ရောမ 11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကားဣသရေလ လူမျိုးများ၌ ဘုရားသခင်၏ ကရုဏာတော် 1 သို့ဖြစ်လျှင် ဘုရားသခင်သည် သူ၏လူမျိုးတိကို ထားပစ်ခယာလားဟု ငါ မိန်းသော်၊ ထိုသို့မဆိုလို။ ငါသည်လည်း ဣသရေလလူမျိုး၊ အာဗြဟံ၏မျိုးဆက်၊ ဗင်္ယာမိန်မျိုးနွယ်ဖြစ်၏။ 2 ဘုရားသခင်သည် အစကတည်းက သိမှတ်တော်မူသော မိမိလူတိကို ထားပစ်ခသည် မဟုတ်။ ဧလိယက ဣသရေလလူမျိုး တစ်ဖက်၌ ဘုရားသခင်အား တောင်းဆိုထားသည့် ကျမ်းစကားကို သင်ရို့ သိကြ၏။ 3 ထိုကျမ်းစာ၌ “အို၊ ထာဝရဘုရား၊ သူရို့သည် ကိုယ်တော်၏ပရောဖက်တိကို သတ်ကြပြီးလျှင် ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါ၏။ အကျွန် တစ်ယောက်တည်းသာ ကျန်နိန်ခပြီဖြစ်၍ အကျွန့် အသက်ကိုပင် သတ်ဖို့ရန် ကြိုးစားနိန်ကြပါ၏၊” ဟူ၍ လျှောက်ထား၏။ 4 ထိုအခါ ဘုရားသခင်က ဧလိယကို ပြန်၍ မိန့်တော်မူသည်မှာ၊ “ဗာလနတ်ဘုရားကို မကိုးကွယ်သော လူ ၇,၀၀၀ သည် ငါ့အတွက် ကျန်နိန်သိမ့်၏” ဟု မိန့်တော်မူ၏။ 5 ထိုနည်းတူ ယခုကာလ၌ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ရွီးကောက်ထားသောသူ အနည်းချေရာ ကျန်ကြွင်းလျက်ဟိ၏။ 6 ကိုယ်တော်၏ရွီးကောက်တော်မူခြင်းသည် လူ့အကျင့်ကို ထောက်၍ မဟုတ်၊ မိမိ၏ကျေးဇူးတော်အားဖြင့်သာဖြစ်၏။ အကြောင်းမူကား ဘုရားသခင်၏ရွီးကောက်တော်မူခြင်းသည် လူအကျင့်အားဖြင့်သာ ဖြစ်လျှင် ကိုယ်တော်၏ကျေးဇူးတော်သည် စစ်မှန်သော ကျေးဇူးတော်ဖြစ်လိမ့်မည်မဟုတ်။ 7 ဇာပိုင်လဲဆိုကေ၊ ဣသရေလလူရို့သည် သူရို့ ရှာသောအရာကို သူရို့ မတွိ့ကြ။ ဘုရားသခင်ရွီးကောက်ထားသည့် လူအနည်းချေတိရာ တွိ့ကြရ၏။ ကျန်ကြွင်းသော သူရို့သည်ကား နားမကြားနိုင်ကတ်ယာ။ 8 ထိုသို့နှင့်အညီ ကျမ်းစာက ပြောထားသည်မှာ၊ “ဘုရားသခင်သည် သူရို့အား မမြင်နိုင်၊ မကြားနိုင်အောင် သူရို့၏စိတ်နှလုံးကို ယနိ့တိုင်အောင် အမိုက်တရားဖြင့် ဖုံးလွှမ်းထား၏” ဟူ၍ ဖြစ်၏။ 9 ပြီးနောက် ဒါဝိဒ်က ပြောထားခသည်မှာ၊ “သူရို့၏စားပွဲသည် သူရို့အတွက် ကျော့ကွင်းသော်လည်းကောင်း ထောင်ချောက်သော်လည်းကောင်း တိုက်မိ၍ လဲစရာအဖြစ်သော်လည်းကောင်း၊ ခံထိုက်သောအပြစ်သော်လည်းကောင်း ဖြစ်ပါစီ။ 