Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 3:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 ထိုမျှမက ငါ၏ အသျှင် ခရစ်တော်ယေသျှုကို သိကျွမ်းရခြင်းသည် ခပ်သိမ်းသောအရာများထက် သာ၍ မြတ်သည်ဖြစ်၍ ထိုအရာများကို ငါ့အား ယှုံးဆုံးစီသည့် အရာများဟူ၍ မှတ်ယူ၏။ ငါသည် ကိုယ်တော်အဖို့ ခပ်သိမ်းသောအရာများကို စွန့်ပယ်ခ၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန် လည်းကောင်း၊

See the chapter Copy




ဖိလိပ္ပိ 3:8
53 Cross References  

အကျွန့်သခင်၏မိခင်သည် အကျွန့်ပါးကို လာရသော အခွင့်ထူးကို ဇာကြောင့် ခံစားရပါမည်နည်း။


သို့ရာတွင် ငါသည် ဘုရားသခင်၏လက်တော်ဖြင့် နတ်ဆိုးတိကို နှင်ထုတ်နိန်၏၊ ထို့ကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် သင်ရို့ပါးသို့ ရောက်နိန်ဗျာယ်။


ငါသည် ခမည်းတော်၌ တည်နိန်သည်ကို လည်းကောင်း၊ သင်ရို့သည် ငါ့၌ တည်နိန်သည်ကို လည်းကောင်း၊ ငါသည်လည်း သင်ရို့၌ တည်နိန်သည်ကို လည်းကောင်း ထိုနိ့ရက်၌ သင်ရို့ သိကြလိမ့်မည်။”


အဂု သင်ရို့သည် ငါ့ကိုသိလျှင်၊ ငါ့ခမည်းတော်ကိုလည်း သိကြမည်၊ အဂုမှစပြီး ခမည်းတော်ကို သင်ရို့သည် သိမြင်ကြ၏” ဟု ထိုသူအား မိန့်တော်မူ၏။


သူရို့သည် ငါ့ကို သို့မဟုတ် ခမည်းတော်ကို မသိကြသည်ဖြစ်၍ ဤသို့ ပြုမူကြခြင်းဖြစ်၏။


ထာဝရအသက်ဟူသည်ကား စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကို လည်းကောင်း၊ ကိုယ်တော် စီရွှတ်လိုက်သော ယေသျှုခရစ်တော်ကို လည်းကောင်း သိကျွမ်းခြင်းဖြစ်၏။


အကြောင်းမူကား ကိုယ်တော်သည် အကျွန်အား ပီးတော်မူသော နှုတ်ကပတ်တော်ကို သူရို့အား အကျွန် ဟောပြောပြီးဖြစ်၍ သူရို့သည်လည်း လက်ခံကြပါ၏။ အကျွန်သည် ကိုယ်တော်ထံမှ လာသူဖြစ်ကြောင်းကို သူရို့သည် အမှန်သိကြပါ၏။ အကျွန်သည် ကိုယ်တော်စီရွှတ်သူဖြစ်ကြောင်းကို သူရို့သည် ယုံကြည်ကြပါ၏။


သူရို့က “အို မိန်းမ၊ သင်သည် ဇာကြောင့် ငိုနိန်သနည်း” ဟု မိန်းကြသော်၊ “အကျွန်၏ သခင်ဘုရားကို ယူလားကြသောသူရို့သည် ထိုအသျှင်အား ဇာနီရာမှာ ထားသည်ကို အကျွန် မသိလို့ပါ” ဟု သူမက ဆို၏။


ထိုအခါ သောမသည်လည်း “ကိုယ်တော်သည် အကျွန်၏အသျှင်၊ အကျွန်၏ ဘုရားသခင် ပါတကား” ဟု လျှောက်လေ၏။


သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကို လည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။


ယခုမျက်မှောက်ကာလ၌ ငါရို့ ခံရသော ဆင်းရဲဒုက္ခသည်ကား ပေါ်ထွန်းလာမည့် ဘုန်းတန်ခိုးတော်နှင့် မနှိုင်းယှဉ်အံ့ဟု ငါသည် ဆင်ခြင်မိ၏။


