Biblia Todo Logo
Bìoball air-loidhne

- Sanasan -

ဂလာတိ 5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား


လွတ်လပ်မှုကို ထိန်းသိမ်းခြင်း

1 ငါရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခရစ်တော်သည် ငါရို့အား လွတ်မြောက်စီတော်မူပြီ။ သို့ဖြစ်၍ လွတ်လပ်သော သူများအဖြစ် ရပ်တည်ကြလော့။ နောက်တဖန် သင်ရို့ကိုယ်တိုင် ကျွန်ဖြစ်ခြင်းစီခြင်းငှာ အခွင့်မပီးကတ်ကေ့။

2 နားထောင်ကြလော့။ ငါ ပေါလု ဆိုသည်ကား၊ သင်ရို့သည် အရီဖျားလှီးခြင်းကို ကိုယ်တိုင် ခံယူမည်ဆိုလျှင် ခရစ်တော်အားဖြင့် ဇာအကျိုးကိုမျှ ရနိုင်လိမ့်မည် မဟုတ်။

3 အရီဖျားလှီးခြင်းကို ခံယူသော သူတိုင်းအား ပညတ်တရား အလုံးစုံကို လိုက်လျှောက်ရန် တာဝန်ဟိသည်ဟု တဖန် ငါသတိပီး၏။

4 ပညတ်တရားကို လိုက်လျှောက်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စီခြင်းငှာ ကြိုးစားသောသူသည် ခရစ်တော်နှင့် ကွာလားသဖြင့် သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတရား အောက်၌ မဟိ။

5 ငါရို့သည်ကား ဘုရားသခင်၏ ဝိညာဉ်တော်တန်ခိုးဖြင့် ဖြောင့်မတ်ရာသို့ ရောက်လိမ့်မည်ဟု ယုံကြည်ခြင်းအားဖြင့် မျှော်လင့်နိန်ကြ၏။

6 အကြောင်းမူကား ငါရို့သည် ခရစ်တော်ယေသျှု၌ အရီဖျားလှီးခြင်း ခံသည်၊ မခံသည်မှာ အရေးမကြီးပေ။ အရေးကြီးသည့်အရာကား မေတ္တာတရားအားဖြင့် လုပ်ဆောင်သော ယုံကြည်ခြင်းပင် ဖြစ်၏။

7 သင်ရို့သည် ကောင်းမွန်စွာ လုပ်ဆောင်နိန်ခ၏။ သမ္မာတရားကို မလိုက်နာစီရန် သင်ရို့အား ဇာသူက တားဆီးသနည်း။ ထိုသူသည် သင်ရို့အား ဇာပိုင် ဖြားယောင်းသွီးဆောင်ခသနည်း။

8 ထိုဖြားယောင်းသွီးဆောင်မှုသည် သင်ရို့အား ခေါ်တော်မူသော ဘုရားသခင်ထံတော်မှ လာသည်မဟုတ်။

9 “အနည်းချေသော တဆီးသည် မုန့်ညက် တစ်ပုံးလုံးကို ဖောင်းကြွစီတတ်၏” ဟူ၍ ဆိုရိုးစကားဟိ၏။

10 သို့ရာတွင် ငါသည် သင်ရို့အား အဂုတိုင်အောင် ယုံကြည်စိတ်ချခြင်း ဟိ၏။ ငါရို့၏ အသက်ရှင်မှုသည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြသဖြင့် သင်ရို့သည် တခြားသောအယူကို လက်ခံကြလိမ့်မည်မဟုတ် ဟူ၍ ငါ့ကို ယုံကြည်စိတ်ချစီ၏။ သို့သော် သင်ရို့အား နှောက်ယှက်သူ ဇာသူမဆို ဘုရားသခင်၏ ပြစ်ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။

11 သို့ရာတွင် ညီအစ်ကိုမောင်နှမရို့၊ အကယ်၍ ငါသည် အရီဖျားလှီးခြင်းတရားကို ဆက်လက် ဟောပြောနိန်သည်ဆိုလျှင် ဇာကြောင့် ညှည်းဆဲနှိပ်စက်ခြင်းကို ခံနိန်ရပါသနည်း။ အကယ်၍ ထိုသို့ ဟောပြောခြင်း မှန်သည်ဆိုလျှင် ခရစ်တော်၏ လက်ဝါးကပ်တိုင်နှင့်ဆိုင်သော ငါ၏ ဟောပြောခြင်းသည် ဒုက္ခရောက်စီလိမ့်မည် မဟုတ်။

