ယောဟန် 7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကားယေသျှုနှင့် ညီတော်များ 1 ထို့နောက် ယေသျှုသည် ဂါလိလဲပြည်တစ်လျှောက် ဒေသစာရီ လှည့်လည်တော်မူ၏။ ယုဒအာဏာပိုင်ရို့က ကိုယ်တော့်ကိုသတ်ရန် ကြံစည်နိန်ကြသဖြင့် ကိုယ်တော်သည် ယုဒပြည်၌ လှည့်လည်ခြင်းငှာ အလိုမဟိပေ။ 2 ယုဒအမျိုးသားရို့၏ သကေနေပွဲတော် ကျရောက်မည့်အချိန်ကား နီးကပ်လာလေ၏။ 3 ထို့ကြောင့် ညီတော်များက ယေသျှုအား “သင်ပြုသော အမှုအရာတိကို သင်၏ နောက်လိုက်တိ တွိ့မြင်စီခြင်းငှာ ဂါလိလဲပြည်မှ ထွက်၍ ယုဒပြည်သို့ လားပါလော့။ 4 ထင်ပေါ်ကျော်ကြားလိုသော သူသည် ဇာအမှုကိုမျှ ဆိတ်ကွယ်ရာ၌ ပြုလေ့မဟိ။ သင်သည် ဤသို့သောအမှုအရာများကို ပြုမည်ဆိုပါက လောကတစ်ခုလုံးက သိအောင် ပြုပါလော့” ဟု ဆိုကြ၏။ 5 အကြောင်းမူကား ကိုယ်တော်၏ ညီတော်များသည်ပင်လျှင် ကိုယ်တော့်ကို မယုံကြည်ကြပေ။ 6 သို့သော် ယေသျှုက “ငါ၏အချိန် မရောက်သိမ့်။ သင်ရို့၏အချိန်ကား ကာလအစဉ် အသင့်ဖြစ်၏။ 7 လောကီသားတိက သင်ရို့ကို မမုန်းနိုင်ကြ။ သို့သော် ငါ့ကိုမူကား မုန်းကြ၏။ အကြောင်းမူကား ငါသည် သူရို့၏ မကောင်းသောအကျင့်များကို ထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။ 8 ထိုပွဲသို့ သင်ရို့ လားကြလော့။ ငါမူကား မလား။ အကြောင်းမူကား ငါ၏အချိန် မရောက်သိမ့်သောကြောင့် ဖြစ်၏” ဟု ညီတော်များအား မိန့်တော်မူလေ၏။ 9 ထိုသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်သည် ဂါလိလဲပြည်၌ နီတော်မူ၏။ သကေနေပွဲတော်၌ ယေသျှု 10 ထိုပွဲတော်သို့ ကိုယ်တော်၏ညီတော်တိ လားပြီးမှ ယေသျှုသည်လည်း မထင်မရှား ကြွတော်မူ၏။ 11 ယုဒအာဏာပိုင်ရို့သည် ထိုပွဲ၌ ကိုယ်တော့်ကို ရှာလျက် “ထိုသူကား ဇာမှာနည်း” ဟု မိန်းမြန်းကြ၏။ 12 လူအစုအဝေးကလည်း ကိုယ်တော်အကြောင်းကို များစွာ တီးတိုးပြောဆိုနိန်ကြ၏။ တချို့လူရို့က “ထိုသူသည် သူတော်ကောင်းဖြစ်၏” ဟူ၍လည်းကောင်း၊ တခြားသောလူတိကလည်း “သူတော်ကောင်းမဟုတ်၊ လူတိကို မှောက်မှားစီသော သူသာဖြစ်၏” ဟူ၍ လည်းကောင်း ဆိုကြ၏။ 13 သို့ပင်သျှောင် လူတိက ယုဒအာဏာပိုင်တိကို ကြောက်လန့်ကြသဖြင့် ကိုယ်တော့်အကြောင်းကို မည်သူမျှ ပွင့်လင်းစွာ မပြောဝံ့ကြပေ။ 14 ထိုပွဲကျင်းပသောကာလ ထက်ဝက်ခန့်မျှ ရောက်လာသောအခါ ယေသျှုသည် ဗိမာန်တော်သို့ ကြွ၍ စတင်ဟောပြောသွန်သင်လျက် နိန်တော်မူ၏။ 