Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 3:20 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

20 ငါရို့မူကား ကောင်းကင်နိုင်ငံသားများ ဖြစ်ကြသဖြင့် ကောင်းကင်ဘုံမှ ငါရို့၏ ကယ်တင်သျှင် အသျှင်ခရစ်တော်ယေသျှု ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ဟိကြ၏။

See the chapter Copy




ဖိလိပ္ပိ 3:20
36 Cross References  

ထိုအခါ ယေသျှုက “သင်သည် ပြည့်စုံသောသူတစ်ယောက်ဖြစ်ချင်လျှင် သခင်၏ဥစ္စာဟိသမျှကို ရောင်းချပြီး၊ ဆင်းရဲသားတိကို ပီးလိုက်ပါ။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ ပြီးမှ ပြန်လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


ယေသျှုက၊ “မိမိအဖို့ ဥစ္စာများကို သိုထားသော်လည်း ဘုရားသခင်၏ ရှိ့တော်မှောက်၌ ကြွယ်ဝခြင်း မဟိသောသူသည် အဆိုပါ သူဌေးနှင့် တူ၏” ဟု မိန့်တော်မူ၏။


ထိုသို့ ဖိတ်ခေါ်လျှင် သင်သည် မင်္ဂလာဟိလိမ့်မည်။ အကြောင်းမူကား သူရို့သည် သင့်ကို ပြန်ပြီး ကျေးဇူးမဆပ်နိုင်သဖြင့် ဖြောင့်မတ်သောသူရို့၏ ရှင်ပြန်ထမြောက်သော နိ့၌ သင်သည် ကျေးဇူးဆပ်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။


“ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ထံမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်” ဟု ဆိုကြ၏။


သို့ဖြစ်၍ သင်ရို့သည် ငါရို့၏အသျှင် ယေသျှုခရစ်တော် ပြန်ကြွလာတော်မူမည်ကို စောင့်မျှော်လျက်နိန်စဉ် သင်ရို့မခံရသော ကောင်းကြီးမင်္ဂလာဟူ၍ မဟိ။


မြီကြီးသားရို့သည် မြီမှုန့်မှ ဖန်ဆင်းထားသောသူနှင့် တူကြ၏။ ကောင်းကင်ဘုံနှင့်ဆိုင်သော လူရို့သည် ကောင်းကင်ဘုံမှ လာသောသူနှင့် တူကြ၏။


ထို့ကြောင့် ငါရို့သည် မြင်နိုင်သော အရာများကို အာရုံမစိုက်ဘဲ မမြင်နိုင်သော အရာများကို အာရုံစိုက်ကြ၏။ မြင်နိုင်သော အရာများသည် ခဏတစ်ဖြုတ်သာ တည်သော်လည်း မမြင်နိုင်သောအရာမူကား အမြဲထာဝရတည်သတည်း။


ငါရို့သည် ယုံကြည်စိတ်ချမှုနှင့် ပြည့်ဝကြပြီးလျှင် ဤခန္ဓာအိမ်ကို စွန့်ခွါ၍ သခင်ဘုရားနှင့်အတူ အိမ်တော်၌ နီထိုင်ရန် ပို၍ အလိုဟိကြ၏။


သို့ရာတွင် အထက်အရပ်နှင့်ဆိုင်သော ယေရုဆလင်မြို့သည်ကား လွတ်လပ်သောမြို့ဖြစ်၍ ငါရို့၏ မိခင်ဖြစ်၏။


ထို့ကြောင့် သင်ရို့သည် တခြားလူမျိုးတိမဟုတ်၊ သူစိမ်းလည်း မဟုတ်။ သင်ရို့သည် ဘုရားသခင်၏လူစုတော်နှင့်အတူ နိုင်ငံတော်သားများ၊ ကိုယ်တော်၏ အိမ်သူအိမ်သားများ ဖြစ်ကြ၏။


