Biblia Todo Logo
Bìoball air-loidhne

- Sanasan -

၂ ကောရိန္သု 10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား


ပေါလုသည် မိမိ၏ အမှုတော်ဆောင်ခြင်းကို ကာကွယ်ခြင်း

1 ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းအားဖြင့် ငါ ပေါလုသည် သင်ရို့အား တောင်းပန်ပါ၏။ ငါသည် သင်ရို့နှင့်အတူ ဟိသောအခါ ကြောက်တတ်သော်လည်း ဝီးကွာနိန်သောအခါ ရဲဝံ့ပြတ်သားသောသူ ဖြစ်၏။

2 ငါရို့ကို လောကီအလိုသို့လိုက်၍ ဆောင်ရွက်သူများဖြစ်သည်ဟု ဝေဖန်စွပ်စွဲကြသော သူရို့အား ပြတ်သားစွာ ပြုမူရမည်ဟု ငါ ခံယူထားသည်အတိုင်း ငါရောက်လာသောအခါ ထိုသို့ ပြတ်သားစွာ ပြောဆိုခြင်းငှာ ဖိအားမပီးကြရန် ငါတောင်းပန်၏။

3 ငါရို့သည် လောက၌ အသက်ရှင်နီထိုင်လျက် ဟိကြသည် မှန်သော်လည်း လောကီအလိုသို့လိုက်၍ တိုက်ပွဲ ဝင်နိန်ကြသည်မဟုတ်။

4 ငါရို့ ကိုင်စွဲသော လက်နက်သည် လောကနှင့်ဆိုင်သော လက်နက်တိမဟုတ်။ ခံတပ်တိကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်နှင့်ပြည့်စုံသော လက်နက်တိဖြစ်ကြ၏။ ငါရို့သည် မှားယွင်းသော ငြင်းခုံမှုများကို ပယ်ဖျက်၍၊

5 ဘုရားသခင်အား သိကျွမ်းသောဉာဏ်ပညာကို ဆန့်ကျင်တားဆီးတတ်သော မာန်မာနဟိသမျှကို ချိုးဖျက်ကာ ငါရို့သည် တွီးတောကြံစည်မှု ဟိသမျှကို ချုပ်တည်းကာ ခရစ်တော်အား နာခံစီကြ၏။

6 သင်ရို့သည် နာခံမှုနှင့် ပြည့်စုံကြသောအခါ မနာခံသောသူတိကို ပြစ်ဒဏ်ပီးခြင်းငှာ ငါရို့သည် အသင့်ဟိကြ၏။

7 သင်ရို့သည် အပြင်ပန်းသဏ္ဌန်ကိုသာ ကြည့်ရှုတတ်ကြ၏။ ဇာသူမဆို ကိုယ့်ကိုကိုယ် ခရစ်တော်နှင့် သက်ဆိုင်သောသူဖြစ်သည်ဟု ယုံကြည်စိတ်ချမှုဟိလျှင် ထိုသူရို့သည် ခရစ်တော်နှင့် သက်ဆိုင်သကဲ့သို့ ငါရို့သည်လည်း ခရစ်တော်နှင့် သက်ဆိုင်သောသူတိဖြစ်သည်ကို ပြန်လည်၍ စဉ်းစားဆင်ခြင်ကြလော့။

8 အကြောင်းမူကား ငါသည် သခင်ဘုရား ပီးတော်မူသော အခွင့်အာဏာနှင့် ပတ်သတ်၍ အလွန်ပင် ဝါကြွားမိခသော်လည်း မရှက်ပါ။ ထိုအခွင့်အာဏာသည် သင်ရို့အား ဖြိုဖျက်ရန်မဟုတ်၊ တည်ဆောက်ပီးရန် အတွက်ဖြစ်၏။

