Biblia Todo Logo
Bìoball air-loidhne

- Sanasan -

၁ ကောရိန္သု 16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား


ယုံကြည်သူများအဖို့ အလှူငွီ

1 ယုဒပြည်၌ဟိသော ဘုရားသခင်၏လူရို့အား ထောက်ပံ့ခြင်းငှာ အလှူငွီများနှင့် ပတ်သက်၍ ဂလာတိပြည်၌ဟိသော အသင်းတော်များကို ငါ မှာထားခသည်အတိုင်း သင်ရို့ ပြုကြလော့။

2 ငါ ရောက်လာသောအခါ အလှူငွီကောက်ခံဖို့ မလိုအပ်ရန် တလင်းဂနီနိ့တိုင်း သင်ရို့တစ်ယောက်ချင်းစီ၏ တတ်နိုင်သည့်အလျောက် ကောက်ခံ၍ စုဆောင်းထားကြလော့။

3 ငါ ရောက်လာသောအခါ ထိုအလှူငွီကို ယေရုဆလင်မြို့သို့ ယူဆောင်လားစီခြင်းငှာ သင်ရို့ ထောက်ခံထားသော သူရို့ကို စာနှင့်တကွ ငါ စီရွှတ်မည်။

4 အကယ်၍ ငါ လားဖို့လိုအပ်လျှင် ထိုသူရို့သည် ငါနှင့်အတူ လိုက်နိုင်ပါ၏။


ပေါလု၏အကြံအစည်

5 ငါသည် မာကေဒေါနိပြည်လမ်းမှ လားရမည်ဖြစ်၍ ထိုပြည်ကို လွန်လျှင် သင်ရို့ထံသို့ လာမည်။

6 ငါသည် သင်ရို့နှင့်အတူ ကာလအတန်ကြာ တည်းနိန်မည်။ ဆောင်းရာသီ တစ်ခုလုံးပင် သင်ရို့နှင့်အတူ နီကောင်းနီပါမည်။ ထို့နောက်မှ ငါ ခရီးပြုလိုရာအရပ်သို့ ပြုနိုင်ရန် သင်ရို့ ကူညီနိုင်ကြလိမ့်မည်။

7 ငါသည် သင်ရို့ထံ၌ ခဏတစ်ဖြုတ် တည်းခိုရုံမျှဖြင့် မလာချင်ပါ။ သခင်ဘုရား ခွင့်ပြုတော်မူလျှင် ကာလအတန်ကြာ သင်ရို့နှင့် နီလိုပါ၏။

8 ပင်တေကုတ္တေပွဲနိ့အထိ ဧဖက်မြို့၌ ငါတည်းခိုနိန်ပါမည်။

9 ထိုမြို့၌ ငါ့ကို ဆန့်ကျင်ဖက်ပြုသောသူတိ ဟိသော်လည်း အကျိုးဟိသောအလုပ်ကို လုပ်ခြင်းငှာ ငါ့အဖို့ လွန်စွာကြီးသော တန်းခါးသည် ဖွင့်လျက်ဟိ၏။

10 အကယ်၍ သင်ရို့ထံသို့ တိမောသေရောက်လာလျှင် သူသည် စိုးရိမ်ခြင်းမဟိဘဲ သင်ရို့နှင့်အတူ နီထိုင်နိုင်ရန် ဂရုစိုက်ကြလော့။ အကြောင်းမူကား သူသည် ငါ့ကဲ့သို့ပင် သခင်ဘုရား၏ အမှုတော်ဆောင်ဖြစ်ပေ၏။

11 သူ့ကို ဇာသူမျှ မလေးမစား မပြုစီကေ့။ သူသည် ငါ့ပါးသို့ ငြိမ်ဝပ်စွာဖြင့် ပြန်လည်ရောက်လာစီခြင်းငှာ ကူညီကြလော့။ အကြောင်းမူကား ငါသည် သူ့အား ယုံကြည်သူ ညီအစ်ကိုများနှင့်အတူ ငါ့ပါးသို့ လာလိမ့်မည်ဟု စောင့်မျှော် နိန်သောကြောင့် ဖြစ်၏။