12 သင်ရို့ကို နှောက်ယှက်နိန်သော လူတိကို နှင်ထုတ်စီခြင်းငှာ ငါအလိုဟိ၏။ သူရို့သည် ကိုယ့်ကိုကိုယ် သင်းကွပ်လိုက်ကြလျှင် ကောင်းလိမ့်မည်။

13 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် လွတ်လပ်မှုကို ရစီခြင်းငှာ ခေါ်တော်မူခြင်းကို ခံရကြ၏။ သို့ရာတွင် လွတ်မြောက်ခြင်းကို အကြောင်းပြ၍ ကိုယ်ကာယတပ်မက်ခြင်း အလိုသို့ မလိုက်ကြဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ယောက်ကိုတစ်ယောက် အလုပ်အကျွေးပြုကြလော့။

14 အကြောင်းမူကား “ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူကို ကိုယ်နှင့်အမျှ ချစ်လော့” ဟူသော ပညတ်သည် ပညတ်ဟိသမျှ၏ အချုပ်ဖြစ်၏။

15 သို့ရာတွင် အချင်းချင်း ကိုက်စားနိန်ကြလျှင် တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးရာရောက်မည်ဖြစ်ကြောင်း သတိပြုကြလော။


ဝိညာဉ်တော်နှင့် လူ့ဇာတိသဘော

16 ငါဆိုသည်ကား ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလော့။ သို့ပြုလျှင် လူ့ဇာတိအလိုသို့ မလိုက်ဘဲနိန်လိမ့်မည်။

17 အကြောင်းမူကား လူ့ဇာတိ၏အလိုသည် ဝိညာဉ်တော်၏အလိုနှင့် ဆန့်ကျင်လျက် ဟိ၏။ ထို့အပြင် ဝိညာဉ်တော်၏အလိုသည်လည်း လူ့ဇာတိ၏အလိုနှင့် ဆန်ကျင်လျက် ဟိ၏။ ထိုနှစ်ပါးရို့သည် ရန်သူများဖြစ်သဖြင့် သင်ရို့သည် မိမိအလိုဆန္ဒ ဟိသည့်အတိုင်း မပြုနိုင်ကတ်။

18 အကယ်၍ ဝိညာဉ်တော်သည် သင်ရို့အား ဦးဆောင်လမ်းပြတော်မူလျှင် သင်ရို့သည် ပညတ်တရား၏အောက်၌ ဟိကြသည်မဟုတ်။

19 လူ့ဇာတိစိတ်နှင့်ဆိုင်သော အပြုအမူများမှာ သိသာထင်ရှား၏။ ထိုအရာများကား ကာမဂုဏ်လိုက်စားခြင်း၊ မစင်ကြယ်ခြင်း၊ အကျင့်ပျက်ခြင်း၊

20 ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်းများ၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွိ့ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊

21 ငြူစူခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်း စသည့်အရာများကို လုပ်ဆောင်လာကြ၏။ ထိုသို့သော အရာများကို ပြုမူသောသူရို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရလိမ့်မည်မဟုတ် ဟု အယင်က သင်ရို့အား ငါသတိပီးခသည်အတိုင်း အဂုလည်း ငါသတိပီးလိုက်၏။

22 သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊

23 နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သော တရားဟူ၍ မဟိ။

24 ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကို လည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကို လည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။

25 သို့ဖြစ်၍ ငါရို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြလျှင် ဝိညာဉ်တော်၏ လမ်းပြမှုအတိုင်း လိုက်လျှောက်ကြရမည်။

26 ငါရို့သည် မာနကြီးခြင်း၊ တစ်ယောက်ကိုတစ်ယောက် ရန်လိုစိတ် ဟိခြင်း၊ မနာလိုစိတ် ဟိခြင်းများကို ယှောင်ယှားကြကုန်အံ့။

The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.

Lean sinn:



Sanasan