Online Bible

- Advertisements -



ဗျာဒိတ် 2 - Marma


ဧဖက်မြို့မာဟိစာ အသင်းတော်တို့ စာရွီးခြင်း

1 “ဧဖက်မြို့မာဟိစာ အသင်းတော် တမန်တို့ ဒေပိုင် ရွီးရို့ ပို့လိုက်။ ကြယ်ခုနစ်လုံးကို ညာဖက်အလက်န ကိုင်ရို့ ဆီမီးကျိုင် ခုနစ်ချောင်းအလယ်မာ လည်နီသူစာ ဒေ စကားကို ပြောရေ၊

2 နင့် အကျင့်သီလ၊ နင့် ကြိုးစားအားထုတ်ခြင်း အရာ နင့် သည်းခံခြင်း အကြောင်းကို ငါ သိရေ။ ငါ အရာလည်း သိရေ၊ နင်စာ လူဆိုးရို့ကို လက်မခံနိုင်။ အရာ တမန်တော် မဟုတ်ဘိုင်းန ကိုယ်ရို့ကို တမန်တော် ဖြစ်တေ ဟို့ ပြောနီသူရို့ကို နင် စစ်ဆေးရို့ ကြည့်လီရေ အရာ ထိုလူရို့စာ ဘောရီးတတ် ဖြစ်ကတ်တေဆိုစာကို နင် သိရလီရေ။

3 နင့်မာ သည်းခံခြင်း ဟိရေ အရာ နင် ငါ့အကြောင်းန ကောင်းကောင်း ဒုက္ခကို ခံရနီရေ၊ ယေကေလည်း နင် အားမသျှော့ဘိုင်းန တတိုင်းမမြိုင်း ရပ်နီရေ။

4 ယေကေလည်း ငါ နင့်ကို အပြစ်တင်ရို့ စကားပြောစရာ ဟိရေ။ နင် ပထမဆုံးခါ ငါ့ကို ကောင်းကောင်း ချစ်လီရေ၊ ယေကေလည်း နင် ဒေဂု ငါ့ကို ယင်းပိုင် မချစ်ပျာ။

5 နင် ဇာလှောက် ဆုတ်ယုတ်ခြင်းတို့ ရောက်နီဗျာလည်းဆိုစာကို နင် ကိုယ့်ကိုကိုယ် စဉ်းစားရို့ကြည့်။ နင် စိတ်ပြောင်းလှဲရို့ ပထမဆုံး လုပ်ခစာ အလုပ်တိကို ပြန်ရို့လုပ်။ ယင်းပိုင် မဟုတ်ဆိုကေ ငါ နင့်တို့ လာရို့ နင့် ဆီမီးကျိုင်ကို ယင်းနေရာက ရွှိဘိုက်လိုက်ဖို့။

6 ယေကေလည်း နင် ကောင်းမြတ်စာ အလုပ်တစ်ခု လုပ်နီရေ။ နင် ငါ့ပိုင်တထန် နိကောလအဖွဲ့သားရို့ လုပ်ကတ်စာ အလုပ်တိကို မုန်းရေ။

7 “အသင်းတော်တိကို သန့်ရှင်းသောဝိညာဉ်တော် ဇာ ပြောရေလည်းဆိုစာကို နားထောင်ချင်သူရို့ နားထောင်ကတ်။ အောင်မြင်ဖို့သူကို ထာဝရဘုရား၏ ပရဒိသုဖုံမာဟိစာ အသက်အပင်က အသီးကို ငါ စားဖို့အခွင့် ပီးဖို့။


စမုရနမြို့မာဟိစာ အသင်းတော်တို့ စာရွီးခြင်း

8 “စမုရနမြို့မာဟိစာ အသင်းတော် တမန်တို့ ဒေပိုင် ရွီးရို့ ပို့လိုက်။ အစန အဆုံးဖြစ်သူ အရာ သီလားခရို့ ပြန်ရှင်ထမြောင့်သူစာ ဒေ စကားကို ပြောရေ၊

9 နင် ဒုက္ခကို ခံရခြင်းန နင့် ဆင်းရဲခြင်း အကြောင်းကို ငါ သိရေ၊ ယေကေလည်း နင်စာ ဝိညာဉ်၏ ဖက်က ချမ်းသာသူတစ်ယောက် ဖြစ်တေ။ တစ်ချိုးလူရို့ နင်ရို့ကို ဆန့်ကျင်ရို့ စကား ပြောနီကတ်တေဆိုစာကို ငါ သိရေ။ သူရို့စာ ယုဒလူမျိုး မဟုတ်ဘိုင်းန ကိုယ်ရို့ကို ယုဒလူမျိုး ဖြစ်တေ ဟို့ ပြောနီကတ်တေ၊ ယေကေလည်း သူရို့စာ မာရ်နတ်၏ အဖွဲ့သား ဖြစ်ကတ်တေ။

