ဖိလိပ္ပိ 4:19 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား19 ငါ၏ဘုရားသခင်သည် မိမိ၏ဘုန်းစည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား ခရစ်တော်ယေသျှုအားဖြင့် သင်ရို့လိုအပ်သမျှသော အရာတိကို ပီးသနားတော်မူပါစီသော်။ See the chapter |
နောက်တစ်ကြိမ် ငါလာသောအခါ ငါ၏ ဘုရားသခင်သည် သင်ရို့ရှိ့၌ ငါ့အား နှိမ့်ချတော်မူပြီး အယင်က အပြစ်ပြုခသော သူများအတွက် လည်းကောင်း၊ သူတစ်ပါးမယားကို ပြစ်မှားခြင်း၊ ကိလေသာလွန်ကျူးခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်း စသည့် အမှုအရာများကို ပြုလုပ်ခြင်းမှ နောင်တမရသောသူများအတွက် လည်းကောင်း မျက်ရည်ကျရမည်ကို ငါသည် စိုးရိမ်မိ၏။
ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။
သို့ရာတွင် သင်ရို့သည် ဆင်းရဲဒုက္ခကို အနည်းငယ်မျှသာ ခံစားပြီးသောအခါ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်စီလျက် ထာဝရဘုန်းတော်ကို ဝင်စားခွင့်ပီးရန် ခေါ်တော်မူသောအသျှင်၊ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် သင်ရို့ကို စုံလင်စီ၍ ခွန်အားနှင့် ပြည့်ဝစီကာ ခိုင်ခံ့စွာ ရပ်တည်စီတော်မူလိမ့်မည်။