10 သူရို့၏မျက်စိသည်လည်း မမြင်နိုင်အောင် အမှောင်ဖုံး ပါစီ။ သူရို့နောက်ကုန်းသည် ထာဝရ ကုန်းနိန်ပါစီ” ဟူ၍ ဖြစ်၏။ 11 သို့ဖြစ်လျှင် ဣသရေလလူရို့သည် ခြီလျှော်၍ လဲကျသောအခါ ပျက်စီးခြင်းသို့ ရောက်ကြရသလားဟု ငါ မိန်းသော်၊ ထိုသို့ လုံးဝမဟုတ်။ သူရို့သည် အပြစ်လုပ်သောကြောင့် ကယ်တင်ခြင်းသည် တခြားလူမျိုးတိပါးသို့ ရောက်လားရ၏။ အကြောင်းမှာ သူရို့သည် တခြားလူမျိုးတိကို မနာလိုဖြစ်စီရန် ဖြစ်၏။ 12 ဣသရေလလူမျိုးတိ အပြစ်လုပ်ခြင်းသည် လောကထဲသို့ ကောင်းကြီးမင်္ဂလာများစွာကို ယူဆောင်ပီးကြ၏။ တဖန် သူရို့၏ ကျယှုံးခြင်းသည် တခြားလူမျိုးတိ၌ ကောင်းကြီးမင်္ဂလာ ကြွယ်ဝခြင်းကို ဖြစ်စီတော်မူ၏။ ဣသရေလလူမျိုးအားလုံး ကယ်တင်ခြင်းခံကြသောအခါ ထိုကောင်းကြီးမင်္ဂလာသည် သာ၍ ကြွယ်ဝလာလိမ့်မည်ဖြစ်၏။ တခြားလူမျိုးတိနှင့် ဆိုင်သောကယ်တင်ခြင်း 13 ငါသည် တခြားလူမျိုးတိနှင့်ဆိုင်သော တမန်တော်တစ်ယောက် ဖြစ်သည့်အားလျှော်စွာ ငါ၏အမှုတော်ဆောင်ခြင်းကို ငါသည် ဂုဏ်ယူလျက်ဟိကြောင်း လူမျိုးခြားဖြစ်သော သင်ရို့ကို ယခု ငါ ပြောလိုက်ပါ၏။ 14 ငါသည် ငါ၏လူမျိုးရို့ကို မနာလိုစိတ် ဖြစ်လာစီရန် တစ်နည်းနည်းဖြင့် လှုံ့ဆော်၍ တချို့ကို ကယ်တင်ခြင်းရစီခြင်းငှာ မျှော်လင့်၏။ 15 အကြောင်းမူကား သူရို့၏အပယ်ခံထားရခြင်းသည် လောကီသားတိအား ပြန်လည်သင့်မြတ်ခြင်းကို ဖြစ်စီလျှင်၊ သူရို့ကို ပြန်လည်လက်ခံခြင်းသည် ဇာဖြစ်လိမ့်မည်နည်း၊ သီခြင်းမှ ထမြောက်ခြင်းကို ဖြစ်စီလိမ့်မည် မဟုတ်ပါလား။ 16 အဦးဆုံးအသီးများအဖြစ်ဖြင့် ပူဇော်သကာပြုသော မုန့်ညက်သည် သန့်ယှင်းလျှင် မုန့်တစ်ပုံလုံးသည် သန့်ယှင်းလျက်ဟိ၏။ ထို့အပြင် အမြစ်သန့်ယှင်းလျှင် အကိုင်းအခက်တိလည်း သန့်ယှင်းကြ၏။ 17 တချို့သော အကိုင်းအခက်များကို ချိုးဖဲ့၍ ရိုင်းသောသံလွင်ပင်၏ အတက်ချေတစ်ခုဖြစ်သော သင့်ကို တခြားသောအကိုင်းအခက်များကြား၌ ကိုင်းကူးစိုက်ပျိုးထားခြင်းကို ခံရပြီးလျှင် ယခုအခါ၌ သံလွင်ပင်၏အမြစ်မှလာသော ဩဇာအဟာရဓာတ်များကို ခံစားနိန်ရလျှင်၊ 18 သင်သည် တခြားသောအကိုင်းအခက်များထက် သာလွန်သည်ဟု မိမိကိုယ်ကို မထင်မှတ်နှင့်။ ထင်မှတ်လျှင်မူကား