Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 4:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ဧဝေါဒိနှင့် သုန္တုတ်ရို့၊ သခင်ဘုရား၏ တပည့်တော်မတိ ပီသစွာ စိတ်သဘောညီညွတ်မှု ဟိကြရန် ငါ တောင်းပန်ပါ၏။

See the chapter Copy




ဖိလိပ္ပိ 4:2
12 Cross References  

“ဆားသည် အသုံးဝင်၏၊ သို့သော် ယင်းဆားသည် အငံဓာတ်ပျောက်ကင်းလားလျှင် အငံဓာတ်ကို ပြန်ရအောင် ဇာပိုင်ပြုနိုင်မည်နည်း။ “သင်ရို့တွင် မိတ်ဖွဲ့ခြင်း၌ ဆားဟိစီကြလော့၊ သင်ရို့သည်လည်း အချင်းချင်း သင့်မြတ်စွာ နိန်ကြလော့” ဟု မိန့်တော်မူ၏။


ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။


သို့ရာတွင် ငါရို့သည် အဂုတိုင်အောင် လိုက်လျှောက်ခသည့် ထုံးစံအတိုင်း ကျင့်ကြကုန်အံ့။


သူရို့ ဆောင်ရွက်ကြသည့် အမှုတော်ကို ထောက်၍ သူရို့အား မေတ္တာစိတ်ဖြင့် အထူး ရိုသီကြလော့။ သင်ရို့အချင်းချင်း သင့်မြတ်စွာ နီထိုင်ကြလော့။


လူတိုင်းနှင့် ငြိမ်းချမ်းစွာ နီထိုင်ရန်လည်းကောင်း၊ သန့်ယှင်းသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်လည်းကောင်း ကြိုးစားကြလော့။ အကြောင်းမူကား သန့်ယှင်းသော အသက်တာမဟိလျှင် ဇာသူမျှ ဘုရားသခင်ကို မြင်ကြလိမ့်မည်မဟုတ်။


Follow us:

Advertisements


Advertisements