Biblia Todo Logo
Bìoball air-loidhne

- Sanasan -

လုကာ 18 - Northern Rakhine

1 ယေပြီးကေ ကိုယ်တော်ယေရှုက တပည့်တော်တိကို စိတ်ပျက်လက်ပျက် ဖြစ်မနီဘဲ နိန့်စိုင် ဆုတောင်းနီရဖို့အကြောင်းကို ပုံဥပမာတစ်ခုနန့် မိန့်တော်မူလီရေ။

2 ကိုယ်တော်က “မြို့တစ်မြို့မာ ဘုရားသျှင်ကို အကြောက်အလန့်မဟိ၊ လူတိကိုလည်း လေးစားမှုမဟိရေ တရားသူကြီးတစ်ယောက် ဟိလီရေ။

3 ယင်းမြို့မာဟိရေ မုဆိုးမ တစ်ယောက်က ယင်းတရားသူကြီးဘားကို အခေါက်ခေါက်အခါခါ လားပနာ ‘အကျွန့်နန့် အကျွန့်ရန်သူ ကြားက အငြင်းပွားနီစွာကို တရားမျှတအောင် စီရင်ပီးပါ’ လို့ လျှောက်လီရေ။

4 အချိန်သင့်ရုံလောက်ကြာရေအထိ တရားသူကြီးက မုဆိုးမ တောင်းဆိုစွာတိကို အရေးမစိုက်ဘဲ နီလီရေ။ ယေကေလည်း နောက်ဆုံးမာ တရားသူကြီးက ‘ငါရေ ဘုရားသျှင်ကိုလည်း မကြောက်၊ လူတိကိုလည်း လေးစားမှုမဟိ။

5 ယေကေလည်း ဒေမုဆိုးမက ငါ့ကို မပြတ်တမ်း အနှောက်ယှက် ပီးနီရေအတွက်နန့် သူမအတွက် တရားမျှတအောင် စီရင်ပီးရဖို့ဗျာလ်။ ယေမှရာ သူမက ငါ့ဘားကို အခေါက်ခေါက်အခါခါ လာပနာ အနှောက်ယှက်ပီးနီစွာ တန့်လီဖို့’ လို့ ကိုယ့်ကိုယ်ကို ပြောနီလီရေ” လို့ မိန့်တော်မူရေ။

6 ယေပြီးကေ အသျှင်က “ယင်းမတရားရေ တရားသူကြီး ပြောနီစွာကို သင်ရို့ စဉ်းစားကြည့်ကတ်ပါ။

7 ဒေပိုင်မတရားရေ တရားသူကြီးကတောင် တစ်ယောက်ယောက်ကို ကူညီကေ ဘုရားသျှင်ကလည်း သူ့ဘားမာ နိန့် ည မပြတ် ဆုတောင်းနီရေ သူရွီးချယ်ထားရေလူတိအတွက် တရားမျှတအောင် လုပ်ပီးဖို့ မဟုတ်လား။ ဘုရားသျှင်က သူရို့ကို ကူညီဖို့ ကြန့်ကြာနီဖို့မဟုတ်။

8 သင်ရို့ကို ငါ ပြောမေ၊ ဘုရားသျှင်က သူရို့အတွက် တရားမျှတအောင် အယင် အယင် စီစိုင် ပီးပါလိမ့်မေ။ ယေကေလည်း ကမ္ဘာကြီးကို လူ့သားတော် ပြန်လို့ ကြွလာရေအချိန်မာ သူ့ကို ယုံကြည်သူတစ်ယောက်ယောက်ကိုတောင် တွိ့ပင်တွိ့နိုင်ဖို့လား” လို့ မိန့်တော်မူလီရေ။

9 ယေပြီးကေ ကိုယ်တော်က ကိုယ့်ကိုယ်ကို ဖြောင့်မတ်တေလို့ ထင်ဗျာလ် အရာလူတိကို အထင်သီးရေလူတိကို ပုံဥပမာတစ်ခုနန့် မိန့်တော်မူပါရေ။

10 ကိုယ်တော်က “တစ်ခါကခါ ဖာရိရှဲတစ်ယောက်နန့် အခွန်ကောက်တစ်ယောက်ရို့က ဘုရားဝတ်ပြုဆုတောင်းဖို့အတွက် ဗိမာန်တော်ကို လားကတ်လီရေ။

