13 ခရစ်တော်ထံမှ ရဟိသည့် စွမ်းရည်အားဖြင့် ငါသည် ဇာအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
ယေသျှုကလည်း “လာလော့” ဟု အမိန့် ပီးလိုက်သည်နှင့် ပေတရုသည် လောင်းထဲက ဆင်းကာ ရီထက်မှာ လမ်းလျှောက်၍ ယေသျှုပါးသို့ လား၏။
သင်ရို့သည် ငါ၌ တည်၍ ငါ၏စကားသည် သင်ရို့၌ တည်လျှင် သင်ရို့သည် လိုချင်သမျှကို တောင်း၍ ရကြလိမ့်မည်။
ငါ၏ ဆုတောင်းသော အချက် ဟူမူကား၊ ကိုယ်တော်သည် ဘုန်းတော်နှင့် ကြွယ်ဝတော်မူသည်နှင့်အညီ သင်ရို့အား အတွင်းလူကို ခိုင်ခံ့လာစီခြင်းငှာ ဝိညာဉ်တော်အားဖြင့် တန်ခိုးကို ပီးသနားတော်မူရန် လည်းကောင်း၊
နောက်ဆုံး စကားဟူမူကား၊ သင်ရို့သည် သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် ခိုင်ခံ့စီကြလော့။
သင်ရို့သည် အရာခပ်သိမ်းကို စိတ်ရှည် သည်းခံနိုင်ခြင်း ဟိကြစီရန် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်မှ ရဟိသည့် စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိုင်ကြပါစီ။
ငါသည် ငါ၏လုပ်ဆောင်မှုအတွက် ငါ့ကို ခွန်အား ပီးတော်မူသော ငါရို့အသျှင် ခရစ်တော်ယေသျှု၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ့ကို ထိုက်တန်သည်ဟု ထင်မှတ်တော်မူ၍ ကိုယ်တော်အဖို့ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ဖြစ်၏။