10 နင် ခံရဖို့စာ ဒုက္ခ-ဝေဒနာတိကို ယူရို့ မကြောက်ကေ့။ ကြည့်၊ မာရ်နတ် နင်ရို့ကို စုံစမ်းဖို့အတွက် နင်ရို့အထဲက လူလိုင်းကေယောက်ကို ဖမ်းရို့ ထောင်မာ ထည့်လိမည်။ နင်ရို့ ဆယ်ရက်ပတ်လုံး ဒုက္ခ-ဝေဒနာကို ခံရကတ်လိမည်။ နင် အသီခံရဖို့စာတထိ သစ္စာန နီရေဆိုကေ ငါ နင့်ကို အောင်ဆုသရဖူအဖြစ် အသက်ကို ပီးမည်။

11 အသင်းတော်တိကို သန့်ရှင်းသောဝိညာဉ်တော် ဇာ ပြောရေလည်းဆိုစာကို နားထောင်ချင်သူရို့ နားထောင်ကတ်။ ဒုတိယ သီခြင်းစာ အောင်မြင်ဖို့သူကို ဘေးအန္တရာယ် ပီးလိမည် မဟုတ်။


ပေရဂံမြို့မာဟိစာ အသင်းတော်တို့ စာရွီးခြင်း

12 “ပေရဂံမြို့မာဟိစာ အသင်းတော် တမန်တို့ ဒေပိုင် ရွီးရို့ ပို့လိုက်။ နှစ်ဖက်စုံက ပြတ်စာ ဒါးသျှေကို ပိုင်သူစာ ဒေ စကားကို ပြောရေ၊

13 နင် ဇာ နေရာမာ နီထိုင်ရေလည်းဆိုစာကို ငါ သိရေ။ နင် နီထိုင်စာနေရာမာ မာရ်နတ်၏ ပလ္လင် ဟိရေ။ ယေကေလည်း နင့်မာ သစ္စာဟိရေ၊ ယင်းထက်မက မာရ်နတ်၏ ပလ္လင်ရှိက ငါ့မာ သစ္စာဟိစာ သက်သီခံ အန္တိပကို အသီသတ်လီရေခါလည်း နင် ငါ့ကို မငြင်းလီ။

14 ယေကေလည်း ငါ နင့်ကို အပြစ်တင်ရို့ စကားတစ်ခွန်းနှစ်ခွန်း ပြောစရာ ဟိရေ။ နင့်အထဲမာ တစ်ချိုးလူရို့စာ ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာရို့ နီကတ်တေ။ ဣသရေလလူမျိုးရို့ကို ရုပ်တုဘားမာ ပူဇော်စာ အစားအစာန ကာမဂုဏ် လိုက်စားခြင်းကနီရို့ အပြစ်လမ်းတို့ ယူလာဖို့အတွက် ဗာလမ်စာ ဗာလက်မင်းကို အကြံပီးလီရေ။

15 သူရို့ကို အပယ် နင့်အထဲမာ အရာလည်း တစ်ချိုးလူရို့ ဟိကတ်သိရေ။ သူရို့စာ နိကောလအဖွဲ့သားရို့ သွန်သင်ချက်ကို လိုက်နာရို့ နီကတ်တေ။

16 ယင်းအတွက်န နင် စိတ်ပြောင်းလှဲ။ ယင်းပိုင် မဟုတ်ဆိုကေ ငါ နင့်တို့ အယင်အမြန် လာရို့ ငါ့ပစက ထွက်စာ ဒါးသျှေန နိကောလအဖွဲ့သားရို့ သွန်သင်ချက်ကို လိုက်နာသူရို့ကို ဆန့်ကျင်ရို့ စစ်တိုက်ဖို့။

17 “အသင်းတော်တိကို သန့်ရှင်းသောဝိညာဉ်တော် ဇာ ပြောရေလည်းဆိုစာကို နားထောင်ချင်သူရို့ နားထောင်ကတ်။ အောင်မြင်ဖို့သူကို ရွှက်ထားစာ မန္နမုန့်ကို ငါ စားဖို့ ပီးဖို့ အရာ သူ့ကို ကျောက်ဖြူတစ်လုံး ပီးဖို့။ ထိုကျောက်ဖြူမာ နာမည်အသစ်တစ်ခု ရွီးရို့ ဟိလိမည်။ ထိုနာမည်ကို တစ်ယောက်လည်း သိကတ်လိမည် မဟုတ်။ ထိုကျောက်ဖြူကို ရသူရာ နာမည်ကို သိရလိမည်။


သွာတိရမြို့မာဟိစာ အသင်းတော်တို့ စာရွီးခြင်း

18 “သွာတိရမြို့မာဟိစာ အသင်းတော် တမန်တို့ ဒေပိုင် ရွီးရို့ ပို့လိုက်။ ထာဝရဘုရား၏ သားတော်မာ မျက်စိစာ မီးညွန့်နတူရေ အရာ သူ့အခြီစာ မီးန စင်အောင်ချွတ်စာ ကြီးဝါနတူရေ။ သူစာ ဒေ စကားကို ပြောရေ၊

