Online Bible

- Advertisements -



রোমীয় 2 - Marma


ထာဝရဘုရား၏ တရားမျှတခြင်း

1 အသူမဆို ထိုဆိုးယုတ်စာ အလုပ်လုပ်သူရို့ကို တရားစစ်ဆေးရေဆိုကေ ငါ သူ့ကို ပြောဖို့စာကား၊ နင်လည်း သူရို့ပိုင် ဆိုးယုတ်စာ အလုပ်ကို လုပ်နီရေ အရာ အပြစ်အတွက် နင့်မာ အကြောင်းပြစရာ တစ်ခုလည်း မဟိ။ နင် အခြားတစ်ယောက်ကို တရားစစ်ဆေးရေခါ ကိုယ့်ကိုကိုယ် အပြစ်သေ ဖြစ်တေ ဟို့ သက်သီပြရေ။ အကြောင်းကား နင် ကိုယ်တိုင် ထိုဆိုးယုတ်စာ အလုပ်ကို လုပ်နီရို့ပင်လည်း အခြားတစ်ယောက်ကို တရားစစ်ဆေးရေ။

2 ထာဝရဘုရားစာ ထိုဆိုးယုတ်စာ အလုပ်ကို လုပ်သူရို့ကို တရားသဖြင့် စစ်ဆေးရေဆိုစာကို ငါရို့ သိရေ။

3 မိတ်ဆွေ၊ ဆိုးယုတ်စာ အလုပ်ကို လုပ်တေအတွက်န နင် အခြားတစ်ယောက်ကို တရားစစ်ဆေးရေ၊ ယေကေလည်း နင် ကိုယ်တိုင်ပင် ထိုအလုပ်ကို လုပ်နီရေ။ နင် ထာဝရဘုရား၏ အပြစ်ဒါဏ်က ရွတ်ဖို့ ဟို့ မှတ်စာလော?

4 ယင်းပိုင်ဆိုကေ နင်ကား ထာဝရဘုရား၏ ကြီးမြတ်စာ သနားကြင်နာခြင်းန စိတ်ရှည်သည်းခံခြင်းကို အားမနာ လုပ်နီရေ။ အရာ ထာဝရဘုရား နင့်ကို ဇာဖို့ သနားကြင်နာလီရေလည်းဆိုစာကို နင် မိလားခဗျာ။ ထာဝရဘုရားစာ နင့်ကို အပြစ်က စိတ်လှည့်ရို့ လာစီချင်ရေအတွက်န နင့်ကို သနားကြင်နာလီစာ ဖြစ်တေ။

5 ယေကေလည်း နင့်မာ စိတ်ကျန်းရေအတွက်န နင် အပြစ်က စိတ်လှည့်ရို့ လာဖို့ မလို။ နင်စာ ထာဝရဘုရားကို မန်မြှောင့်ပီးနီရေ။ ယင်းအတွက်န ထာဝရဘုရား၏ အငြိုဒေါသ ပေါ်ထွန်းရေနိမာ နင် ကြောက်လန့်စရာ အပြစ်ဒါဏ်ကို ခံရလိမည်။ ယင်းနိမာ ထာဝရဘုရား၏ တရားသဖြင့် စစ်ဆေးခြင်းကို လူရို့ မြင်ရကတ်လိမည်။

6 ထာဝရဘုရားစာ လူတိုင်းကို ကိုယ်ရို့ လုပ်ခရေအတိုင်း ထိုက်တန်စာ အကျိုးကို ပီးလိမည်။

7 ထာဝရဘုရားက ဘုန်းတန်ခိုး၊ ရိုသေခြင်း အရာ မပျက်စီးနိုင်စာ အသက်ကို ရဖို့လိုသူရို့စာ စိတ်ရှည်သည်းခံခြင်းန ကောင်းမြတ်စာ အလုပ်တိကို လုပ်နီကတ်တေ။ ယင်းအတွက်န ထာဝရဘုရားစာ သူရို့ကို ထာဝရအသက် ပီးလိမည်။

8 ယေကေလည်း ကိုယ်ရို့စိတ်တချင် နီထိုင်သူရို့စာ အရာ မှန်ကန်ခြင်းကို ပယ်ရို့ မှားယွင်းခြင်းကို လက်ခံသူရို့စာ ထာဝရဘုရား၏ ကြောက်လန့်စရာ အပြစ်ဒါဏ်ကို ခံရကတ်လိမည်။

9 ဆိုးယုတ်စာ အလုပ်ကို လုပ်သူရို့ တစ်ယောက်မကျန် ကြောက်လန့်စရာ ဖီးဒုက္ခန ဝေဒနာကို ခံရကတ်လိမည်။ ပထမဆုံး ယုဒလူမျိုးရို့၊ ယင်းနောက် ယုဒမဟုတ်သူရို့ ခံရကတ်လိမည်။

