Biblia Todo Logo
Bìoball air-loidhne

- Sanasan -

ယောဟန် 12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား


ဗေသနိရွာတွင် ယေသျှုအား ဘိသိက်ပီးခြင်း
( မဿဲ ၂၆.၆–၁၃ ; မာကု ၁၄.၃–၉ )

1 ယေသျှုသည် ပသခါပွဲတော် အခါမကျမီ ခြောက်ရက်အလို၌ သီပြီးမှပြန်၍ အသက်ရှင်လာသူ၊ ဗေသနိရွာ၌ဟိသော လာဇရုနီထိုင်ရာ အိမ်သို့ ကြွတော်မူ၏။

2 ကိုယ်တော်အား ညစာဖြင့် ဧည့်ခံရာ၌ မာသသည် အာဂန္တုဝတ်ကို ပြုလေ၏။ ယေသျှုနှင့်အတူ စားပွဲ၌ လျောင်းနိန်သော သူရို့ထဲတွင် လာဇရုလည်းပါ၏။

3 ထိုအခါ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှီးစစ်စစ် နှစ်ဆယ်ကျပ်သားကို ယူ၍ ယေသျှု၏ ခြီတော်ကို လောင်းချပြီးနောက် မိမိဆံပင်ဖြင့် သုတ်လေ၏။ ဆီမွှီး၏အနံ့သည် တစ်အိမ်လုံးကို မွှီးကြိုင်လေ၏။

4 ယေသျှု၏ တပည့်တော်တစ်ဦးဖြစ်ပြီး ကိုယ်တော့်ကို အပ်နှံမည့်သူ ယုဒသျှာကာရုတ်က၊

5 “ဤဆီမွှီးကို ငွီဒင်္ဂါး ၃၀၀ နှင့်ရောင်း၍ ဆင်းရဲသားရို့အား ဇာကြောင့် မပီးသနည်း” ဟု ဆို၏။ ထိုငွီဒင်္ဂါး ၃၀၀ သည် လူတစ်ယောက်၏ တစ်နှစ်စာ လုပ်အားခနှင့် ညီမျှ၏။

6 ဤသို့ ပြောဆိုရာ၌ သူသည် ဆင်းရဲသားရို့အား ကြင်နာထောက်ထား၍မဟုတ်၊ သူသည် ခိုးတတ်သောသူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖဲသာအိတ်ကို လွယ်ရသူဖြစ်ပြီး ဖဲသာများကို ကိုယ့်အဖို့ နှိုက်ယူ သုံးစွဲလေ့ ဟိ၏။

7 ယေသျှုကလည်း “ထိုမိန်းမကို မနှောက်ယှက်ကေ့။ သူမသည် ငါ့အလောင်းကို သင်္ဂြိုဟ်ခြင်းငှာ ပျင်ဆင်ရသော နိ့အတွက် ဤဆီမွှီးကို သိမ်းထားပါစီ။

8 ဆင်းရဲသားရို့ကား သင်ရို့နှင့်အတူ အစဉ်အမြဲ ဟိနိန်ကြ၏။ သို့သော်လည်း သင်ရို့မူကား ငါနှင့် အစဉ်အမြဲ ဟိလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။


လာဇရုကို သတ်ရန် ကြံစည်ခြင်း

9 ဗေသနိရွာ၌ ယေသျှု ဟိတော်မူကြောင်းကို ကြားလျှင် များစွာသော ယုဒလူရို့သည် ထိုရွာသို့ ရောက်လာကြ၏။ သူရို့သည် ယေသျှုကြောင့်သာ လာကြခြင်းမဟုတ်ဘဲ၊ ကိုယ်တော်က သီခြင်းမှ အသက်ပြန်ရှင်စီသူ လာဇရုကိုလည်း တွိ့မြင်လို၍ လာကြခြင်းဖြစ်၏။

10 ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့က လာဇရုကိုလည်း သတ်ရန် ကြံစည်ခြင်း ဖြစ်ကြ၏။

11 အကြောင်းမူကား လာဇရုကြောင့် များစွာသော ယုဒလူရို့သည် ထိုသူရို့ကို စွန့်ခွာ၍ ယေသျှုကို ယုံကြည်သောကြောင့် ဖြစ်၏။


အောင်ပွဲခံအခမ်းအနားဖြင့် ယေရုဆလင်မြို့ထဲသို့ ဝင်လာတော်မူခြင်း
( မဿဲ ၂၁.၁–၁၁ ; မာကု ၁၁.၁–၁၁ ; လုကာ ၁၉.၂၈–၄၀ )