ဤလောက၏အမြင့်ဖြစ်စီ၊ အနိမ့်ဖြစ်စီ၊ ဖန်ဆင်းထားသမျှသောအရာ အားလုံးထဲက မည်သည့်အရာမျှ ငါရို့၏အသျှင် ယေသျှုခရစ်တော်အားဖြင့် ခံရသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါရို့ကို မကွာစီနိုင်ဟု ငါသည် ယုံကြည်စိတ်ချလျက်ဟိ၏။


အကြောင်းမူကား သင်ရို့နှင့်အတူ ဟိစဉ်က ငါသည် ယေသျှုခရစ်တော်၏ အကြောင်းနှင့် အထူးသဖြင့် လက်ဝါးကပ်တိုင်၌ ကိုယ်တော် အသီခံတော်မူသည့် အကြောင်းမှတစ်ပါး အခြားသောအရာ မှန်သမျှကို မိ့ပျောက်စီခြင်းငှာ စိတ်ပိုင်းဖြတ်ထား၏။


အကယ်စင်စစ် ငါရို့အဖို့ မိန့်တော်မူသည် မဟုတ်လား။ ငါရို့အဖို့ ရီးသားထားခြင်းဖြစ်၏။ လယ်ထွန်သောသူနှင့် ရိတ်သိမ်းသောသူရို့သည် မိမိရို့၏ ဝီစုကို ရခြင်းငှာ မျှော်လင့်လျက် လုပ်ကိုင်ကြ၏။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


ကိုယ်တော်၏သတင်းကောင်းကို လူမျိုးခြားတိအား ဟောပြောရန် မိမိ၏သားတော်ကို ငါ့အား ဖော်ပြတော်မူ၏။ ထိုအခါ ငါသည် ဇာသူ့ပါးမှ အကြံဉာဏ်ကို တောင်းခံခြင်း မပြုခပေ။


ငါရို့၏ ယုံကြည်ခြင်း၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်း၌လည်းကောင်း ငါရို့ ဟိသမျှသည် တညီတညွတ်တည်းဖြစ်ကြလျက် ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအတိုင်း ရင့်ကျက်သောသူများအဖြစ်သို့ ရောက်ကြရန်ပင် ဖြစ်၏။


ခရစ်တော်ယေသျှု၏ အခိုင်းအစီများဖြစ်သည့် ပေါလုနှင့် တိမောသေရို့ထံမှ — ဖိလိပ္ပိမြို့တွင် နီထိုင်ကြသော သင်းအုပ်များနှင့် သင်းထောက်လူကြီးများမှစ၍ ခရစ်တော်ယေသျှုနှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြသော သခင်ဘုရား၏ သန့်ယှင်းသူအပေါင်းရို့ထံသို့ စာရီးလိုက်ပါ၏။


ငါသည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ကိုယ်တော်​၏​ရှင်ပြန်ထမြောက်တော်မူခြင်း၏ တန်ခိုးတော်ကို ခံစားရခြင်း၊ ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခတိကို ခံရခြင်း၊ ကိုယ်တော် အသီခံတော်မူခြင်း၌ သဏ္ဌာန်တူလာရန်ကိုသာ လိုချင်တောင့်တ၏။


ငါသည် ထိုအခွင့်ကို ရဟိယာ၊ သို့မဟုတ် စုံလင်ခြင်းသို့ ရောက်ယာဟု ဆိုလိုသည်မဟုတ်ဘဲ ခရစ်တော်ယေသျှုသည် ထိုအခွင့်အတွက် ငါ့ကိုဖမ်းကိုင်ထားသည်ဖြစ်၍ ငါသည်လည်း ထိုအခွင့်ကို ဖမ်းကိုင်နိုင်ခြင်းငှာ ကြိုးစားလျက်ဟိ၏။


သို့ရာတွင် ထိုအရာအားလုံးသည် ငါ့အဖို့ အမြတ်ဟု မှတ်ယူခသော်လည်း ယခုအခါ ခရစ်တော်အတွက်ကြောင့် ယှုံးဆုံးခြင်းကဲ့သို့ မှတ်ယူ၏။