15 ထိုအရပ်၌ဟိကြသော ယုဒလူရို့သည်လည်း အံ့ဩကြ၍ “ဤသူသည် ဇာအတန်းပညာကိုမျှ မသင်ယူဖူးဘဲ ဤပညာများကို မည်သို့ရသနည်း” ဟု ပြောဆိုကြ၏။ 16 ယေသျှုကလည်း “ငါသွန်သင်သော တရားသည် ငါ၏တရားမဟုတ်။ ငါ့ကို စီရွှတ်တော်မူသောသူ၏ တရားပင်ဖြစ်၏။ 17 ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။ 18 မိမိရို့၏တရားကို ဟောပြောသောသူသည် မိမိ၏ဘုန်းကို ရဟိ၏။ သို့သော် မိမိအား စီရွှတ်တော်မူသောသူ၏ ဘုန်းတန်ခိုးကို ရှာသောသူမူကား ရိုးသားစွာ ဟောပြောတတ်၏။ ထိုသူ၌ အမှားမဟိ။ 19 မောသျှေသည် သင်ရို့အား ပညတ်တရားကို ပီးခသည်မဟုတ်လော။ သို့သော်လည်း သင်ရို့တစ်ယောက်မျှ ထိုပညတ်တရားကို မလိုက်လျှောက်ကြ။ သင်ရို့သည် ငါ့ကို ဇာကြောင့် သတ်ခြင်းငှာ ကြိုးစားနိန်ကြသနည်း” ဟု မိန့်တော်မူ၏။ 20 လူအပေါင်းရို့ကလည်း “သင်သည် နတ်မိစ္ဆာ ဝင်ပူးခံရသောသူဖြစ်၏။ မည်သူသည် သင့်အား သတ်ရန် ကြိုးစားနိန်သနည်း” ဟု ဆိုကြ၏။ 21 ယေသျှုကလည်း “ငါသည် နိမိတ်လက္ခဏာတစ်ခုကို ပြုသောအခါ သင်ရို့အားလုံးသည် အံ့ဩကြ၏။ 22 မောသျှေသည် သင်ရို့၏ သားသျှေတိအား အရီဖျားလှီးခြင်းကို ပြုခြင်းငှာ ပညတ်ခ၏။ ထို့ကြောင့် သင်ရို့သည် ဥပုသ်နိ့၌ပင် အရီဖျားလှီးခြင်းကို ပြုကြ၏။ သို့သော် ထိုအရီဖျားလှီးခြင်းကို မောသျှေမှစတင်၍ ခံခသည်မဟုတ်၊ သင်ရို့၏ အဖိုးအဖီးတိမှ စတင်၍ ပြုခကြ၏။ 23 မောသျှေ၏ပညတ်အား မချိုးဖောက်စီခြင်းငှာ သင်ရို့သည် ဥပုသ်နိ့တွင် ယောက်ျားသျှေတစ်ယောက်အား အရီဖျားလှီးခြင်းကို ပြုကြလျှင် ငါသည် လူတစ်ဦးအား ကျန်းမာစီသောအခါ သင်ရို့သည် ငါ့ကို ဇာကြောင့် အမျက်ထွက်ကြသနည်း။ 24 အပြင်ပန်းသဏ္ဍာန်ကိုသာ ကြည့်၍ အပြစ်စီရင်ခြင်း မပြုကတ်ကေ့။ မှန်ကန်သော တရားဖြင့်သာ အပြစ်စီရင်ကြလော့” ဟု မိန့်တော်မူ၏။ သူသည် မေသျှိယဖြစ်သလော 25 ထိုအခါ ယေရုဆလင်မြို့မှ လူတချို့က “ဤသူကို အာဏာပိုင်တိက သတ်ရန် ရှာနိန်ကြသည် မဟုတ်လော။ 26 ကြည့်ပါ၊ ဤသူသည် ထင်ရှားစွာ ဟောပြောသွန်သင်လျက် နိန်၏။ သူရို့သည် ကိုယ်တော်အား စကားတစ်ခွန်းမျှ မပြောနိုင်ကြ။ ဤသူသည် မေသျှိယဖြစ်ကြောင်းကို အာဏာပိုင်များက အမှန်ပင် သိကြသလော။ 27 မေသျှိယ ကြွလာသောအခါ ထိုအသျှင်သည် ဇာအရပ်မှ ကြွလာသည်ကို မည်သူမျှ သိလိမ့်မည်မဟုတ်။ သို့သော် ဤသူ၏ ဇာတိကို ငါရို့သိကြ၏” ဟု အချင်းချင်း ပြောဆိုကြ၏။ 28 