12 ယခုတွင် ငါရို့ညီ အာပေါလု၏အကြောင်းကို ပြောရမည်ဆိုလျှင်၊ သူသည် အခြားယုံကြည်သူများနှင့်အတူ သင်ရို့ပါးသို့ လားရောက်လည်ပတ်ရန် ငါသည် သူ့အား အထူးပင် အားပီးတိုက်တွန်းပါ၏။ သို့သော် အဂုအခါ သူသည် လာဖို့ရန် ဆန္ဒ အလျင်းမဟိ။ နောက်မှ အခွင့်ကောင်း ကြုံလာသည့်အခါ ရောက်လာပါလိမ့်မည်။


နောက်ဆုံး အမှာစကား

13 နိုးနိုးကြားကြားဟိကြလော့၊ ယုံကြည်ခြင်း၌ ခိုင်မာစွာ ရပ်တည်ကြလော့၊ ရဲစွမ်းသတ္တိနှင့်တကွ ခိုင်ခံ့ကြလော့။

14 ခပ်သိမ်းသောအမှုများ၌ မေတ္တာနှင့် လုပ်ဆောင်ကြလော့။

15 သင်ရို့သည် သတေဖန်နှင့် သူ၏အိမ်သူအိမ်သားရို့အကြောင်းကို သိကြ၏။ သူရို့သည် အခါယပြည်၌ အဦးသီးသော ယုံကြည်သူများဖြစ်၍ ဘုရားသခင်၏လူရို့အား အစီခံရန် သူရို့ကိုသူရို့ ဆက်ကပ်ထားသော သူများပင် ဖြစ်ကြ၏။ ငါ၏ ညီအစ်ကိုမောင်နှမရို့၊

16 ထိုသို့သောသူရို့၏ ခေါင်းဆောင်မှုကို လည်းကောင်း၊ သူရို့နှင့်အတူ အမှုတော်ဆောင်ရွက်ကြသော သူရို့၏ခေါင်းဆောင်မှုကိုလည်းကောင်း လက်ခံကြရန် သင်ရို့အား ငါ တောင်းပန်ပါ၏။

17 ငါသည် သတေဖန်၊ ဖော်တုနက်နှင့် အခါယကုရို့ ရောက်လာကြသဖြင့် ဝမ်းမြောက်ပါ၏။ သူရို့သည် သင်ရို့၏ကိုယ်စား ငါ့ကို ပြုစုပီးကြ၏။

18 သူရို့သည် သင်ရို့၏စိတ်ဝိညာဉ်ကို ရွှင်လန်းစီသကဲ့သို့ ငါ့ကိုလည်း ရွှင်လန်းစီ၏။ ထိုသို့သောသူရို့သည် အသိအမှတ်ပြုခြင်းကို ခံထိုက်ပေ၏။

19 အာယှိပြည်မှ အသင်းတော်များသည် သင်ရို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့် သူရို့အိမ်၌ ဝတ်ပြုကိုးကွယ်ကြသည့် အသင်းဝင်များကလည်း သခင်ဘုရား၏နာမတော်ဖြင့် လိုက်လှဲစွာ နှုတ်ဆက်ကြ၏။

20 ဤအရပ်၌ဟိသော ညီအစ်ကိုမောင်နှမ အပေါင်းကလည်း သင်ရို့ကို နှုတ်ဆက်ကြ၏။ သင်ရို့ အချင်းချင်းသည်လည်း သန့်ယှင်းသော အနမ်းဖြင့် နှုတ်ဆက်ကြလော့။

21 ငါ ပေါလုသည် ဤနှုတ်ဆက်ခြင်းကို ငါ့လက်ဖြင့် ကိုယ်တိုင် ရီးလိုက်ပါ၏။

22 ဇာသူမဆို သခင်ဘုရားကို မချစ်လျှင် — ကျိန်စာသင့်စီသတည်း။ “မာရားနာထာ” သခင်ဘုရား ကြွလာတော်မူပါ။

23 အသျှင်ယေသျှု၏ ကျေးဇူးတော်သည် သင်ရို့၌ သက်ရောက်ပါစီသတည်း။

24 ငါ၏မေတ္တာသည် ခရစ်တော်ယေသျှု၌ ဟိသော သင်ရို့အားလုံးတွင် တည်ပါစီသတည်း။ အာမင်။

The New Testament in Rakhine Language © The Word for the World International and the Rakhine Bible Translation Committee, 2024.

Lean sinn:



Sanasan