ငါအတွက်မူကား၊ မိမိအသက်ကို ပူဇော်ဆက်ကပ်ရမည့် အချိန်တည်းဟူသော ဤဘဝမှ စွန့်ခွာရမည့် အချိန်သည် ရောက်လာလေပြီ။


ငါရို့သည် အစဦးကပင် ရထားပြီးသော ယုံကြည်ခြင်းကို အဆုံးတိုင်အောင် ဆုပ်ကိုင်ထားကြလျှင် ခရစ်တော်နှင့်အတူ လုပ်ဖော်ကိုင်ဖက်များကြ၏။


ယုံကြည်သောသူရို့အဖို့ ထိုကျောက်သည် အလွန် တန်ဖိုးဟိ၏။ သို့ရာတွင် မယုံကြည်သော သူရို့အဖို့မူကား၊ “တိုက်ကိုတည်ဆောက်သူရို့ တန်ဖိုးမဟိ၍ ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက် ဖြစ်လာ၏” ဟု ဖော်ပြထား၏။


ဘုရားသခင်နှင့် ငါရို့၏ အသျှင်ယေသျှုကို သိကျွမ်းရခြင်းအားဖြင့် သင်ရို့သည် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို အပြည့်အဝ ခံစားရကြပါစီသောဝ်။


ငါရို့ကို မိမိ၏ဘုန်းတော်နှင့် ကောင်းမြတ်ခြင်းထဲသို့ ခေါ်ယူတော်မူသော အသျှင်အား ငါရို့သိခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် ဘုရားဝတ်၌ မှန်ကန်စွာ မွိ့လျော် အသက်ရှင်နိုင်ကြစီရန် ငါရို့လိုအပ်သော အရာဟိသမျှကို ချပီးတော်မူ၏။


ထိုပါရမီများသည် သင်ရို့၌ ကြွယ်ဝစွာဟိနိန်လျှင် ငါရို့၏အသျှင် ယေသျှုခရစ်တော်ကို သိကျွမ်းခြင်း၌ သင်ရို့သည် အကျိုးမဟိ ဖြစ်ကြလိမ့်မည်မဟုတ်။


သို့ရာတွင် သင်ရို့သည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင်ဖြစ်သော ယေသျှုခရစ်တော်၌ လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် သိကျွမ်းခြင်း၌ လည်းကောင်း ကြီးထွားကြလော့။ အဂုမှစ၍ ထာဝရကာလတိုင်အောင် ထိုအသျှင်သည် ဘုန်းကြီးပါစီသတည်း။ အာမင်။


ငါရို့သည် ခမည်းတော်နှင့် လည်းကောင်း၊ သားတော် ယေသျှုခရစ်တော်နှင့် လည်းကောင်း၊ မိတ်ဖွဲ့ရကြသည်ဖြစ်၍ သင်ရို့သည်လည်း ငါရို့နှင့်အတူ ထိုမိတ်ဖွဲ့ခြင်းတွင် ပါဝင်ခွင့်ရကြစီရန် ငါရို့ မြင်ရ၊ ကြားရသည့် အကြောင်းအရာများကို သင်ရို့အား ဖော်ပြ၏။


ထိုသူရို့သည် အမှန်စင်စစ် ငါရို့၏ မိတ်သဟာယတွင် ပါဝင်ခြင်းမဟိခသဖြင့် ငါရို့ပါးမှ ထွက်လားကြ၏။ ထိုသူရို့သည် ငါရို့နှင့် မိတ်သဟာယဖွဲ့ခြင်း ဟိပါက ငါရို့နှင့်အတူ ဟိနိန်ကြမည်ဖြစ်၏။ သို့သော်လည်း သူရို့ ထွက်လားကြခြင်းမှာ ငါရို့မိတ်သဟာယတွင် သူရို့ အမှန်ပင် မပါဝင်ကြောင်းကို ပေါ်လွင်ထင်ရှားစီရန် ဖြစ်၏။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


Follow us:

Advertisements


Advertisements