10 ယေကေလည်း ကောင်းမြတ်စာ အလုပ်ကို လုပ်သူရို့စာ ဘုန်းတန်ခိုး၊ ရိုသေခြင်း အရာ ငြိမ်းချမ်းခြင်းကို ရကတ်လိမည်။ ပထမဆုံး ယုဒလူမျိုးရို့၊ ယင်းနောက် ယုဒမဟုတ်သူရို့ ရကတ်လိမည်၊

11 အကြောင်းကား ထာဝရဘုရားစာ အားကုံးသူကို တစ်ညီတည်း မျက်စိန ကြည့်ရေ။

12 ယုဒမဟုတ်သူရို့စာ မောရှေ၏ ပညှတ်တရားကို မရလီကတ်ကေလည်းသောက် သူရို့ အပြစ် လုပ်ကတ်တေဆိုကေ ပျက်စီးခြင်းကို ခံရကတ်လိမည်။ ယေကေလည်း ယုဒလူမျိုးရို့စာ မောရှေ၏ ပညှတ်တရားကို ရကတ်လီရေ။ သူရို့စာ ပညှတ်တရားကို သိရို့အတိုင်းလည်း အပြစ် လုပ်ကတ်တေဆိုကေ ပညှတ်တရားအတိုင်း စစ်ဆေးခြင်းကို ခံရကတ်လိမည်။

13 အကြောင်းကား သက်သက် ပညှတ်တရားကို နားထောင်သူရို့စာ ထာဝရဘုရား၏ ရှိက အပြစ်နကင်းသူ မဖြစ်နိုင်။ ယေကေလည်း ပညှတ်တရားကို လိုက်နာသူရို့ရာ ထာဝရဘုရား၏ ရှိက အပြစ်နကင်းသူ ဖြစ်နိုင်ရေ။

14 ယုဒမဟုတ်သူရို့စာ မောရှေ၏ ပညှတ်တရားကို မရလီကတ်၊ ယေကေလည်း သူရို့စာ ပညှတ်တရားမာ ရွီးထားစာပိုင် ကိုယ်ရို့ စိတ်သဖေါန နီထိုင်ကတ်တေ။ ယင်းအတွက်န သူရို့စာ ပညှတ်တရားကို မရကတ်ကေလည်းသောက် သူရို့ ဇာ လုပ်ဖို့ သင့်ရေ၊ မသင့်ဆိုစာကို သိရေ ဟို့ ပြကတ်တေ။

15 သူရို့ အလုပ်ကနီရို့ သိရစာကား၊ ပညှတ်တရားအတိုင်း ဇာ လုပ်သင့်ရေ မလုပ်သင့်ဆိုစာကို သူရို့ စိတ်နှလုံးမာ ရွီးရို့ ဟိရေ။ ဇာ လုပ်သင့်ရေ မလုပ်သင့်ဆိုစာကို သူရို့မာ အသိညာဏ်လည်း ပြောရေ။ သူရို့မာ အသိညာဏ်စာ တစ်ခါတစ်ရီ သူရို့ကို အပြစ်တင်ရေ အရာ တစ်ခါတစ်ရီ သူရို့ကို ထောက်ခံရေ။

16 ငါ ဟောပြောစာ သတင်းကောင်းအတိုင်း လူရို့မာ ဟိသမျ ဖုံးရွှက်ခြင်းကို ယေရှုခရစ်တော်ကနီရို့ ထာဝရဘုရား တရားစစ်ဆေးလိမည်။ ထာဝရဘုရား တရားစစ်ဆေးရေနိမာ ထို ဟိသမျ ဖုံးရွှက်ခြင်း ပေါ်လာလိမည်။


ပညှတ်တရားန ယုဒလူမျိုး

17 နင့် အခြေအနေကား ဇာပိုင်လည်း? နင် ကိုယ့်ကိုကိုယ် ယုဒလူမျိုး ဖြစ်တေ ဟို့ အသိပီးနီရေ။ နင် မောရှေ၏ ပညှတ်တရားကို အားကိုးနီရေ အရာ ကိုယ့်ကိုကိုယ် ထာဝရဘုရား၏ သားသမီး ဖြစ်တေ ဟို့ ဘော်ကြော့ကြင်းနီရေ။

18 နင် ပညှတ်တရားကို သင်ယူလီရေအတွက်န ထာဝရဘုရား၏ အလိုတော်ကို သိရေ အရာ ကောင်းမြတ်စာတိကိုလည်း သိရေ။

19 နင် မျက်ကန်းရို့ကို လမ်းပြနီရေ အရာ အမိုက်မှောင်မာ ဟိသူရို့ကို အလင်း ပီးနီရေ ဟို့ ကိုယ့်ကိုကိုယ် ထင်ရေ။