19 နင့် အကျင့်သီလ၊ ချစ်ခြင်းမေတ္တာ၊ ကျုံခြင်းတရား၊ ပြုဇုခြင်း အရာ သည်းခံခြင်း အကြောင်းကို ငါ သိရေ။ အရာ နင် ပထမဆုံး လုပ်လီစာ အလုပ်တိထက် ဒေဂု အရာလည်း ပိုရို့ လုပ်နီရေဆိုစာကိုလည်း ငါ သိရေ။

20 ယေကေလည်း ငါ နင့်ကို အပြစ်တင်ရို့ စကားပြောစရာ ဟိရေ။ နင်စာ ယေဇဗေလနာမည်န မိန်းမတစ်ယောက်ကို မတရားအလုပ် လုပ်ဖို့ အခွင့်ရေး ပီးထားရေ။ ယေဇဗေလစာ ကိုယ့်ကိုကိုယ် ဘုရားသတင်းပို့သူ မိန်းမတစ်ယောက် ဖြစ်တေ ဟို့ ပြောနီရေ။ ထိုမိန်းမ၏ မှားယွင်းစာ သွန်သင်ချက် အကြောင်းန ငါ့လူရို့ အပြစ်လမ်းတို့ လားခကတ်ပျာ။ သူရို့ ကာမဂုဏ် လိုက်စားနီကတ်ပျာ အရာ ရုပ်တုဘားမာ ပူဇော်စာ အစားအစာတိကိုလည်း စားနီကတ်ပျာ။

21 ငါ ယေဇဗေလကို ကာမဂုဏ် လိုက်စားခြင်းက စိတ်လှည့်ဖို့အတွက် အချိန် ပီးလီရေ၊ ယေကေလည်း သူစာ စိတ်လှည့်ရို့ လာဖို့စာကို မလိုလီ။

22 ယင်းအတွက်န ငါ သူ့ကို အနာရောဂါ ပီးရို့ အိပ်ရာမာ ချထားဖို့ အရာ သူန ကာမဂုဏ် လိုက်စားသူရို့စာ စိတ်လှည့်ရို့ မလာဆိုကေ ငါ သူရို့ကို ကြောက်လန့်စရာ ဒုက္ခမာ ချဖို့။

23 အရာ ထိုမိန်းမ၏ သွန်သင်ချက်ကို လိုက်နာနီသူရို့ကိုလည်း ငါ အသီသတ်ဘိုက်လိုက်ဖို့။ ယင်းခါရာ လူရို့ စိတ်န နှလုံးသားကို ငါ စစ်ဆေးရို့ ကြည့်ရေဆိုစာကို ဟိသမျ အသင်းတော်မာဟိစာ လူရို့ သိရကတ်လိမည်။ နင်ရို့ အားကုံးသူကို အလုပ်န ထိုက်တန်စာ အကျိုးကို ငါ ပီးဖို့။

24 “အိုး သွာတိရမြို့မာ ဟိကတ်စာ အခြားလူရို့၊ နင်ရို့ ယေဇဗေလ၏ သွန်သင်ချက်ကို မလိုက်နာကတ် အရာ မာရ်နတ်၏ အနက် သွန်သင်ချက်တိကိုလည်း နင်ရို့ မရလီကတ်။ ယင်းအတွက်န ငါ နင်ရို့ကို ပြောရေ၊ အခြား တစ်ခုအလီးကိုလည်း ငါ နင်ရို့ကို မထန်းစီဗျာ။

25 သက်သက် နင်ရို့မာ ဟိစာအဆီလှောက်ကို ငါ မလာသကြား နင်ရို့ နနောင်းတည်းရို့ ထားလီကတ်။

26-27 ငါ့အဖစာ ဟိသမျ လူမျိုးရို့ကို အုပ်ချုပ်ဖို့အတွက် ငါ့ကို အခွင့်အာဏာ ပီးလီရေ။ ယင်းပိုင်တထန် အောင်မြင်ဖို့သူကို အရာ ငါ့အလိုအတိုင်း အဆုံးတိုင်အောင် တတိုင်းမမြိုင်းနီသူကို ငါ အုပ်ချုပ်ဖို့ ပီးဖို့။ သူစာ ဟိသမျ လူမျိုးကို သံဒုတ်န ကကြမ်းတတမ်း အုပ်ချုပ်လိမည် အရာ သူစာ လူရို့ကို မြေအိုးကို ခွဲစာပိုင် တထွပ်အကြီ ခွဲဘိုက်လိမည်။

28 အရာ အောင်မြင်ဖို့သူကို ငါ မိုးသောက်ကြယ်ကြီးကိုလည်း ပီးဖို့။

29 အသင်းတော်တိကို သန့်ရှင်းသောဝိညာဉ်တော် ဇာ ပြောရေလည်းဆိုစာကို နားထောင်ချင်သူရို့ နားထောင်ကတ်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Follow us:



Advertisements