Online Bible

- Advertisements -



၂တိမောသေ 2 - Marma


ခရစ်တော်ယေရှု၏ ကောင်းမြတ်စာ စစ်သားတစ်ယောက်

1 ငါ့သား တိမောသေ၊ နင် ယေရှုခရစ်တော်၏ ကျေးဇူးတော်ကနီရို့ အားခွန်န ပြည့်စုံစီ။

2 နင် လူအများကြီး ရှိမာ ငါ့ သွန်သင်ချက်တိကို ကြားလီရေ။ ယင်းသွန်သင်ချက်တိစာ မပျောက်ရအောင် နင် သစ္စာနပြည့်စုံစာ လူရို့ကို သွန်သင်ပီးလီ။ သူရို့စာ အခြားလူရို့ကို သွန်သင်ပီးဖို့ နိုင်ကတ်ရဖို့။

3 ခရစ်တော်ယေရှု၏ ကောင်းမြတ်စာ စစ်သား တစ်ယောက်အဖြစ် နင် ငါရို့နအတူ ဒုက္ခကို ခံယူ။

4 စစ်သား တစ်ယောက်စာ စစ်တိုက်ဖို့ လားရေခါ သက်သက် ကိုယ့် စစ်ဗိုလ်ကြီးကို နှစ်သက်အောင် လုပ်ပီးချင်ရေ။ ယင်းအတွက်န သူစာ စစ်တိုက်ဖို့စာကို ပယ်ရို့ အရာအခြား တစ်ခုကိုလည်း မစဉ်းစား။

5 အရာ အားကစားသမား တစ်ယောက်စာ ဟိသမျ စည်းကမ်းနည်းလမ်းကို မလိုက်နာဆိုကေ သူစာ အောင်ဆုကို မရနိုင်။

6 အပင်ပန်းခံရို့ လယ်လုပ်စာ လယ်သမား တစ်ယောက်စာ ပထမဆုံး ရိတ်သိမ်းစာ အသီးအနှံ အဝီကို ရသင့်ရေ။

7 ငါ ပြောစာစကားတိကို နင် စဉ်းစားရို့ ကြည့်လီ။ ထိုစကားတိကို နင် နားလည်ဖို့အတွက် အသျှင်စာ နင့်ကို ညာဏ်ပညာ ပီးလိမည်။


ယေရှုခရစ်တော်၏ သတင်းကောင်း

8 နင် ယေရှုခရစ်တော် အကြောင်းကို မှတ်ထား၊ သူစာ ဒါဝိဒ်မင်း၏ အမျိုးအနွယ်သား ဟိလီရေ အရာ သူစာ သီပြီးရေနောက် သီရာက ပြန်ရှင်ထမြောင့်လီရေ။ ဒေ အကြောင်းစာ သတင်းကောင်း ဖြစ်တေ။ ငါ ဒေ သတင်းကောင်းကို လူရို့ဘားမာ ဟောပြောနီရေ။

9 ယင်းအတွက်န ငါစာ ဒုက္ခကို ခံနီရရေ။ ငါစာ အပြစ်သေ တစ်ယောက်ပိုင် သံကျိုက်ကြိုးန အချိုင် ခံနီရရေ၊ ယေကေလည်း ထာဝရဘုရား၏ စကားတော်ကိုကား ချိုင်ထားရို့ မရ။

10 ယင်းအတွက်န ငါစာ ထာဝရဘုရား ရွီးကောက်သူရို့ကို ကယ်တင်ခြင်း ရစီချင်ရေ။ သူရို့စာ ထိုကယ်တင်ခြင်းကို ခရစ်တော်ယေရှုကနီရို့ ရကတ်လိမည် အရာ သူရို့စာ ထာဝရ ဘုန်းတန်ခိုးကို ရကတ်လိမည်။ ယင်းအတွက်န ငါ ဟိသမျ အားကုံးကို သည်းခံနီရေ။

11 ကျုံဖို့ကောင်းစာ စကား ဖြစ်တေကား၊ ငါရို့စာ ခရစ်တော်နအတူ သီလားခရေဆိုကေ ငါရို့ သူနအတူ အသက်ရှင်ရို့ နီကတ်ဖို့။