မိမိသည် အမြစ်ကို မထောက်ပံ့၊ အမြစ်သည် မိမိကို ထောက်ပံ့သည်ဟု ထင်မှတ်လော့။ 19 ထို့နောက် သင်က “ငါ့ကို ကိုင်းကူးစိုက်ခြင်းငှာ အကိုင်းအခက်များသည် ချိုးဖဲ့ခြင်းကို ခံရကြ၏” ဟု သင်ဆိုလိမ့်မည်။ 20 မှန်၏။ သို့ရာတွင် မယုံကြည်သောကြောင့် သူရို့သည် ချိုးဖဲ့ခြင်းကို ခံရကြပြီးလျှင် သင်သည် ယုံကြည်ခြင်းအားဖြင့် တည်၏။ မာနစိတ်မဝင်ကေ့။ ကြောက်စိတ်ဝင်လော့။ 21 အကြောင်းမူကား ဘုရားသခင်သည် မူလအကိုင်းအခက်များကို အခွင့်မပီးလျှင် သင်ကိုလည်း အခွင့်ပီးလိမ့်မည်မဟုတ်။ 22 ထို့ကြောင့် လဲသောသူရို့အား ပြင်းထန်စွာ စီရင်တော်မူတတ် သော်လည်း သင့်အား သနားတော်မူတတ်သောဘုရားသခင်၏ ပြင်းထန်သောစီရင်တော်မူခြင်းနှင့် သနားတော်မူခြင်းကို ဆင်ခြင်ထောက်ရှုလော့။ သင်သည် ကိုယ်တော်၌ ဆက်လက်၍ တည်နိန်လျှင် သနားတော်မူခြင်းကို ခံရလိမ့်မည်။ ထိုသို့မဟုတ်လျှင် သင်သည်လည်း ခွတ်ပစ်ခြင်းကို ခံရလိမ့်မည်။ 23 ထို့အပြင် ဣသရေလလူမျိုးရို့သည် မယုံကြည်မှုကို စွန့်ပယ်ကြလျှင် နဂိုမူလနီရာ၌ တဖန်ပြန်၍ စိုက်ပျိုးထားခြင်းကို ခံရကြလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် သူရို့အား တဖန်ပြန်၍ စိုက်ပျိုးခြင်းငှာ တတ်စွမ်းနိုင်တော်မူ၏။ 24 နောက်ဆုံးပြောရလျှင် သင်ရို့သည် ပကတိအားဖြင့် ရိုင်းသောသံလွင်ပင်မှ ဖဲ့ယူ၍ အသီးသီးသောသံလွင်ပင်၌ မိမိ၏ပကတိကို ဆန့်ကျင်လျက် ကိုင်းဆက်စိုက်ပျိုးထားခြင်းကို ခံရကြလျှင် ပကတိအခက်များသည် မိမိရို့၏မူလသံလွင်ပင်၌ ဆက်၍ စိုက်ရခြင်းအခွင့်ကို သာ၍ ခံကြရလိမ့်မည်။ လူသားအားလုံး၌ ဘုရားသခင်၏ကရုဏာတော် 25 ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် မိမိကို မိမိ ပညာဟိဟူ၍ မထင်မှတ်စီမည့်အကြာင်း ဣသရေလလူမျိုးရို့၏ မာကျောခက်ထန်နိန်ကြခြင်းသည် ဘုရားသခင်ထံတော်သို့ ဝင်ရောက်လာကြသော တခြားလူမျိုးတိ အရေအတွက် ပြည့်စုံသည့်အချိန်ထိသာ ဖြစ်သည်ဟူသော ဤလျှို့ဝှက်ချက်ကို မသိဘဲနိန်ကြခြင်းကို ငါသည် အလိုမဟိ။ 26 ဤသို့အားဖြင့် ဣသရေလလူမျိုးအားလုံး ကယ်တင်ခြင်း ခံရမည့် အကြောင်း ကျမ်းစာ လာသည်ကား၊ “ကယ်တင်သျှင်သည် ဇိအုန်တောင်မှ ကြွလာတော်မူ၍ မတရားမှုတိကို ယာကုပ်၏အမျိုးမှ ဖယ်ယှားလိမ့်မည်။ 27 ငါသည် သူရို့အပြစ်ကို ဖယ်ယှားသောအခါ၊ ဤပဋိညာဉ်ကို သူရို့နှင့် ငါ ပြုလိမ့်မည်” ဟူ၍ ဖြစ်၏။ 28 ဣသရေလလူမျိုးရို့သည် သင်ရို့ တခြားလူမျိုးအကျိုးကို ထောက်ရှု၍ သတင်းကောင်းတရားကို ငြင်းပယ်လျက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြရ၏။ သို့ရာတွင် ဘုရားသခင်ရွီးကောက်ထားသော မိမိရို့၏ဖိုးဖီးများကြောင့် သူရို့သည် ဘုရားသခင် ချစ်သောသူများ ဖြစ်ကြ၏။ 29 အကြောင်းမူကား ဘုရားသခင်၏ ကျေးဇူးတော်သည်လည်းကောင်း၊ ကိုယ်တော်၏ ခေါ်ထားတော်မူခြင်းသည်လည်းကောင်း ပြောင်းလဲတော်မမူ။ 30 သင်ရို့ တခြားလူမျိုးတိသည် အယင်က ဘုရားသခင်၏စကားကို မနာခံကြသော်လည်း ဣသရေလလူမျိုးတိ မနာခံခြင်းကြောင့် ယခုအခါမှာ သင်ရို့သည် ဘုရားသခင်၏ကရုဏာတော်ကို ခံစားကြရ၏။ 31 ထိုနည်းတူ သင်ရို့ ခံစားရသော ကရုဏာတော်ကို ထောက်ရှု၍ ယခုတွင် သူရို့သည်လည်း ဘုရားသခင်၏ကရုဏာတော်ကို ခံစားရစီခြင်းငှာ ယခုအခါတွင် သူရို့သည် ဘုရားသခင်၏စကားကို မနာခံဘဲ နိန်ကြ၏။ 32 အကြောင်းမူကား ဘုရားသခင်သည် လူတိုင်းကို မိမိ၏ကရုဏာတော်သက်ရောက်စီခြင်းငှာ အမိန့်မနာခံခြင်း၌ ချုပ်ထားတော်မူ၏။ ဘုရားသခင်ကို ကျေးဇူးချီးမွမ်းကြလော့ 33 ဘုရားသခင်သည် ဉာဏ်တော်အနန္တ၊ ပညာတော်အနန္တနှင့် ပြည့်စုံတော်မူပါ၏တကား။ ကိုယ်တော်၏တရားစီရင်တော်မူချက်တိကို ဇာသူသည် ရှင်းပြနိုင်အံ့နည်း။ ကိုယ်တော်ပြုတော်မူသောအရာများကို ဇာသူသည် နားလည်နိုင်အံ့နည်း။ 34 ကျမ်းစာလာသည်ကား၊ “ထာဝရဘုရား၏စိတ်တော်ကို ဇာသူ သိသနည်း။ ဘုရားသခင်ကို အကြံဉာဏ် ပီးခြင်းငှာ ဇာသူ တတ်နိုင်ပါအံ့နည်း။ 35 ဇာသူသည် မိမိအား ကျေးဇူးတုံ့ပြန်စီခြင်းငှာ ဘုရားသခင်ကို ကျေးဇူးပြုဖူးသနည်း။” 36 အကြောင်းမူကား ခပ်သိမ်းသောအရာများသည် ကိုယ်တော့်ထံမှ ဖြစ်၏။ ခပ်သိမ်းသောအရာများသည် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။ ခပ်သိမ်းသောအရာများသည် ကိုယ်တော်အဖို့အလို့ငှာ ဖြစ်ကြ၏။ ဘုန်းတန်ခိုးတော်သည် ကိုယ်တော်၌ ထာဝရတည်ပါစီသောဝ်။ အာမင်။ |
The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.