နိဒါန်း
ပေါလုဟ ခရစ်တော် မွေးဖွားပင်း ၆၁ ခုနှစ်အကြာတွင် ဖိလိပ္ပိမြို့ဆိ ယုံကြည်သူများဆေဟို စာရေးခဲ့အယ်။ သူထောင်ကျနေချိန် (၁.၁၃)၊ ရောမမြို့မှာ ရေးသားခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိန်အယ်။ ဖိလိပ္ပိမြို့မှာဆိလဲ့ အသင်းတော်ဆေဟို ရေးသားထားသော စာဖြစ်အယ်။ တမန်တော်ဝတ္တုမှ ဖိလိပ္ပိအကျောန်း ကတစ်မျှ လေ့လာနိန်အယ်။ ဖိလိပ္ပိဟ မာကေဒေါနိပြေနယ်ရဲ့ မြို့တော် ဖြစ်အယ်။ မာကေဒေါနိပြေမှာ တည်ထောင်ခဲ့လဲ့ ပထမဆုံး အသင်းတော်လည်း ဖြစ်ပါအယ်။ ပေါလုနဲ့ သိလလို့ဟ အသင်းတော်အား အတူတကွ စတင်ခဲ့ကြပင်း အဲနေရာတွင် ဆိစဉ် တညတာပင် အကျဉ်းချ ခံခဲ့ရအယ် (တ ၁၆)။
ပေါလုဟ ဟေစာဟို ရေးရာတွင် ရည်ရွယ်ချက်များစွာနဲ့ ရေးသားဖြစ်အယ်။ ထောင်ကျနေကျောန်း ကြားသိရသောအခါ သူလို့ပေးပို့သော လက်ဆောင်အတွက် အသင်းတော်ဟို ကျေးဇူးတင်ကျောန်း ရေးသားပင်း အသုံးပြုခဲ့အယ် (၄.၁၀–၁၉)။ သူဟ ထောင်တွင်းဆိ သူရဲ့ နောက်ဆုံးအခြေအနေအကျောန်းဟို ပြောပြယွေ့ တိမောသေနဲ့ ဧပဖြောဒိတ်လို့ဟို ကြိုဆိုပင်း သူလို့ရဲ့ ခေါင်းဆောင်မှု လေးစားကြရန် အသင်းတော်သို့ အကြံပြုခဲ့အယ် (၂.၁၉–၃၀)။
အကျောန်းအရာ အကျဉ်းချုပ်
၁။ ပေါလုဟ ဖိလိပ္ပိမြို့ဆိ အသင်းတော်အား နှုတ်ဆက်ခြင်းဖြင့် စာဟို စတင်အယ် (၁.၁–၂)
၂။ ပင်းနောက် သူ့အခြေအနေနဲ့ ပတ်သက်သော အချက်အလက်အချို့နဲ့ သူ့တွင် ဆိနေလဲ့ စိုးရိမ်မှု အချို့ဟို မျှဝေအယ် (၁.၃—၂.၃၀)
၃။ အဲပင်းရင်၊ ခရစ်ယာန်အသက်တာအတွက် လက်တွေ့ကျသော ညွှန်ကြားချက်များစွာဟို သူပေးအယ် (၃.၁—၄.၉)
၄။ ပေါလုဟ ၎င်းလို့ရဲ့ လက်ဆောင်အတွက် ဖိလိပ္ပိအသင်းတော်အား ကျေးဇူးတင်စကား ပြောကြားကာ နှုတ်ခွန်းဆက်စကား ပေးပို့ခြင်းဖြင့် အပီးသတ်ခဲ့အယ် (၄.၁၀–၂၃)