Online Bible

- Advertisements -



২ থিষলনীকীয় 2 - Marma


တရားဥဗဒေပြင် လူယုတ် အကြောင်း

1 ညီအစ်ကိုမောင်နမှရို့၊ ငါရို့မာ အသျှင်ယေရှုခရစ်တော်စာ ပြန်ရို့ ကြွလာဖို့ အရာ သူစာ ငါရို့ကို တစ်စုတည်းစုရို့ ကိုယ့်တို့ ယူလားဖို့။ ဒေ အကြောင်းနပတ်သပ်ရို့ ငါရို့ နင်ရို့ကို တောင်းပန်ချင်စာကား၊

2 “အသျှင်၏ နိရက် ရောက်လာဗျာ” ဆိုပြီးကေ တစ်ယောက်တစ်ရီ ဟောပြောနိုင်စရာ ဟိရေ။ ထိုစကားကို ကိုယ်ထင်ကနီရို့ ကြားလီကတ်တေ၊ ထာဝရဘုရား၏ စကားပြောသံကို ကြားရို့ ရလီကတ်တေ အရာ ငါရို့ စာစောင်က ရလီကတ်တေ ဟို့ သူရို့ ဟောပြောနိုင်စရာ ဟိရေ။ ထိုစကားကို ကြားရို့ နင်ရို့ မကျုံကတ်ကေ့ အရာ မကြောက်ကတ်ကေ့။

3 နင်ရို့ သတိထားကတ်၊ ထိုအကြောင်းနပတ်သပ်ရို့ နင်ရို့ကို တစ်ယောက်လည်း လိမ်ဖို့ မရစီကတ်ကေ့၊ အကြောင်းကား ထိုနိရက် မရောက်ခင်အယင်က ထာဝရဘုရားကို ဆန့်ကျင်ရို့ မဟာတော်လန်မှုတစ်ခု ဖြစ်လာဖို့ အရာ ပျက်စီးခြင်းကို ခံရဖို့ စကားဟိစာ “တရားဥဗဒေပြင် လူယုတ်စာ” ဖြစ်ပေါ်လာဖို့။

4 သူစာ ထာဝရဘုရား၏ ပိုင်ဆိုင်စာ ဟိသမျ အားကုံးကို အရာ ကိုးကွယ်ထိုက်စာ ဟိသမျ ဝန်တိကို ဆန့်ကျင်လိမည်။ သူစာ ထို ဟိသမျ အားကုံးထက် ကိုယ့်ကို ကြီးမြတ်တေ ဟို့ ပြောလိမည်။ ယင်းထက်မက သူစာ ထာဝရဘုရား၏ ဝိပဿနာကျောင်းထဲမာ ထိုင်ရို့ ကိုယ့်ကိုကိုယ် “ထာဝရဘုရား” ဟို့ ကျော်ညာလိမည်။

5 ယင်းပိုင် ဖြစ်ပျက်လာဖို့စာ အကြောင်းကို ငါ နင်ရို့နအတူ ဟိလီရေခါ ပြောပြလီရေဆိုစာကို နင်ရို့ မတွက်ရကတ်လော?

6 အချိန် မစိခင်အယင်က မဖြစ်ပေါ်လာနိုင်လတ်အောင် တစ်ခုတစ်ခု တန်ခိုးစာ ထိုတရားဥဗဒေပြင် လူယုတ်ကို တားဆီးရို့ ထားရေဆိုစာကို နင်ရို့ သိကတ်တေ။

7 အရာ ထိုတရားဥဗဒေပြင် လူယုတ်၏ လုပ်ကိုင်ခြင်းတိစာ ဒေဂုလည်း အထဲမာအထဲ ဖြစ်နီရေဆိုစာကို နင်ရို့ သိကတ်တေ၊ ယေကေလည်း ထိုတရားဥဗဒေပြင် လူယုတ်ကို တားဆီးထားနီသူတစ်ပါး ဟိရေ။ သူစာ မလားသကြား ထိုလုပ်ကိုင်ခြင်းတိကို တားဆီးရို့ နီလိမည်။ ယင်းပြီးခါရာ ထိုတရားဥဗဒေပြင် လူယုတ် ဖြစ်ပေါ်လာလိမည်။

8 ယေကေလည်း အသျှင်ယေရှု ကြွလာရေခါ ကိုယ့်ပစက ထွက်စာလီန သူ့ကို ဖျက်စီးလိမည် အရာ သူစာ ကိုယ့်ဘုန်းရောင်ခြေတော်န ထိုသူ တန်ခိုးကို ဖျက်စီးလိမည်။