12 ငါရို့စာ စိတ်ရှည်သည်းခံခြင်းန နီရေဆိုကေ ငါရို့ သူနအတူ ကမ္ဘာကို အုပ်စိုးကတ်ဖို့။ ငါရို့ သူ့ကို ငြင်းပယ်ရေဆိုကေ သူလည်း ငါရို့ကို ငြင်းပယ်လိမည်။

13 ငါရို့ သစ္စာ မဟိကေလည်း သူစာ သစ္စာ ဟိရေ၊ အကြောင်းကား သူစာ ကိုယ့်ဂတိသစ္စာကို မဖျက်နိုင်။


ထာဝရဘုရား နှစ်သက်စာ အလုပ်သမား

14 ငါ ပြောလီစာ စကားတိန ငါ ပြောဖို့စာ စကားတိကို နင် လူရို့ဘားမာ အပြန်ပြန် ပြောပြလီ။ အဓိပ္ပါယ် မဟိစာ စကားတိကို ယူရို့ အငြင်းအခုံ မလုပ်ရအောင် နင် သူရို့ကို ထာဝရဘုရား၏ ရှိမာ သတိပီးလီ။ ထိုငြင်းခုံခြင်းစာ တစ်ယောက်ကိုလည်း အကျိုးမပီး၊ ယေကေလည်း ထိုငြင်းခုံခြင်းကို ကြားသူရို့ကို အများကြီး ပျက်ဆုံးအောင် လုပ်တေ။

15 နင်စာ ထာဝရဘုရားကို နှစ်သက်အောင် လုပ်စာ အလုပ်သမား တစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားလီ။ ယင်းအဓိပ္ပါယ် ဖြစ်တေကား၊ နင် ရှက်ကောင်းဖွယ်ရာ အလုပ်တိကို မလုပ်ရ၊ ယေကေလည်း နင်စာ ထာဝရဘုရား၏ စကားတော်ကို အမှန်အတိုင်း သွန်သင်ပီးရဖို့။

16 ထာဝရဘုရား အကျိုးမပီးစာ စကားတိကို နင် ရှောင်ရို့ နီလီ။ ထိုစကားတိစာ လူရို့ကို ထာဝရဘုရားန ဝီးကွာစီရေ။

17 ထိုစကားတိစာ အသားပုတ်ကျစာ ခူနာရောဂါပိုင် ပြန့်ကျယ်လိမည်။ ဟုမေနဲန ဖိလတ်စာ ထိုစကားတိကို သွန်သင်ပီးနီကတ်တေ။

18 သူရို့စာ မှန်ကန်ခြင်းကို စွန့်ဘိုက်လိုက်ကတ်ပျာ။ ယင်းအတွက်န သူရို့ နှစ်ယောက်စာ၊ “သီသူရို့ သီရာက ပြန်ရှင်ထမြောင့်လားခကတ်ပျာ” ဆိုပြီးကေ ကျုံသူရို့ကို အမှား သွန်သင်ပီးနီကတ်တေ။ သူရို့ သွန်သင်ချက်ကို ကြားရို့ တစ်ချိုးလူရို့မာ ကျုံခြင်းတရား ပျက်လားခပျာ။

19 ယေကေလည်း ထာဝရဘုရားစာ အုပ်မြစ်ကို ကျကျန်းနနောင်း တည်လီရေ။ ထိုအုပ်မြစ်အထက်မာ ရွီးရို့ ဟိရေ၊ “ထာဝရဘုရားစာ ကိုယ့်လူရို့ကို သိရေ။” အရာလည်း ရွီးရို့ ဟိရေ၊ “အသူမဆို ကိုယ့်ကို ထာဝရဘုရား၏ လူတစ်ယောက် ဖြစ်တေ ဟို့ ပြောရေဆိုကေ ယင်းသူစာ ဟိသမျ မကောင်းစာ အလုပ်တိကို စွန့်ဘိုက်လိုက်ရဖို့။”