11 ဖာရိရှဲက ရပ်ပနာ ကိုယ့်ကိုယ်ကို ‘အို ဘုရားသျှင်၊ ကျွန်တော်က အရာလူတိပိုင် လောဘကြီးသူ၊ မရိုးသားသူ၊ အိမ်ထောင်ရီးဖောက်ပြန်သူလည်း မဟုတ်ရေပိုင် ဒေနီရာက အခွန်ကောက်ပိုင်မျိုး မဟုတ်ရေအတွက်နန့် ဘုရားသျှင်ကို ကျေးဇူးတင်ပါရေ။

12 ကျွန်တော်က တစ်ပတ်မာ နှစ်ရက် အစာမစားဘဲ ဥပုသ်စောင့်ပြီးကေ ကျွန်တော်မာရဟိရေ ဒင်္ဂါးအားလုံးမှ ဆယ်ပုံတစ်ပုံကို ဗိမာန်တော်ကို လှူဒါန်းပါရေ’ လို့ ဆုတောင်းလီရေ။

13 ယေကေလည်း အခွန်ကောက်သူက မနီးမဝီးကရပ်ပနာ အာကာကိုတောင် မော်လို့မကြည့်ဝံ့ဘဲ ရင်ဖတ်ကိုထုဗျာလ် ‘အို ဘုရားသျှင်၊ အပြစ်ဒုစရိုက်သမားဖြစ်တေ ကျွန်တော့်ကို သနားတော်မူပါ’ လို့ ဆုတောင်းလီရေ။

14 သင်ရို့ကို ငါ ပြောမေ။ ယင်းလူနှစ်ယောက် အိမ်ကိုပြန်လို့ရောက်လားရေအခါ ဘုရားသျှင်၏ရှိ့မာ ဖြောင့်မတ်ရေလူက ဖာရိရှဲမဟုတ်ဘဲနန့် အခွန်ကောက်ရေလူရာ ဖြစ်ပါရေ။ ဇာတွက်နန့်ဆိုကေ ကိုယ့်ကိုယ်ကို အမွန်းတင်ရေလူတိုင်းက နှိမ့်ချစွာကို ခံရပြီးကေ ကိုယ့်ကိုယ်ကို နှိမ့်ချရေလူတိုင်းကလည်း ချီးမွမ်းစွာကို ခံရဖို့အတွက်နန့် ဖြစ်တေ” လို့ မိန့်တော်မူလီရေ။

15 တနိန့်မာ လူတစ်ချို့က သူရို့၏အသျှေတိကို ကိုယ်တော်၏လက်နန့် တို့စီပနာ ကောင်းကျိုးမင်္ဂလာရအောင် ကိုယ်တော့်ဘားကို ခေါ်လာကတ်လီရေ။ ယေကေလည်း တပည့်တော်တိက ယင်းချင့်တိကို မြင်ရေခါ ယင်းသူရို့ကို ငေါက်လိုက်ကတ်လီရေ။

16 ယေခါ ကိုယ်တော်က အသျှေတိကို ခေါ်ဗျာလ် “အသျှေတိ ငါဘားကို လာကတ်ပါစီ။ သူရို့ကို မဟန့်ကတ်ပါကေ့။ ဇာတွက်နန့်ဆိုကေ ဘုရားသျှင်၏သာသနာတော်မာ နီထိုင်ရဖို့သူက ဒေအသျှေတိပိုင် ကိုယ့်ကိုယ်ကို နိမ့်ချတတ်သူတိရာ ဖြစ်ရေအတွက်နန့်ဖြစ်တေ။

17 သင်ရို့ကို ငါ အမှန်ပြောရကေ ဘုရားသျှင်၏သာသနာတော်ကို အသျှေတစ်ယောက်ပိုင်မျိုး လက်မခံသူက တစ်ခါလေ့ဝင်ခွင့်ရလီဖို့မဟုတ်” လို့ မိန့်တော်မူပါရေ။

18 အယင်ကခါ ဂျူးလူမျိုးဂေါင်းဆောင်တစ်ယောက်က ကိုယ်တော်ကို “ကောင်းမြတ်တေဆရာ၊ နိစ္စထာဝရအသက်ကိုရဖို့ ကျွန်တော် ဇာလုပ်ရပါဖို့လဲ” လို့ လျှောက်ထားလီရေ။

19 ကိုယ်တော်ယေရှုက သူ့ကို “ ဇာဖြစ်လို့ ငါ့ကို ကောင်းမြတ်သူလို့ ခေါ်ရစွာလဲ။ ဘုရားသျှင်တစ်ပါးတည်းရာ ကောင်းမြတ်သူ ဖြစ်ပါရေ။

