Biblia Todo Logo
Online Bible

- Advertisements -


၂ တိမောသေ INTRO1 - Myanmar Common Language Zawgyi Version

1

နိ​ဒါန်း
တိ​မော​သေ​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စာ​စောင်​တွင် ပါ​ရှိ​သည့်​အ​ကြောင်း​အ​ရာ​များ​မှာ​များ​သော အား​ဖြင့် ရှင်​ပေါ​လု​သည်​မိ​မိ​ထက်​ငယ်​ရွယ်​သူ လုပ်​ဖော်​ကိုင်​ဘက်​နှင့်​လက်​ထောက်​တိ​မော​သေ အား​အ​ကြံ​ဉာဏ်​ပေး​ချက်​များ​ဖြစ်​သည်။ ဤ စာ​စောင်​၏​အ​ဓိက​အ​ကြောင်း​အ​ရာ​မှာ ခံ​နိုင်​ရည်​ရှိ​ရ​မည့်​အ​ကြောင်း​ဖြစ်​၏။ အ​တိုက် အ​ခံ​ပြု​သူ​များ​၏​ထိုး​နှက်​မှု​နှင့်​ဆင်း​ရဲ ဒုက္ခ​တို့​ကို​ခံ​နေ​ရ​စဉ်​ပင်​လျှင် သ​ခင်​ယေ​ရှု ၏​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ​ထမ်း​ဆောင်​ရ မည်​ဖြစ်​ကြောင်း၊ သ​တင်း​ကောင်း​နှင့်​ဓမ္မ​ဟောင်း ကျမ်း​စာ​တွင်​ပါ​ရှိ​သည့်​သစ္စာ​တ​ရား​ကို မြဲ​စွာ​ခံ​ယူ​ထား​ရ​မည်​ဖြစ်​ကြောင်း၊ သွန် သင်​သူ​နှင့်​သ​တင်း​ကောင်း​ကို​ဟော​ပြော​သူ ၏​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ကျေ​ပွန်​စွာ ဆောင်​ရွက်​ရ​မည်​ဖြစ်​ကြောင်း တိ​မော​သေ အား​အ​ကြံ​ပေး​တိုက်​တွန်း​ထား​သည်။
လူ​တို့​အား​ကောင်း​ကျိုး​မ​ပေး​ဘဲ​ဆိုး​ကျိုး သာ​ပေး​တတ်​သော​ဉာဏ်​တိမ်​မိုက်​မဲ​သည့်​ငြင်း ခုံ​မှု​မျိုး​ကို​ရှောင်​ရှား​ရန်​ကို​လည်း​အ​ထူး သ​တိ​ပေး​ထား​သည်။
စာ​ရေး​သူ​သည်​မိ​မိ​၏​ဘ​ဝ​နှင့်​မျှော်​မှန်း ချက်​ကို​ဖော်​ပြ​လျက်​မိ​မိ​၏​ယုံ​ကြည်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ ချစ်ခြင်း​မေတ္တာ၊ ခံ​နိုင်​ရည်၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခံ​ရ​ခြင်း​စ​သည်​တို့​ကို တိ​မော​သေ​က​အ​တု​ယူ​ရန်​လည်း​တိုက် တွန်း​လေ​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
နိ​ဒါန်း ၁:၁-၂
ထော​မ​နာ​ပြု​ခြင်း၊ အား​ပေး​တိုက်​တွန်း​ခြင်း ၁:၃-၂:၁၃
အ​ကြံ​ပေး​ခြင်း​နှင့်​သ​တိ​ပေး​ခြင်း ၂:၁၄-၄:၅
ရှင်​ပေါ​လု​ကိုယ်​တိုင်​ကြုံ​တွေ့​ရ​သည့်​အ​ခြေ​အ​နေ ၄:၆-၁၈
နိ​ဂုံး ၄:၁၉-၂၂

Myanmar Common Language Bible Zawgyi Version © Bible Society of Myanmar, 2020.

Bible Society of Myanmar
Follow us:



Advertisements