9 သို့ဖြစ်၍ ငါသည် သင်ရို့အား စာရီး၍ ခြောက်လှန့်နိန်သည်ဟု မထင်စီလို။

10 အကြာင်းမူကား၊ “ပေါလု၏ စာများသည် ပြင်းထန်၍ အာဏာပါသော စာဖြစ်၏။ သို့သော် သူကိုယ်တိုင် ငါရို့နှင့်အတူ ဟိသောအခါ အားနည်းသောသူဖြစ်၍ အဟောအပြောသည်လည်း အထင်ကြီးစရာမဟိ” ဟု လူတချို့က ပြောဆိုကြ၏။

11 ငါရို့သည် အဝီး၌ ဟိသောအခါက ရီးသားလိုက်သော စာ၌ ပါဟိသည့်အတိုင်း ငါရို့ရောက်လာချိန်၌ ထိုအမှုကိုပြုမည့် အကြောင်းကို ထိုသူရို့အား အသိပီးလိုက်ကတ်။

12 အကြောင်းမူကား ငါရို့သည် ကိုယ့်ကိုကိုယ် ချီးမြှောက်တတ်သူရို့နှင့် တစ်တန်းတည်းဖြစ်စီခြင်းငှာ လည်းကောင်း၊ နှိုင်းယှဉ်ခြင်းငှာ လည်းကောင်း မပြုဝံ့ပါ။ သူရို့သည် မိမိရို့၏ စံအားဖြင့် မိမိကိုယ်ကို တိုင်းတာ၍ ဆုံးဖြတ်ကြ၏။ ထိုသူရို့သည် အလွန် မိုက်မဲလှပါ၏။

13 ငါရို့သည်ကား အတိုင်းအတာကို ကျော်လွန်၍ ဝါကြွားလိမ့်မည်မဟုတ်။ သင်ရို့၌ ငါရို့ လုပ်ဆောင်သော လုပ်ငန်းအပါအဝင် ဘုရားသခင် သတ်မှတ်ပီးထားသော လုပ်ဆောင်မှု၌သာ ငါရို့ ဝါကြွားကြ၏။

14 သင်ရို့သည်လည်း ထိုသို့ သတ်မှတ်ထားသော လုပ်ဆောင်မှု၌ ပါဝင်သဖြင့် ငါရို့သည် သင်ရို့ပါးသို့ လာသောအခါ ခရစ်တော်၏ သတင်းကောင်းကို ယူဆောင်လာခြင်းသည် နယ်ကျွံရာမကျပေ။

15 သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်က သတ်မှတ်ပီးထားသည့် အလုပ်ကို ကျော်လွန်၍ သူတစ်ပါး၏ လုပ်ဆောင်ချက်များအတွက် ဂုဏ်ယူဝါကြွားခြင်း မဟိပေ။ သို့သော် သင်ရို့၏ ယုံကြည်ခြင်း ကြီးထွားလာသည်နှင့်အမျှ ငါရို့အတွက် ဘုရားသခင် သတ်မှတ်ပီးတော်မူသည့် နယ်ပယ်အတွင်း သင်ရို့ပါးတွင် အမှုတော်ကို ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ငါရို့ မျှော်လင့်၏။

16 ထို့ကြောင့် ငါရို့သည် သင်ရို့၏ဒေသအပြင် အခြားဒေသများတွင် သတင်းကောင်းကို ဟောပြောနိုင်ခသဖြင့် အခြားသောသူတစ်ယောက် လုပ်ဆောင်ထားသော လုပ်ငန်းနယ်ပယ်နှင့်ပတ်သတ်၍ ဂုဏ်ယူဝါကြွားစရာ မလို။

17 သို့ရာတွင် ကျမ်းစာတော်မြတ်က “ဝါကြွားလိုသောသူသည် သခင်ဘုရား ပြုတော်မူသော အမှု၌သာ ဝါကြွားရမည်” ဟု ဆို၏။

18 အကြောင်းမူကား သခင်ဘုရား နှစ်သက်တော်မူသောသူ ဟူသည်မှာ ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူမဟုတ်။ ကိုယ်တော်က ချီးမြှောက်သောသူ ဖြစ်ရမည်။

The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.

Lean sinn:



Sanasan