20 ဘုရားသျှင်၏ပညတ်တော်တိကို သင် သိပြီးသားဖြစ်တေ။ ယင်းအရာတိမာ ‘အိမ်ထောင်ရီး မဖောက်ပြန်ရ၊ လူမသတ်ရ၊ မခိုးရ၊ လိမ်မပြောရ၊ မိဖတိကို ရိုသီလေးစားပါ’ လို့ ဆိုလိုစွာ ဖြစ်တေ” လို့ မိန့်တော်မူရေ။

21 ယင်းသူကလည်း “ကျွန်တော် အငယ်သျှေကပင် ဒေပညတ်တော်တိအားလုံးကို လိုက်နာစောင့်ထိန်းခပါရေ” လို့ လျှောက်တင်လီရေ။

22 ကိုယ်တော် ယင်းစကားကို ကြားရေအခါ ကိုယ်တော်က “သင် လုပ်စရာတစ်ခု ကျန်သိရေ။ သင်ပိုင်ရေပစ္စည်းဥစ္စာတိအားလုံးကို ရောင်းပြီးကေ ရဟိရေဒင်္ဂါးကို မဟိဆင်းရဲသားတိကို ပီးလှူလိုက်ပါ။ ယင်းပိုင်လုပ်ကေ သင်က ရွှီမြို့တော်မာ စည်းစိမ်ဥစ္စာတိကို ရဟိပါလိမ့်မေ။ ယေပြီးကေ ငါ့တပည့်အဖြစ် ငါ့နောက်ကိုလိုက်ပါ” လို့ မိန့်တော်မူလီရေ။

23 ယင်းဂျူးလူမျိုးဂေါင်းဆောင်က ကောင်းကောင်းချမ်းသာရေလူ ဖြစ်တေအတွက်နန့် ကိုယ်တော်၏စကားကို ကြားရေအခါ ကောင်းကောင်း ဝမ်းနည်းပက်လက် ဖြစ်လီရေ။

24 ယင်းသူ ဝမ်းနည်းပက်လက် ဖြစ်နီစွာကို မြင်ရေအခါ ကိုယ်တော်က “ချမ်းသာသူတိက ဘုရားသျှင်၏သာသနာတော်ကို ဝင်ဖို့ ကောင်းကောင်း ခဲယဉ်းပါရေ။

25 သူဌီးသူကြွီတစ်ယောက်က ဘုရားသျှင်၏သာသနာတော်ကို ဝင်ဖို့ထက် ကုလားအုတ်တစ်ကောင်ကa အပ်နဖားပေါက်ထဲကို ဝင်ဖို့က ပိုလို့ လွယ်ပါလိမ့်မေ” လို့ မိန့်တော်မူလီရေ။

26 ယင်းစကားကို ကြားရေလူထုပရိတ်သတ်ကလည်း ကိုယ်တော်ကို “ယင်းပိုင်ဆိုကေ ဇာပိုင်လူတိက ကယ်တင်စွာကို ခံရပါဖို့လဲ” လို့ လျှောက်ထားလီရေ။

27 ကိုယ်တော်က “လူတိ မလုပ်နိုင်ရေအရာတိကို ဘုရားသျှင်က လုပ်နိုင်ရေ” လို့ မိန့်တော်မူလီရေ။

28 ယေခါ ပေတရုက “ကိုယ်တော်၊ ကျွန်တော်ရို့က အရာအားလုံးကို စွန့်ထားခဗျာလ် ကိုယ်တော့်နောက်ကို လိုက်လတ်စွာဖြစ်ပါရေ” လို့ လျှောက်တင်လီရေ။

29 ကိုယ်တော်က “သင်ရို့ကို ငါ အမှန်ပြောရကေ၊ ဘုရားသျှင်၏သာသနာတော်အတွက် အိမ်၊ မယား၊ ညီအစ်ကို မောင်နှမတိ၊ မိဖတိ၊ သားသမီးတိကို စွန့်လိုက်သူ ဇာသူမဆို

30 အဂုဘဝမာလည်း ကောင်းကျိုးအများကြီး ရဟိပနာ ရွှီမြို့တော်မာလည်း နိစ္စထာဝရအသက်ကို ရဟိပါလိမ့်မေ” လို့ မိန့်တော်မူလီရေ။

31 ယေပြီးကေ ကိုယ်တော်က သာဝက တစ်ဆယ့်နှစ်ပါးကို အနားကိုခေါ်ပြီးကေ “နားထောင်ကတ်။ အဂု ငါရို့က ဂျေရုဆလင်ကို လားရေလမ်းမာ ရောက်နီဗျာလ်။ ရှိ့အယင်ကပင် ပရောဖက်ရို့က လူ့သားတော်နန့် ပတ်သတ်လို့ ရီးထားစွာဟူသမျှရေ ယင်းနီရာမာရာ ဖြစ်ပျက်လာရဖို့ ဖြစ်တေ။

