6 ဇာအမှုကိုမျှ မစိုးရိမ်ဘဲ ခပ်သိမ်းသော အမှု၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းပတ္ထနာပြုလျက် သင်ရို့လိုအပ်သော အရာတိကို ဘုရားသခင်အား လျှောက်ထားကြလော့။
ထိုသူရို့က သင်ရို့ကို စစ်ဆီးမိန်းမြန်းရန် ခေါ်ဆောင်လားကြသောအခါ ဇာကိုပြောရမည် သို့မဟုတ် ဇာပိုင် ပြောရမည်ကို မစိုးရိမ်ကတ်ကေ့၊ အချိန်ရောက်လာသောအခါ သင်ရို့ ဇာကိုပြောရမည် ဆိုသည်ကို သိလာကတ်လိမ့်မည်။
ဆူးပင်များကြား၌ ကျသောမျိုးစိဟူသည်ကား တရားစကားကို ကြားသော်လည်း ဤဘဝအတွက် စိုးရိမ်စိတ်များနှင့် လောကီတပ်မက်မှုများက တရားစကားကို လွှမ်းမိုးကြီးစိုးထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလိုခြင်းဖြစ်၏။
နက်ဖြန်ခါအတွက် မစိုးရိမ်ကတ်ကေ့။ နက်ဖြန်နိ့က နက်ဖြန်နိ့အတွက် စိုးရိမ်လိမ့်မယ်။ ဤနိ့၌ဟိသော မကောင်းသောမှုအရာများသည် ဤနိ့အဖို့ လုံလောက်ပေ၏။
သူရို့ပိုင် မတောင်းကတ်ကေ့။ သင်မတောင်းခင်ကပင် သင်လိုအပ်သည်ကို သင်၏အဖက သိထားပြီးဖြစ်၏။
သခင်ဘုရားကလည်း “မာသ၊ မာသ၊ သင်သည် များစွာသောအမှုကိစ္စကြောင့် စိတ်ပူပန်သောက ရောက်နိန်၏။
ထို့နောက် ယေသျှုကလည်း တပည့်တော်ရို့အား၊ “ယင်းအတွက်ကြောင့် ငါဆိုသည်ကား၊ သင်ရို့သည် အသက်ရှင်ဖို့အတွက် ဇာပိုင် စားရဖို့လဲ ဆိုပြီးကေ မစိုးရိမ်ကတ်ကေ့။ ကိုယ်ခန္ဓာအတွက် ဇာပိုင် ဝတ်ရမည် ဆိုသည်ကိုလည်း မစိုးရိမ်ကတ်ကေ့။
“ထို့ကြောင့် ဇာပိုင်စားရဖို့၊ သောက်ရဖို့လဲ ဆိုပြီးလျှင် စိုးရိမ်ပူပန်မှု မဟိကတ်ကေ့။
ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား စိတ်အားမလျော့ဘဲ အမြဲတမ်းဆုတောင်းပဌာနာ ပြုသင့်ကြောင်းကို ပုံဥပမာဆောင်၍ သွန်သင်တော်မူ၏။
ရွီးကောက်တော်မူသည့် လူတိက တရားမျှတမှုအတွက် နိ့ညမပြတ် အော်ဟစ် တောင်းလျှောက်နိန်ကြလျှင် ဘုရားသခင်သည် သူရို့ကိုကူညီရန် နှောင့်နှေးတော်မူမည်လော။
ခေါ်ယူတော်မူခြင်းကို ခံရချိန်တွင် သင်သည် ကျွန်ဖြစ်နိန်သော်လည်း စိုးရိမ်ခြင်း မဟိကေ့။ သို့သော် သင်ရို့သည် ကျွန်အဖြစ်မှ လွတ်ခွင့်ရမည်ဆိုလျှင် ထိုအခွင့်ကို အသုံးပြုကြလော့။
ငါသည် သင်ရို့အား ပူပန်သောကနှင့် ကင်းဝီးစီလို၏။ လူလွတ်ဖြစ်သော ယောက်ျားသည် သခင်ဘုရား နှစ်သက်တော်မူသော အမှုကို ပြုလိုသောကြောင့် သခင်ဘုရား၏ အမှုတော်ကို အလေးအနက် ထားတတ်၏။
သင်ရို့သည်လည်း ဆုတောင်းခြင်းအားဖြင့် ငါရို့ကို ကူညီကြ၏။ သို့ဖြစ်၍ များစွာသော သင်ရို့၏ ဆုတောင်းခြင်းကိုလည်း နားညောင်းတော်မူပြီး ဘုရားသခင်သည် ငါရို့အား ပီးတော်မူသော ဆုကျေးဇူးတော်များအတွက် များစွာသော သူရို့သည် ငါရို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
ငါရို့ အသျှင်ယေသျှုခရစ်၏ နာမတော်ကို အမှီပြု၍ ခပ်သိမ်းသောအရာများအဖို့ အဖဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြလော့။
သင်ရို့အား ကူညီမစတော်မူခြင်းငှာ ဘုရားသခင်အား တောင်းလျှောက်ကြလော့။ ဝိညာဉ်တော် ညွှန်ကြားသည့်အတိုင်း အရာရာ၌ ဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားဖြင့် နီကြလော့။ ကာလအစဉ် အားမလျှော့ဘဲ၊ ဘုရားသခင်၏လူစုတော်အဖို့ ဆုတောင်းကြလော့။
သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
စကားပြောဆိုရာ၌ လည်းကောင်း၊ ဆောင်ရွက်ရာ၌ လည်းကောင်း သင်ရို့ပြုမူသမျှ၌ အသျှင်ယေသျှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုကို ပြုကြလော့။ ထိုအသျှင်ကို အမှီပြုလျက် အဖဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
ဆုတောင်းခြင်းအမှုကို အစဉ်တစိုက် ပြုကြလော့။ ထိုသို့ပြုရာတွင် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းလျက် သတိဟိကြလော့။
သို့ဖြစ်၍ လူအပေါင်းရို့အတွက် ဘုရားသခင်အား အသနားခံခြင်း၊ ဆုတောင်းခြင်း၊ တောင်းပန်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းကို ပူဇော်ကြရန် ပထမဦးဆုံးအနေဖြင့် ငါ တိုက်တွန်းလိုက်၏။
ပြုစုမည့်သူမဟိသဖြင့် လုံးချင်းတည်း နီထိုင်ရသော မုဆိုးမ တစ်ယောက်သည် ဘုရားသခင်၌ မျှော်လင့်လျက် နိ့ညမပြတ် ဆုတောင်းပတ္ထနာပြု၍ ကိုယ်တော်၏ကူညီမစခြင်းကို တောင်းခံလျက်ဟိ၏။
အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။
သင်ရို့ကို ဂရုစိုက်တော်မူသောကြောင့် သင်ရို့၏ စိုးရိမ်ပူပန်ခြင်း ဟိသမျှတိကို ကိုယ်တော်၌ အပ်နှံကြလော့။