ဘုရားသခင်သည် ငါရို့အား ခရစ်တော်ယေသျှုနှင့်အတူ ရှင်ပြန်ထမြောက်စီတော်မူ၍ ထိုအသျှင်နှင့်အတူ ကောင်းကင်ဘုံ၌ စိုးစံခွင့်ကို ပီးတော်မူ၏။


သို့မှသာ သင်ရို့သည် ခရစ်တော်ကြွလာတော်မူသော နိ့ရက်၌ အပြစ်ဆိုဖွယ်ရာ မဟိဘဲ မသန့်ယှင်းခြင်းနှင့် ကင်းစင်လိမ့်မည်။


ယခု သင်ရို့အဖို့ အရေးကြီးသည့်အရာမှာ ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့်အညီ သင်ရို့သည် ပြုမူနီထိုင်ကြလော့။ ငါသည် သင်ရို့ထံသို့ လာပြီး တွိ့နိုင်သည်ဖြစ်စီ၊ တွိ့ဖို့ရန် ပျက်ကွက်သည်ဖြစ်စီ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တစ်စိတ်တစ်ဝမ်းတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရပ်တည်၍ သင်ရို့သည် တိုက်ပွဲဝင်လျက် ဟိကြကြောင်းကို ငါကြားရလို၏။


သမ္မာတရားတည်းဟူသော သတင်းကောင်းသည် သင်ရို့ပါးသို့ ပထမဆုံးအကြိမ် ရောက်လာသောအခါ မျှော်လင့်ခြင်းအကြောင်းကို သင်ရို့ကြားသိရကြ၏။ သို့ဖြစ်၍ သင်ရို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် ကောင်းကင်ဘုံ၌ သင်ရို့အဖို့ လုံခြုံစွာသိုထားသော မျှော်လင့်ခြင်း၌ တည်လျက်နိန်၏။


ထို့အပြင် သီဆုံးခြင်းမှ ထမြောက်တော်မူ၍ ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ငါရို့ကို ကယ်နုတ်တော်မူသော သားတော်ယေသျှုသည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ကို စောင့်မျှော်ကြသည့်အကြောင်း ထိုသူအပေါင်းရို့သည် ပြောဆိုလျက်ဟိကြ၏။


အကြောင်းမူကား ကြွေးကြော်ခြင်းနှင့်တကွ ကောင်းကင်တမန်မင်း၏ အသံ၊ ဘုရားသခင်၏ တံပိုးမှုတ်သံတိကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှ ဆင်းသက် ကြွလာတော်မူလိမ့်မည်။ ခရစ်တော်ကို ယုံကြည်၍ သီလွန်ပြီးသောသူများသည် ဦးစွာ ထမြောက်ကြလိမ့်မည်။


သို့ဖြစ်၍ ယခုအချိန်၌ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားနှင့် စပ်ဆိုင်သော ဆုသရဖူသည် ငါအတွက် အဆင်သင့် ဟိနိန်၏။ ဖြောင့်မတ်သော တရားသူကြီးဖြစ်တော်မူသော သခင်ဘုရားသည် ထိုဆုသရဖူကို ထိုနိ့၌ ငါ့အား ပီးတော်မူလိမ့်မည်။ ငါ့ကိုသာမက ကိုယ်တော်ကြွလာခြင်းကို လိုလားတောင့်တနိန်သူအားလုံးကိုလည်း ပီးအပ်တော်မူလိမ့်မည်။


ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။


သို့သော် သင်ရို့သည် ဇိအုန်တောင်သို့ လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်အရပ်၌ ဟိသော ယေရုဆလင်မြို့သို့ လည်းကောင်း၊ ထောင်ပေါင်းများစွာသော ကောင်းကင်တမန်တိ ရွှင်လန်းဝမ်းမြောက်စွာ စုဝေးရာအရပ်သို့ လည်းကောင်း၊


ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။


ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်အား လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။


Follow us:

Advertisements


Advertisements