ယေသျှုသည် ဗိမာန်တော်၌ ဆုံးမဩဝါဒ ပီးတော်မူစဉ်၊ “သင်ရို့သည် ငါ့ကို လည်းကောင်း၊ ငါသည် ဇာအရပ်မှ လာသည်ကို လည်းကောင်း သိကြ၏။ ငါသည် ကိုယ့်အလိုဖြင့် လာသည်မဟုတ်။ ငါ့ကို စီရွှတ်တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ ထိုအသျှင်ကို သင်ရို့ မသိကြသလော။ 29 သို့ရာတွင် ငါမူကား ထိုအသျှင်ထံပါးမှ လာ၍ ထိုအသျှင်သည် ငါ့ကို စီရွှတ်တော်မူသောကြောင့် ငါသည် ထိုအသျှင်ကို သိ၏” ဟု ကျယ်သောအသံဖြင့် မိန့်တော်မူ၏။ 30 ထို့နောက် ထိုသူရို့သည် ကိုယ်တော်အား ဖမ်းဆီးခြင်းငှာ အခွင့်ရှာကြ၏။ သို့သော် အချိန်မကျသိမ့်သောကြောင့် တစ်ဦးတစ်ယောက်ကမှ မဖမ်းဆီးနိုင်ကြ။ 31 လူအစုအဝေးထဲမှ အများသောသူရို့သည် ကိုယ်တော့်ကို ယုံကြည်လာကြပြီးလျှင် “မေသျှိယ ကြွလာသောအခါ ဤသူပြုသော နိမိတ်လက္ခဏာထက် သာ၍ ပြုမည်လော” ဟု ဆိုကြ၏။ ယေသျှုကို ဖမ်းဆီးရန် အစောင့်များအား စီရွှတ်ခြင်း 32 လူအစုအဝေးရို့သည် ယေသျှု၏အကြောင်းကို တိုးတိုးချေ ပြောဆိုနိန်ကြသည်ကို ဖာရိယှဲရို့သည် ကြားကြ၏။ ထို့ကြောင့် ဖာရိယှဲရို့နှင့် ယဇ်ပုရောဟိတ် အကြီးအကဲများသည် ကိုယ်တော့်ကို ဖမ်းဆီးခြင်းငှာ အစောင့်စစ်သည်များအား စီရွှတ်လိုက်၏။ 33 ယေသျှုက “ငါသည် သင်ရို့နှင့်အတူ အချိန်အနည်းချေမျှသာ နီပြီးလျှင်၊ ငါ့ကို စီရွှတ်တော်မူသော သူထံသို့ လားရမည်။ 34 သင်ရို့သည် ငါ့ကို ရှာကြသော်လည်း တွိ့ကြလိမ့်မည် မဟုတ်။ အကြောင်းမူကား ငါဟိမည့်အရပ်သို့ သင်ရို့သည် မလားနိုင်ကြ” ဟု မိန့်တော်မူ၏။ 35 ယုဒအာဏာပိုင်ရို့က “ငါရို့ကို မတွိ့စီခြင်းငှာ ဤသူသည် ဇာအရပ်သို့ လားမည်နည်း။ ဤသူသည် ဟေလသမြို့များ၌ ကွဲလွင့်လျက်ဟိသော ငါရို့လူမျိုးပါးသို့ လားပြီး ဟေလသလူမျိုးရို့ကို ဩဝါဒပီး မည်လော။ 36 သင်ရို့သည် ငါ့ကို ရှာသော်လည်း တွိ့လိမ့်မည်မဟုတ်။ ငါဟိရာ အရပ်သို့ သင်ရို့ မလားနိုင်ကြဟု ဆို၏။ ဤစကားများ၏ အနက်ကား မည်သို့နည်း” ဟု အချင်းချင်း မိန်းမြန်းကြ၏။ အသက်ရီ စီးထွက်ရာစမ်း 37 ပွဲတော်၏ နောက်ဆုံးနိ့ဖြစ်သော အရေးအကြီးဆုံးသောနိ့၌ ယေသျှုသည် ရပ်၍ “ရီငတ်သောသူသည် ငါ့ထံသို့လာ၍ သောက်ကြလော့၊ 38 ငါ့ကို ယုံကြည်၍ ထိုရီကို သောက်သောသူသည် ကျမ်းစာလာသည်အတိုင်း ‘အသက်ရီစီးထွက်ရာ စမ်းရီတွင်း ဖြစ်လိမ့်မည်’” ဟု ကျယ်သောအသံနှင့် မိန့်တော်မူလေ၏။ 39 ထိုသို့ မိန့်တော်မူသည်တွင် ယုံကြည်သောသူရို့၌ ခံရမည့် ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုအချိန်၌ ယေသျှုသည် ဘုန်းပွင့်တော် မမူသိမ့်သောကြောင့် ယုံကြည်သောသူရို့အား ဝိညာဉ်တော်ကို ပီးတော်မမူသိမ့်။ လူရို့၏ စိတ်သဘောကွဲခြင်း 40 လူအစုအဝေးထဲမှ လူတချို့သည် ကိုယ်တော်၏ စကားတော်ကိုကြားကြလျှင် “ဤသူသည် အမှန်စင်စစ် ပရောဖက်ဖြစ်၏” ဟု ဆိုကြ၏။ 41 တချို့ကလည်း “ဤသူသည် မေသျှိယ ဖြစ်၏” ဟု ဆိုကြ၏။ သို့ရာတွင် တချို့က “မေသျှိယသည် ဂါလိလဲပြည်မှ ပေါ်ထွန်းမည်လော။ 42 ကျမ်းစာလာသည်ကား မေသျှိယသည် ဒါဝိဒ်၏အမျိုး၊ ဒါဝိဒ်၏မြို့တည်းဟူသော ဗက်လင်မြို့မှ ပေါ်ထွန်းလာလိမ့်မည်” ဟု ဆိုကြ၏။ 43 လူအပေါင်းရို့သည် ယေသျှုနှင့် ပတ်သက်၍ စိတ်သဘောကွဲကြ၏။ 44 လူတချို့သည် ကိုယ်တော့်ကို ဖမ်းဆီးလိုကြ၏။ သို့သော်လည်း ကိုယ်တော့်ကို ဇာသူမျှ မဖမ်းဆီးကြပေ။ ယုဒခေါင်းဆောင်ရို့၏ မယုံကြည်မှု 45 အစောင့်စစ်သည်များသည် ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဖာရိယှဲရို့ထံပါးသို့ ပြန်လာကြသောအခါ ထိုသူရို့အား “ဇာကြောင့် ထိုသူကို ဖမ်းခေါ်မလာကြသနည်း” ဟု မိန်းကြ၏။ 46 အစောင့်စစ်သည်များက “ထိုသူ ဟောပြောသည့်နည်းတူ ဇာသူမျှ မဟောဖူးပါ” ဟု ပြောကြ၏။ 47 ထိုအခါ ဖာရိယှဲရို့က “သင်ရို့သည်လည်း ထိုသူ၏လှည့်စားခြင်းကို ခံရပြီလော။ 48 အာဏာပိုင်ရို့၊ ဖာရိယှဲရို့ထဲက တစ်စုံတစ်ယောက်သည် ထိုသူ့ကို ယုံကြည်နိန်ပြီလော။ 49 ဤလူစုလူဝေးက မောသျှေ၏ ပညတ်တရားကို မသိသောကြောင့် ဘုရားသခင်၏ ကျိန်ခြင်းအောက်၌သာ ဟိနိန်ကြ၏” ဟု ဆိုကြ၏။ 50 ထိုဖာရိယှဲရို့အထဲတွင် နိကောဒင်ဆိုသူလည်းပါ၏။ ထိုသူသည် အယင်က ယေသျှုထံပါးသို့ လာဖူး၏။ 51 နိကောဒင်ကလည်း ထိုသူရို့ပါးသို့လား၍ “ငါရို့ပညတ်အရ တစ်စုံတစ်ယောက်၏ ပြုမူခြင်းကို မတွိ့ရ၊ သူပြောသောစကားကို မကြားရခင် ထိုသူကို ငါရို့ အပြစ် မစီရင်နိုင်” ဟု ဆို၏။ 52 ထိုသူရို့ကလည်း “သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ ကျမ်းစာတော်မြတ်ကို လေ့လာကြည့်ပါ၊ ဂါလိလဲပြည်က ဇာပရောဖက်မျှ မပေါ်ထွန်းဖူးသည်ကို သင်သိလိမ့်မည်” ဟု ဆိုကြ၏။ [ ဖေါက်ပြန်သည့်မိန်းမကို ဖမ်းဆီးခြင်း 53 ထို့နောက် လူအပေါင်းရို့သည် မိမိအိမ်သို့ အသီးသီး ပြန်လားကြသော်လည်း၊ |
The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.