9 ထိုတရားဥဗဒေပြင် လူယုတ်စာ မာရ်နတ်၏ အလုပ်ကို လုပ်ဖို့ လာလိမည်။ သူစာ ဟိသမျ မဟုတ်မမှန်စာ အံ့ဩဖွယ်-နိမိတ်လက္ခဏာ အလုပ်ကနီရို့ မာရ်နတ်၏ တန်ခိုးကို ဖေါ်ပြလိမည်။

10 ထိုသူစာ အမျိုးမျိုး ဆိုးယုတ်စာ ပရိယာတ်ဆင်ခြင်းကနီရို့ ပျက်စီးခြင်းလမ်းမာ လားသူရို့ကို လိမ်လှည့်လိမည်၊ အကြောင်းကား သူရို့စာ ကယ်တင်ခြင်းကို ရဖို့အတွက် မှန်ကန်ခြင်းကို မနှစ်သက်လီကတ် အရာ လက်လည်း မခံလီကတ်။

11 ယင်းအတွက်န သူရို့စာ အမှားကို အမှန်ထင်ရို့ ကျုံကတ်ပတ်စီအတွက် ထာဝရဘုရားစာ သူရို့တို့ လိမ်စရာ အလုပ်တိကို ပို့လိုက်လိမည်။

12 ယင်းအတွက်န မှန်ကန်ခြင်းကို မကျုံဘိုင်း မတရားအလုပ်ကို ယူရို့ ပျော်ကတ်သူရို့ အားကုံးသူ အပြစ်ဒါဏ်ကို ခံရကတ်လိမည်။


ကယ်တင်ခြင်း ပီးဖို့အတွက် ခေါ်ယူခြင်း

13 အသျှင် ချစ်ခင်စာ ငါ့ညီအစ်ကိုမောင်နမှရို့၊ နင်ရို့အတွက် ငါရို့ အမြဲတိုင်း ထာဝရဘုရားကို ကျေးဇူးတင်ဖို့ သင့်ရေ၊ အကြောင်းကား ထာဝရဘုရားစာ ကယ်တင်ခြင်းကို ရဖို့အတွက် ပထမဆုံးကပင် နင်ရို့ကို ရွီးကောက်ထားလီရေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီခြင်းန ထာဝရဘုရားအတွက် နင်ရို့ကို သန့်ရှင်းအောင် လုပ်ခြင်းကနီရို့ အရာ သတင်းကောင်း၏ မှန်ကန်ခြင်းကို ကျုံခြင်းကနီရို့ နင်ရို့ ကယ်တင်ခြင်းကို ရကတ်ပျာ။

14 ထာဝရဘုရားစာ နင်ရို့ကို ငါရို့မာ အသျှင်ယေရှုခရစ်တော်၏ ဘုန်းတန်ခိုးကို ခံရစီချင်ရေ။ ယင်းအတွက်န သူစာ ငါရို့ ဟောပြောကတ်စာ သတင်းကောင်းကနီရို့ ကယ်တင်ခြင်းကို ရဖို့အတွက် နင်ရို့ကို ခေါ်လီရေ။

15 ယင်းအတွက်န ညီအစ်ကိုမောင်နမှရို့၊ နင်ရို့ တတိုင်းမမြိုင်း နီကတ်၊ အရာ စာန ဖြစ်စီ၊ စကားန ဖြစ်စီ၊ နင်ရို့ကို ငါရို့ ပီးလီစာ သွန်သင်ချက်ကို နင်ရို့ နနောင်းတည်းရို့ ထားကတ်။

16-17 ငါရို့မာ အသျှင်ယေရှုခရစ်တော် ကိုယ်တိုင် အရာ ငါရို့မာ အဖထာဝရဘုရားစာ နင်ရို့ကို ငြိမ်းသက်ခြင်း ပီးပါစီ အရာ နင်ရို့ အမြဲတိုင်း ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့နိုင်လတ်အောင် အရာ ကောင်းမြတ်စာ စကားပြောဖို့နိုင်လတ်အောင် အားခွန် ပီးပါစီ။ ထာဝရဘုရားစာ ငါရို့ကို ချစ်လီရေ အရာ သူစာ ငါရို့ကို သနားကြင်နာရို့ မျှော်လင်းချက်န ထာဝရ ငြိမ်းသက်ခြင်းကို ပီးလီရေ။

©2023 Wycliffe Bible Translators, Inc.

Wycliffe Bible Translators, Inc.
Follow us:



Advertisements