20 သူဌေးအိမ်မာ သက်သက် ရွှေ-ငွေန လုပ်စာ လောင်ပန်းတိ ဟိစာ မဟုတ်သိ၊ သစ်ပင်နလုပ်စာ လောင်ပန်းန မြေနလုပ်စာ လောင်ပန်းတိလည်း ဟိရေ။ ရွှေ-ငွေန လုပ်စာ လောင်ပန်းတိကို အဆင့်အမြင့်နေရာမာ အသုံးပြုရေ အရာ သစ်ပင်နလုပ်စာ လောင်ပန်းတိန မြေနလုပ်စာ လောင်ပန်းတိကို ရိုးရိုးနေရာမာ အသုံးပြုရေ။

21 ယင်းအတွက်န အသူမဆို မကောင်းစာ အလုပ်တိကို စွန့်ရို့ ကိုယ့်ကို သန့်စင်အောင် လုပ်တေဆိုကေ သူစာ အဆင့်အမြင့်နေရာမာ အသုံးပြုစာ လောင်ပန်းနတူလိမည်။ ယင်းခါ သူစာ သန့်ရှင်းသူ ဖြစ်လိမည်။ ယင်းအတွက်န သူ့အပိုင်သျှင်စာ သူ့ကို အသုံးပြုဖို့ ရလိမည် အရာ သူစာ ဟိသမျ ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့အတွက် အဆင်သင့် ဖြစ်လိမည်။

22 လူပျိုရို့ လိုက်စားကတ်စာ ဟိသမျ ကိလေသာအပြစ်က နင် အဝီး ရှောင်ရို့ နီလီ၊ ယေကေလည်း ရိုးသားခြင်း၊ ကျုံခြင်းတရား၊ ချစ်ခြင်းမေတ္တာ အရာ ငြိမ်းချမ်းခြင်းကို ရဖို့အတွက် နင် ကြိုးစားလီ။ အရာ စင်ကြယ်စာ စိတ်နှလုံးကို ထားရို့ ထာဝရဘုရားကို ကိုးကွယ်သူရို့နအတူ နင် ယင်းသျှင့်တိကို ရဖို့အတွက် ကြိုးစားလီ။

23 ယေကေလည်း ဆိုးယုတ်စာန အသိညာဏ်မဟိစာ ငြင်းခုံခြင်းက နင် အဝီး ရှောင်ရို့ နီလီ။ ယင်းပိုင် ငြင်းခုံခြင်းစာ နောက်ဆုံးပြီးမာ ဘုတ်တန်းသတ်တန်း တိုင်အောင် ဖြစ်နိုင်ရေဆိုစာကို နင် သိရေ။

24 ထာဝရဘုရား၏ ကျွန်တစ်ယောက်စာ လူန ရန်မတွိရ။ ယင်းထက်ပင် သူစာ အားကုံးသူကို သနားကြင်နာမှုစိတ် ဟိရေဆိုစာကို ပြရဖို့။ အရာ သူစာ အခြားလူရို့ကို သည်းခံစိတ်ရှည်ခြင်းန သွန်သင်ပီးရဖို့။

25 နင်စာ ထာဝရဘုရား၏ ကျွန်တစ်ယောက် ဖြစ်တေအတွက်န နင့်ကို သဖေါမကျသူ ဟိကတ်ဖို့။ ယေကေလည်း နင် ထိုလူရို့ကို နုညံ့ခြင်းစိတ်န ဆုံးမရဖို့။ ယင်းပိုင်ဆိုကေ ထာဝရဘုရားစာ သူရို့ကို မှန်ကန်ခြင်းကို သိဖို့စာ အခွင့်ရေး ပီးနိုင်စရာ ဟိရေ အရာ သူရို့ကို စိတ်ပြောင်းလှဲဖို့စာ အခွင့်ရေးလည်း ပီးနိုင်စရာ ဟိရေ။

26 မာရ်နတ်စာ ကိုယ့်အလိုကို လိုက်နာဖို့အတွက် ထိုလူရို့ကို ကျော့ဂွင်းမာ ချရို့ ဖမ်းလီရေ။ ယေကေလည်း နင်စာ သူရို့ကို အလှပ ဆုံးမရေဆိုကေ သူရို့စာ ကိုယ်ရို့ မှားယွင်းစာတိကို သိရကတ်လိမည် အရာ သူရို့စာ မာရ်နတ် ကျော့ဂွင်းထဲက ထွက်ဗြီးလာဖို့ ရကတ်လိမည်။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Follow us:



Advertisements