Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 3:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 စိတ်အားထက်သန်မှုကို ဆိုရလျှင် အသင်းတော်ကို ညှည်းပန်းနှိပ်စက်ခသူဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးမှုကိုဆိုသော် ငါသည် အပြစ်ဆိုဖွယ်မဟိသောသူ ဖြစ်သည်။

See the chapter Copy




ဖိလိပ္ပိ 3:6
25 Cross References  

“ကျမ်းတတ်ဆရာနှင့် ဖာရိယှဲတိ၊ သင်ရို့သည် အမင်္ဂလာဟိကြ၏။ သင်ရို့သည် သူတော်ကောင်းယောင်ဆောင်သောသူတိ ဖြစ်ကြ၏။ သင်ရို့သည် သင်ရို့၏လောင်ပွန်း၊ ခွက်ဖလားတိကို အပြင်ဖက်က စင်ကြယ်အောင် ဆီးကြောကြသော်လည်း သင်ရို့၏အတွင်း၌ကား အတ္တမာနနှင့် အနိုင်ကျင့်မှုတိ ပြည့်နိန်ကြ၏။


ထို့အပြင်၊ ငါဆိုသည်ကား သင်ရို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရာ၌ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာတိ ကျင့်သောအကျင့်ထက် မသာလွန်လျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင့်ရကြလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။


ထိုသူနှစ်ဦးမှာ ဘုရားသခင်၏ ရှိ့တော်မှောက်တွင် သူတော်ကောင်းဖြစ်ပြီးလျှင် သခင်ဘုရား၏ ပညတ်တော်ဟိသမျှနှင့် မိန့်တော်မူချက်အားလုံးကို လိုက်နာကြ၏။


ထိုသို့ တင်ပြသမျှကို ကြားပြီးသည့်နောက်၊ သူရို့အားလုံးသည် ဘုရားသခင်အား ချီးမွမ်းကြ၏။ ထို့နောက် သူရို့အပေါင်းက “ညီအစ်ကို ပေါလု၊ သင်မြင်သည့်အတိုင်း ထောင်ပေါင်းများစွာသော ယုဒလူများသည် ယုံကြည်သူများ ဖြစ်လာကြပြီး ထိုသူအပေါင်းရို့သည်လည်း ပညတ်တရားကို ဆည်းကပ်စွဲလန်းသောသူတိ ဖြစ်ကြ၏။


ငါပြောသောအရာသည် မှန်ကန်ကြောင်းကို ယဇ်ပုရောဟိတ်မင်းနှင့် လွှတ်တော်တစ်ရပ်လုံးက သက်သီခံနိုင်ကြပါ၏။ ငါသည် ထိုသူရို့ပါးမှ ဒမာသက်မြို့၌ နီသော ယုဒလူမျိုးညီအစ်ကိုရို့ကို ရီးလိုက်သောစာတိကို လက်ခံရဟိသောကြောင့် ထိုဘာသာ၌ ယုံကြည်သက်ဝင်သော သူရို့ကို ဖမ်းဆီးပြီး သံကြိုးများဖြင့် တုပ်၍ ယေရုဆလင်မြို့သို့ ပြစ်ဒဏ်ပီးခြင်းငှာ ခေါ်ဆောင်လာရန် ထိုမြို့သို့ လားခပါ၏။


သူရို့သည် အကျွန့်ကို အယင်ကတည်းက သိထားပြီးဖြစ်၍ အကျွန်သည် အကျွန်ရို့ဘာသာတရား၌ အတင်းကျပ်ဆုံးသော စည်းကမ်းကို ကျင့်သုံးသည့် ဖာရိယှဲရို့၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်ကို သူရို့သည် ဆန္ဒဟိလျှင် သက်သီခံနိုင်၏။


သျှောလုသည် အသင်းတော်ကို ဖျက်ဆီးရန် ကြိုးစား၍ ယုံကြည်သူ မိန်းမယောက်ျားတိကို တစ်အိမ်ဝင်တစ်အိမ်ထွက်လျက် ဆွဲငင်ကာ ထောင်ချထားလေ၏။


ယခင်က ငါသည် ပညတ်တရားမဟိဘဲ အသက်ရှင်ခ၏။ သို့ရာတွင် ပညတ်တော်သည် ရောက်လာသောအခါ အပြစ်တရားသည် အသက်ရှင်လာသဖြင့် ငါသည် သီရလေ၏။


ယုဒလူတိအတွက် ဖြစ်စီ၊ တခြားလူမျိုးတိအတွက် ဖြစ်စီ၊ ဘုရားသခင်၏ အသင်းတော်တိအတွက် ဖြစ်စီ ကဲ့ရဲ့စရာအကြောင်း မဖြစ်စီခြင်းငှာ နီထိုင်ကြလော့ —


ငါသည် တမန်တော်ရို့တွင် အငယ်ဆုံးသောသူဖြစ်၏။ ဘုရားသခင်၏ အသင်းတော်ကို နှိပ်စက်ညှည်းဆဲခသောသူ ဖြစ်သောကြောင့် တမန်တော်ဟူ၍ အခေါ်ခံခြင်းငှာ မထိုက်။


သို့မှသာ သင်ရို့သည် ပျက်စီးယိုယွင်းပြီး ဒုစရိုက်အပြစ်နှင့် ပြည့်နိန်သော လူများ နီထိုင်ရာ ဤလောကတွင် ဘုရားသခင်၏ ပြည့်စုံသော သာသားသမီးများကဲ့သို့ သန့်ယှင်းလျက်၊ အပြစ်နှင့်ကင်းသူများ ဖြစ်ကြလိမ့်မည်။ သင်ရို့သည် ထာဝရအသက်နှင့်ဆိုင်သော တရားတော်ကို ဟောပြောစဉ်၊


ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်နိုင်ရန် လည်းကောင်း ထိုအရာအားလုံးကို အမှိုက်ကဲ့သို့ ငါထင်မှတ်၏။ ငါသည် ပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ခြင်း မရဟိပေ။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်းကို ရဟိ၏။ ထိုကဲ့သို့သော ဖြောင့်မတ်ခြင်းသည် ဘုရားသခင်ပီးသနားတော်မူသော ဖြောင့်မတ်ခြင်းဖြစ်၍ ယုံကြည်ခြင်း၌ အခြေခံ၏။


ငါသည် အယင်က ကိုယ်တော့်ကို ကဲ့ရဲ့ပြောဆိုခသူ၊ ညှည်းပန်းနှိပ်စက်ခသူ၊ စော်ကားခသူ တစ်ယောက် ဖြစ်သော်လည်း ကိုယ်တော့်ကို မယုံကြည်သဖြင့် မိမိလုပ်နိန်သည့် အလုပ်ကို မိမိကိုယ်တိုင် မသိသည်ဖြစ်၍ ထိုသို့ ပြုမူလျက်ပင် ဘုရားသခင်သည် ငါ့ကို သနားတော်မူ၏။


Follow us:

Advertisements


Advertisements