12 နောက်တစ်နိ့၌ ပသခါပွဲတော်သို့ လာကြသော လူစုလူဝေးကြီးသည် ယေရုဆလင်မြို့သို့ ယေသျှု ကြွလာတော်မူမည့် အကြောင်းကို ကြားသိကြလေ၏။

13 ထို့ကြောင့် သူရို့သည် စွန်ပလွံခက်များကို ယူ၍ “ဘုရားသခင်ကို ချီးမွမ်းကြလော။ သခင်ဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာဟိစီသတည်း။ ဣသရေလ သျှင်ဘုရင်သည် မင်္ဂလာဟိစီသတည်း” ဟု ကြွေးကြော်လျက် ကိုယ်တော့်ကို ကြိုဆိုရန် ထွက်လာကြ၏။

14 ယေသျှုသည် မြည်းသျှေတစ်ကောင်ကို တွိ့၍ စီးတော်မူ၏။ ကျမ်းစာတော်မြတ်တွင်၊

15 “အို ဇိအုန်မြို့၊ မကြောက်ကေ့။ သင်ရို့၏ သျှင်ဘုရင်သည် မြည်းသျှေကိုစီး၍၊ ကြွလာသည်ကို ကြည့်ရှုကြလော” ဟု ဆိုထားသည်နှင့်အညီ ဖြစ်လေ၏။

16 ထိုအချိန်ခါက တပည့်တော်ရို့သည် ဤကျမ်းစာကို နားမလည်ကြ။ ယေသျှုသည် ဘုန်းတော်နှင့် ထမြောက်တော်မူသောအခါမှ ဤကျမ်းစာချက်ကား ကိုယ်တော်၏အကြောင်း ဖော်ပြသည်ကို လည်းကောင်း၊ သူရို့သည် ကိုယ်တော်အတွက် ထိုသို့ပြုခသည်ကို လည်းကောင်း မှတ်မိကြ၏။

17 ယေသျှုသည် လာဇရုအား သင်္ချိုင်းတွင်းထဲမှ ခေါ်ထုတ်၍ အသက်ပြန်ရှင်လာသောအခါက ကိုယ်တော်နှင့်အတူ လိုက်ကြသော သူရို့သည် ထိုအဖြစ်ပျက်ကို သက်သီခံကြ၏။

18 ကိုယ်တော်ပြုခသော အံ့ဖွယ်နိမိတ်လက္ခဏာအကြောင်းကို ကြားရသောကြောင့် များစွာသော လူရို့သည် ကိုယ်တော့်ကို ကြိုဆိုရန် လာကြ၏။

19 ဖာရိယှဲရို့ကလည်း “ငါရို့သည် အောင်မြင်ခြင်း မဟိသည်ကို မြင်သလော။ ကြည့်ကတ်၊ လောကကြီးတစ်ခုလုံးက သူ့နောက်သို့ လိုက်ပါလားကြပြီတကား” ဟု အချင်းချင်း ပြောဆိုကြ၏။


ဟေလသအမျိုးသားတချို့ ကိုယ်တော့်ကို ရှာဖွီခြင်း

20 ပွဲတော်အတွင်း ဝတ်ပြုကိုးကွယ်ရန် ယေရုဆလင်မြို့သို့ လာကြသော လူထဲတွင် ဟေလသအမျိုးသား တချို့ပါ၏။

21 သူရို့သည် ဂါလိလဲပြည် ဗက်ဇဲဒမြို့သားဖြစ်သူ ဖိလိပ္ပုထံသို့ လားကြ၍ “ဆရာ၊ အကျွန်ရို့သည် ယေသျှုကို မြင်ချင်ပါ၏” ဟု တောင်းဆိုကြ၏။

22 ဖိလိပ္ပုသည် ထိုအကြောင်းကို အန္ဒြေအား ပြောပြပြီးလျှင် သူရို့နှစ်ယောက်သည် ယေသျှုထံသို့ အတူတကွလား၍ လျှောက်ကြ၏။

23 ယေသျှုက သူရို့အား “လူသားသည် ကြီးမြတ်သော ဘုန်းပွင့်တော်မူရန် အချိန် အဂုပင် ရောက်လာပြီ။

24 မှန်သောစကားကို ငါပြောမည်၊ ဂျုံစိ့သည် မြီကြီးသို့မကျ၊ မပျက်စီးလျှင် အစိ့တစ်စိ့ထက် တိုးပွါးလိမ့်မည်မဟုတ်။ ပျက်စီးလျှင်မူကား အသီးအနှံများစွာ တိုးပွါးလိမ့်မည်။