20 နင် လူဘောရို့ကို ဆုံးမဩဝါဒ ပီးနီရေ အရာ ပညှတ်တရားကို မသိနားမလည်သူရို့ကို သွန်သင်ပီးနီရေ ဟို့ ထင်ရေ။ အရာ နင်စာ ပညှတ်တရားကို ရထားရေအတွက်န ဟိသမျ ညာဏ်ပညာန မှန်ကန်ခြင်းလည်းသောက် နင့်မာ ဟိရေ ဟို့ ထင်ရေ။

21 ကောင်းရေ၊ နင် အခြားတစ်ယောက်ကို သွန်သင်ပီးနီရေ။ ယင်းပိုင်ဆိုကေ နင် ဇာဖို့ ကိုယ့်ကိုကိုယ် သွန်သင် မပီးစာလည်း? အကြောင်းကား နင်ကား၊ “မခိုးရ” ဟို့ အခြားတစ်ယောက်ကို သွန်သင်ပီးနီရေ၊ ယေကေလည်း နင် ကိုယ်တိုင် ခိုးနီရေ မဟုတ်လော?

22 “ကာမဂုဏ် မလိုက်စားရ” ဟို့ နင် ဟောပြောနီရေ၊ ယေကေလည်း နင် ကိုယ်တိုင် ကာမဂုဏ် လိုက်စားနီရေ မဟုတ်လော? နင်ကား ရုပ်တုကို ရွန်ရေ၊ ယေကေလည်း နင် ကိုယ်တိုင် ရုပ်တုကျောင်းမာ ဝင်ရို့ ခိုးယူခရေ မဟုတ်လော?

23 နင်စာ ပညှတ်တရားကို ယူရို့ ဘော်ကြော့ကြင်းနီရေ၊ ယေကေလည်း နင် ကိုယ်တိုင် ပညှတ်တရားကို ပယ်ဖျက်ရို့ ထာဝရဘုရားကို ဘုန်းသိက္ခာ ချရေ။

24 ကျမ်းစာမာ ဒေပိုင် ရွီးရို့ ဟိရေ၊ “ယုဒမဟုတ်သူရို့စာ နင်ရို့ အကြောင်းန ထာဝရဘုရားကို ပုတ်ခတ်ရို့ စကား ပြောကတ်တေ။”

25 နင် ပညှတ်တရားကို လိုက်နာရေဆိုကေ နင့်မာ အရီဖျားလှီးမင်္ဂလာစာ တန်ဖိုး ဟိရေ၊ ယေကေလည်း နင် ပညှတ်တရားကို မလိုက်နာဆိုကေ အသျှင်းလည်း အရီဖျားလှီးမင်္ဂလာကို မခံဖူးသူနတူရေ။

26 ယုဒမဟုတ်သူရို့စာ အရီဖျားလှီးမင်္ဂလာကို မခံယူကတ်၊ ယေကေလည်း သူရို့ ပညှတ်တရားကို လိုက်နာကတ်တေဆိုကေ ထာဝရဘုရား သူရို့ကို ကိုယ့်လူအဖြစ် သတ်မှတ်ဖို့ မဟုတ်လော?

27 နင့်ဘားမာ အက္ခရာန ရွီးထားစာ ပညှတ်တရား ဟိရေ အရာ နင်စာ အရီဖျားလှီးမင်္ဂလာကိုလည်း ခံယူပြီးဗျာ။ ယေကေလည်း နင် ထိုပညှတ်တရားကို ဖျက်ပယ်ရေအတွက်န ယုဒမဟုတ်သူရို့စာ နင့်ကို အပြစ်တင်ကတ်လိမည်၊ အကြောင်းကား သူရို့စာ အရီဖျားလှီးမင်္ဂလာကို မခံယူကတ်ကေလည်း ပညှတ်တရားကို လိုက်နာနီကတ်တေ။

28 သက်သက် ပြင်ဖက်က ယုဒလူမျိုး ဖြစ်သူစာ ယုဒလူမျိုး အစစ် မဟုတ်။ အရာ ကိုယ်ခန္ဓာပြင်က အရီဖျားလှီးမင်္ဂလာကို ခံယူသူစာ အစစ် အရီဖျားလှီးမင်္ဂလာ ခံယူသူ မဟုတ်။

29 ယေကေလည်း စိတ်နှလုံးထဲမာ အရီဖျားလှီးမင်္ဂလာကို ခံယူသူရာ ယုဒလူမျိုး အစစ် ဖြစ်တေ။ ထိုအရီဖျားလှီးမင်္ဂလာကို ခံယူခြင်းစာ ဝိညာဉ်နဆိုင်ရေ အရာ အက္ခရာန ရွီးထားစာ ပညှတ်တရားကို လိုက်နာခြင်းန မဆိုင်။ စိတ်နှလုံးထဲမာ အရီဖျားလှီးမင်္ဂလာကို ခံယူသူရို့စာ လူရို့က ချီမွမ်းခြင်းကို မရကတ်ကေလည်း ထာဝရဘုရားက ရကတ်တေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Follow us:



Advertisements