32 သူကို ဂျူးလူမျိုးမဟုတ်သူလက်ထဲကို အပ်ကတ်လိမ့်မေ။ သူရို့က သူ့ကို သရော်ကတ်လိမ့်မေ။ စော်ကားပနာ ပြောကတ်လိမ့်မေ။ တွန်းထွီးနန့်ပစ်ကတ်လိမ့်မေ။

33 ယေပြီးကေ သူရို့က သူကို ကြိမ်နန့်သတ်ပနာ အသီသတ်လိုက် ကတ်လိမ့်မေ။ ယေကေလည်း သုံးရက်မြောက်တေနိန့်မာ သူက အသက်ပြန်ရင်လာပါလိမ့်မေ” လို့ မိန်တော်မူလီရေ။

34 ယေကေလည်း သာဝကရို့က ကိုယ်တော်မိန့်ဆိုရေ အကြောင်းအရာတိကို နားမလည်ကတ်ပါ။ ဇာတွက်နန့်ဆိုကေ ကိုယ်တော်ပြောရေ စကား၏အဓိပ္ပါယ်ကို သူရို့ဘားက အဝှက်ခံထားရရေအတွက်နန့် ယင်းအကြောင်းရင်းတိကို နားမလည်နိုင်စွာ ဖြစ်ပါရေ။

35 ယေပြီးကေ ကိုယ်တော်ယေရှုနန့် တပည့်တော်တိက ဂျေရိခေါမြို့အနားကို ရောက်လာရေအချိန်မာ မျက်ကန်း တစ်ယောက်က လမ်းဘေးမာ ထိုင်ပနာ တောင်းစားနီလီရေ။

36 သူက လူအကျိုင်လိုက် ဖြတ်လားရေအသံကို ကြားရေခါ “ဇာချင့်တိ ဖြစ်နီကတ်လဲ” လို့ မိန်းလိုက်တေ။

37 လူတစ်ချို့ကလည်း သူ့ကို “နာဇရက်မြို့သား ကိုယ်တော်ယေရှု ဒေလမ်းက ဖြတ်လားရေ” လို ပြန်လို့ ပြောလိုက်တေ။

38 ယေခါ သူက “ဘုရင်ဒါဝိဒ်၏သားတော်ယေရှု၊ ကျွန်တော်ကို သနားတော်မူပါ” လို့ အော်လီရေ။

39 ကိုယ်တော်ယေရှု ရှိ့ကလားနီရေလူတိက သူ့ကို တိန်းလို့နီဖို့ ဟောက်လိုက်ကတ်တေ။ ယေကေလည်း သူက “ဘုရင်ဒါဝိဒ်၏သားတော်ယေရှု၊ ကျွန်တော့်ကို သနားတော်မူပါ” လို့ ပိုလို့ အော်လီရေ။

40 ယေခါ ကိုယ်တော်က တန့်နီလိုက်ပြီးကေ ယင်းသူ့ကို ခေါ်လာဖို့ လူတစ်ချို့ကို အမိန့်ပီးလီရေ။ ကိုယ်တော်ဘားကို ယင်းသူ ရောက်လာရေခါ ကိုယ်တော်က

41 “သင့်အတွက် ဇာလုပ်ပီးရဖို့လဲ” လို့ မိန့်တော်မူလို့ ယင်းသူက “ကိုယ်တော်၊ ကျွန်တော် မျက်စိ မြင်ချင်ပါရေ” လို့ လျှောက်ထားပါရေ။

42 ကိုယ်တော်ကလည်း “မျက်စိ မြင်စီ။ သင်၏ယုံကြည်မှုက သင့်ကို ကျိုင်းမာစီဗျာလ်” လို့ မိန့်တော်မူရေ။

43 သူက ချက်ချင်း မျက်စိ မြင်လားပြီးကေ ဘုရားသျှင်ကို ချီးမွမ်းပူဇော်ဗျာလ် ကိုယ်တော်ယေရှု၏နောက်ကို လိုက်လားလီရေ။ ယင်းအဖြစ်တိကို မြင်ရေ လူပရိတ်သတ်အများရို့ကလည်း ဘုရားသျှင်ကို ချီးမွမ်းပူဇော်ကတ်လီရေ။

This translation of the Northern Rakhine Bible is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

Lean sinn:



Sanasan