25 ကိုယ့်အသက်ကို ချစ်သောသူသည် အသက်ဆုံးယှုံးလိမ့်မည်။ ဤလောက၌ မိမိအလိုသို့ မလိုက်သောသူသာလျှင် ထာဝရအသက်ကို စောင့်ရှောက်သူဖြစ်၏။

26 ငါ့အမှုကို ဆောင်ရွက်သောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုကို ဆောင်ရွက်သောသူဖြစ်သောကြောင့် ငါဟိသည့်အရပ်၌ ဟိလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သူကို ခမည်းတော်သည် ချီးမြောက်တော်မူလိမ့်မည်။


ယေသျှုသည် မိမိအသီခံတော်မူရမည့်အကြောင်း ဖော်ပြတော်မူခြင်း

27 “အဂုတွင် ငါသည် စိတ်နှလုံး ပူပန်ခြင်းဟိ၏။ ဇာသို့ လျှောက်ရအံ့နည်း။ ‘အဖ အကျွန့်ကို စိတ်ပူပန်ခြင်းမှ ကင်းလွတ်စီတော်မူပါ’ ဟု မြွက်ဆိုရမည်လော။ ယေဒါလည်း ငါသည် ဤဒုက္ခဝေဒနာကို ခံစားရန် ယခုအချိန်နာရီသို့ ရောက်လာခြင်းဖြစ်၏။

28 အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းထင်ရှားစီတော်မူပါ” ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ ကောင်းကင်မှ အသံတော်ကား “ငါ၏ ဘုန်းတော်ကို ငါ့နာမ၌ ထွန်းတောက်စီယာ။ နောက်တဖန်လည်း ထွန်းတောက်စီဦးမည်” ဟု လာ၏။

29 ထိုနီရာတွင် ရပ်နိန်ကြသော လူအစုအဝေးရို့သည် ထိုအသံကိုကြား၍ လူတချို့က မိုးကြိမ်းသည်ဟု ဆိုကြ၏။ တချို့က “ကိုယ်တော့်ကို ကောင်းကင်တမန်က စကားပြောသည်” ဟု ဆိုကြ၏။

30 သို့သော် ယေသျှုက ထိုသူရို့အား “ဤအသံတော် ထွက်ပေါ်လာခြင်းက ငါ့အကျိုးတွက်မဟုတ်။ သင်ရို့အကျိုးတွက် ဖြစ်၏။

31 ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။

32 ငါသည် မြီကြီးမှခွါ၍ မြှောက်ထားခြင်းကို ခံရသည့်အခါ လူတိုင်းကို ငါ့ထံသို့ ငါဆွဲမည်” ဟု မိန့်တော်မူ၏။

33 ဤသို့ မိန့်တော်မူရသည်မှာ မိမိသည် ဒုက္ခဝေဒနာကိုခံရ၍ မည်သို့ အသီခံရမည်ကို အရိပ်အမြွက်အားဖြင့် ဖော်ပြတော်မူခြင်းဖြစ်၏။

34 လူအစုဝေးကလည်း၊ “မေသျှိယသည် အစဉ်အမြဲ အသက်ရှင်သည်ဟု အကျွန်ရို့ ပညတ်တ္တိကျမ်း၌ ဆို၏။ သို့ဖြစ်လျှင် လူသားသည် မြီကြီးကခွါ၍ မြှောက်ထားခြင်းကို ခံရမည်ဟု ဇာပိုင် ပြောနိုင်သနည်း။ လူသားကား ဇာသူနည်း” ဟု မိန်းမြန်းကြ၏။

35 ယေသျှုကလည်း၊ “အလင်းသည် သင်ရို့၌ ခဏသာ ဟိလိမ့်မည်။ သင်ရို့အား အမှောင် မဖုံးလွှမ်းစီရန် အလင်းဟိစဉ်၌ လားလာကြလော့။ အမှောင်၌ လားလာနိန်သူသည် ဇာအရပ်သို့ လားလာသည်ကိုမသိ။

36 ထို့ကြောင့် အလင်းဟိနိန်ခိုက်တွင် ထိုအလင်းကို ယုံကြည်ကြလော။ သို့မှသာ သင်ရို့သည် အလင်း၏သားသမီးတိ ဖြစ်လာကြလိမ့်မည်” ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူပြီးနောက် ယေသျှုသည် ထွက်ကြွ၍ ထိုသူရို့ကို တိမ်းယှောင်လျက်နိန်တော်မူ၏။


လူတိ ယုံကြည်မှုကင်းမဲ့ခြင်း

37 သူရို့မျက်မှောက်တွင် နိမိတ်လက္ခဏာများစွာကို ပြခသော်လည်း ကိုယ်တော့်ကို မယုံကြည်ကြ။

