်ဖြတ်သော နေရာဖြစ်လာလိမ့်မယ်” ဟု မိန့်တော်မူလေသည်။

34 အို ယေရုရှလင်၊သင့်မြို့သားတွေသည်ပညာရှိသူတော် ကောင်းများကို သတ်ဖြတ်လာခဲ့ကြ၏၊ ဘုရားရှင်၏ တမန်တော်များကိုလည်း ခဲနှင့်ပေါက်ခဲ့ကြသည်၊ ကြက်မ သည်ကြက်ကလေးများကို သူရဲ့အတောင်ပံ အောက်မှာ အုပ်ထားသကဲ့သို့ ငါသည်လည်း သင်၏သားသမီးများ ကို ရင်အုပ်မကွာစောင့်ရှောက်လို၍ အကြိမ်ကြိမ်ကြိုးစားခဲ့ လေပြီ။

35 သို့သော် သင်တို့ငါ့အား ခွင့်မပြုကြ၊ သို့ဖြစ်၍ သင်၏ဗိမာန်‌တော်သည် ကန္တာရလို လူသူတိတ်ဆိတ် ခြောက်သွေ့နေလိမ့်မည်။ သင်ဟာငါ့အား “ဘုရားရှင်၏ နာမတော်ဖြင့် ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိပါ ၏”ဟု မပြောဆိုမီအချိန်ထိ ငါ့အား သင်နောက်တစ် ကြိမ်တွေ့မြင်ရလိမ့်မည်မဟုတ်” ဟု မြွှက်ဆိုခဲ့လေသည်။

This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan