5 သင်ရို့၏ နူးညံ့သိမ်မွိ့သော စိတ်သဘောကို လူအပေါင်းရို့အား ထင်ရှားစီကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ဟိတော်မူ၏။
“ထို့ကြောင့် သင်ရို့ကို ငါဆိုသည်ကား အသက်ရှင်ရန် သင်ရို့လိုအပ်သော အစားအသောက်အတွက် သော် လည်းကောင်း၊ သင်ရို့ခန္ဓာအတွက် လိုအပ်သော အဝတ်အတွက် သော်လည်းကောင်း မစိုးရိမ်ကတ်ကေ့။ အစာထက် အသက်က သာ၍ မြတ်ပြီး၊ အဝတ်ထက် ကိုယ်က သာ၍ မြတ်သည် မဟုတ်လော။
နက်ဖြန်ခါအတွက် မစိုးရိမ်ကတ်ကေ့။ နက်ဖြန်နိ့က နက်ဖြန်နိ့အတွက် စိုးရိမ်လိမ့်မယ်။ ဤနိ့၌ဟိသော မကောင်းသောမှုအရာများသည် ဤနိ့အဖို့ လုံလောက်ပေ၏။
“သင်ရို့သည် သောက်စားမူးယစ်ခြင်း၊ လောကီမှုအတွက် စိုးရိမ်ပူပန်ခြင်းများနှင့် အချိန်မကုန်စီရန် သတိနန့် နိန်ကြလော့။ သို့မဟုတ် ငါပြန်ကြွလာမည့် ထိုနိ့ရက်သည် ထောင်ချောက်ပိုင် သင်ရို့ပါးသို့ ရုတ်တရက် ရောက်လာလိမ့်မည်။
ဇာသူမဆို သခင်ဘုရားကို မချစ်လျှင် — ကျိန်စာသင့်စီသတည်း။ “မာရားနာထာ” သခင်ဘုရား ကြွလာတော်မူပါ။
ထိုသို့ သင်ရို့ အချင်းချင်း တရားစွဲဆိုခြင်းသည် သင်ရို့အဖို့ ဆုံးယှုံးမှုဖြစ်စီ၏။ ထိုသို့တရားစွဲမည့်အစား မတရားပြုခြင်းကိုသာ ဇာကြောင့်မခံကြသနည်း။ လိမ်ညာလုယူခြင်းကိုသာ ဇာကြောင့်မခံကြသနည်း။
ထို့ကြောင့် အစားအသောက်အားဖြင့် ညီအစ်ကိုအား လွဲမှားစီမည်ဆိုပါက ငါသည် ငါ၏ညီအစ်ကိုအား မလွဲမှားစီခြင်းငှာ အသားကို မစားဘဲနိန်မည်။
ပြိုင်ပွဲဝင်ခြင်းငှာ လေ့ကျင့်သော အားကစားသမားတိုင်းသည် တင်းကြပ်သော စည်းကမ်းများကို လိုက်နာရ၏။ ထိုသို့ လေ့ကျင့်ရသည့် အကြောင်းမှာ ညှိုးနွမ်းပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းငှာ ပြုကြခြင်း ဖြစ်ပေ၏။ ငါရို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို ရဟိခြင်းငှာ ပြုကြ၏။
ခရစ်တော်၏ နူးညံ့သိမ်မွေ့ခြင်းနှင့် သနားကြင်နာခြင်းအားဖြင့် ငါ ပေါလုသည် သင်ရို့အား တောင်းပန်ပါ၏။ ငါသည် သင်ရို့နှင့်အတူ ဟိသောအခါ ကြောက်တတ်သော်လည်း ဝီးကွာနိန်သောအခါ ရဲဝံ့ပြတ်သားသောသူ ဖြစ်၏။
ငါရို့၏ ပရောဖက်ပြုခြင်းအားဖြင့် ဖြစ်စီ၊ တရားဟောခြင်းအားဖြင့် ဖြစ်စီ၊ ငါရို့၏စာတွင် ရီးထားခြင်းအားဖြင့်ဖြစ်စီ၊ သခင်ဘုရား၏နိ့ရက် ရောက်လာပြီဟု ပြောဆိုခြင်းကို လျှပ်တစ်ပြတ် စိတ်ရှုပ်ထွီးကာ စိုးရိမ်တုန်လှုပ်ခြင်း မဟိကတ်ကေ့ဟု သင်ရို့အား ငါတောင်းပန်၏။
ဇာသူ့ကိုမျှ ကဲ့ရဲ့ပြောဆိုခြင်းကို မပြုဘဲ လူအပေါင်းရို့အား ယဉ်ကျေးသိမ်မွိ့စွာ ပြုမူလျက် ထောက်ထားညှာတာ၍ အီးချမ်းစွာ နီထိုင်ကြရန် မိမိလူတိအား တိုက်တွန်းပြောဆိုလော့။
တချို့သောသူရို့ ပြုမူကြသည့်အတိုင်း အတူတကွ စုဝေးသည့် အလေ့အထကို လက်မလျှော့ဘဲ၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် တိုက်တွန်းနှိုးဆော်ကြကုန်အံ့။ အကြောင်းမှာ သင်ရို့သည် သခင်ဘုရား ကြွလာမည့်နိ့ရက်သည် သာ၍ နီးလာသည်ကို သိမြင်လျက်ဟိကြ၏။
အကြောင်းမူကား၊ “ကြွလာတော်မူမည့် အသျှင်သည် ကြန့်ကြာခြင်းမဟိဘဲ ကြွလာတော်မူလိမ့်မည်။
မည်သည့်အချိန်၌ မည်သို့ ပေါ်ပေါက်လာမည်ကို သူရို့သည် ကြိုးစား၍ ရှာဖွီခကြ၏။ သူရို့အထဲ၌ဟိသော ခရစ်တော်၏ ဝိညာဉ်တော်က ဤကာလတွင် ခရစ်တော်ခံရမည့် ဝေဒနာနှင့် ထိုသို့ ခံတော်မူပြီးနောက် ပေါ်ထွန်းလာမည့် ဘုန်းတော်ကို ကြိုတင်၍ ဖော်ပြခ၏။
အားလုံးသော အမှုအရာများအတွက် နောက်ဆုံးသောအချိန် နီးကပ်လာပြီဖြစ်၏။ သို့ဖြစ်၍ သင်ရို့သည် ဆုတောင်းခြင်းအမှုကို ပြုနိုင်ရန် စိတ်ကို ထိန်းချုပ်လျက် နိုးနိုးကြားကြား ဟိကြရမည်။
ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က “မုချ၊ ငါသည် မကြာခင် ကြွလာမည်” ဟု မိန့်တော်မူ၏။ ဤအတိုင်းပင် ဖြစ်ပါစီသောဝ်။ အသျှင်ယေသျှု ကြွလာတော်မူပါ။
ယေသျှုကလည်း “နားထောင်လော့၊ ငါသည် မကြာမီ ကြွလာမည်။ ဤကျမ်းစောင်တွင် ပါဟိသည့် ပရောဖက်ပြုထားသော စကားများကို လိုက်လျှောက်သော သူရို့သည် မင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။