38 ပရောဖက်ဟေသျှာယ ဟောဖူးသည်ကား၊ “အို သခင်ဘုရား၊ ငါရို့ ဟောပြောသည့်စကားကို ဇာသူ ယုံပါမည်နည်း၊ သခင်ဘုရားသည် တန်ခိုးတော်ကို ဇာသူ့ထံပါးသို့ ထင်ရှားပါမည်နည်း” ဟူသော စကားသည် ပြည့်စုံခြင်းပင်ဖြစ်သတည်း။

39 ထိုစကားကြောင့် သူရို့သည် ယုံကြည်ခြင်းသို့ မရောက်နိုင်ကြ။ အကြောင်းမှာ ဟေသျှာယက၊

40 “ဘုရားသခင်သည် သူရို့မျက်စိကို ကွယ်စီတော်မူ၏၊ သူရို့၏ စိတ်နှလုံးကို မိုက်စီသောကြောင့်၊ သူရို့မျက်စိသည် မမြင်နိုင်၊ သူရို့၏ စိတ်နှလုံးသည် နားမလည်နိုင်၊ သူရို့သည် နောင်တမရနိုင်ကြသောကြောင့်၊ သူရို့သည် ကျန်းမာခြင်းကို မရကြ ဟူ၍ ဘုရားသခင်မိန့်တော်မူ၏” ဟု ဆို၏။

41 ဟေသျှာယသည် ယေသျှု၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏ အကြောင်းကို ဤသို့ မြွက်ဆိုခြင်းဖြစ်၏။

42 သို့စေကာမူ များစွာသော ယုဒအာဏာပိုင်ရို့ကလည်း ယေသျှုကို ယုံကြည်ကြ၏။ သို့သော်လည်း ဖာရိယှဲရို့ကြောင့် တရားဇရပ်မှ နှင်ထုတ်ခံရမည်ကို ကြောက်၍ မိမိရို့ ယုံကြည်ကြကြောင်းကို ပွင့်လင်းစွာ ဝန်မခံကြပေ။

43 ထိုသူရို့က ဘုရားသခင်၏ ချီးမွမ်းခြင်းထက် လူရို့၏ ချီးမွမ်းခြင်းကို ပို၍ နှစ်သက်ကြသူများ ဖြစ်ကြ၏။


ယေသျှု၏ စကားတော်ပင်လျှင် စီရင်ခြင်းဖြစ်သည်

44 ယေသျှုက အော်ဟစ်၍ “ငါ့ကို ယုံကြည်သူသည် ငါ့ကိုသာမဟုတ် ငါ့ကို စီရွှတ်တော်မူသည့် သူကိုပင်လျှင် ယုံကြည်၏။

45 ငါ့ကို မြင်သောသူသည်လည်း ငါ့ကို စီရွှတ်တော်မူသော သူကိုလည်း မြင်၏။

46 ငါ့ကို ယုံကြည်သောသူတိုင်းကို မှောင်မိုက်ထဲ၌ မကျန်ခစီရန်အတွက် ငါသည် အလင်းအဖြစ်ဖြင့် လောကကို ကြွလာပြီ။

47 ငါ၏ သတင်းစကားကို ကြားလျက်နှင့် မနာခံသောသူကို ငါသည် တရားမစီရင်။ လောကသားတိကို အပြစ်စီရင်ရန် ငါလာသည်မဟုတ်၊ ကယ်တင်ဖို့ရန် လာခြင်းဖြစ်၏။

48 ငါ့ကိုပယ်၍ ငါဟောပြောသော သတင်းစကားကို နာမခံသောသူအား တရားစီရင်မည့်သူ ဟိသိမ့်၏။ ငါဟောပြောသည့်စကားပင် နောက်ဆုံးသောနိ့၌ ထိုသူရို့ကို တရားစီရင်လိမ့်မည်။

49 ဇာကြောင့်ဆိုသော် ငါသည် ကိုယ့်အခွင့်အာဏာနှင့် ဟောပြောသည်မဟုတ်။ သို့ရာတွင် ငါဟောပြောသော အရာအားလုံးသည် ငါ့ကို စီရွှတ်တော်မူသော ခမည်းတော်က ဟောပြောခိုင်းသည့်အတိုင်း ငါဟောပြောခြင်း ဖြစ်၏။

50 ခမည်းတော်၏ ပညတ်တော်သည် ထာဝရအသက် ယူဆောင်လာသည်ကို ငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာသည်ကား ခမည်းတော်သည် ငါ့အား ဟောပြောခိုင်းသည့်အတိုင်း ငါဟောပြောခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။

The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.

Lean sinn:



Sanasan