Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 2:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

8 မိမိကိုယ်ကို နှိမ့်ချပြီး လက်ဝါးကပ်တိုင်ထက်တွင် အသီခံသည့်တိုင်အောင် နာခံ၍ လိုက်လျှောက်တော်မူ၏။

See the chapter Copy




ဖိလိပ္ပိ 2:8
26 Cross References  

ထိုအရပ်၌ တပည့်တော်ရို့ ရှိ့တွင် ယေသျှုသည် အဆင်းသဏ္ဌာန်ပြောင်းလဲလာ၏၊ ကိုယ်တော်၏မျက်နှာတော်သည် နီကဲ့သို့ ထွန်းလင်းနိန်ပြီး၊ ဝတ်ရုံတော်သည် ငွီရောင်ကဲ့သို့ လင်းလက်တောက်ပနိန်၏။


ရှိ့သို့ အနည်းငယ်ကြွတော်မူပြီး၊ ပြပ်ဝပ်လျက်၊ “အကျွန်၏အဖ၊ ဖြစ်နိုင်မည်ဆိုလျှင် ဤခွက်ကို အကျွန့်ပါးက ဖယ်ယှားပီးတော်မူပါ။ သို့သော်လည်း အကျွန်၏အလိုအတိုင်း မဖြစ်စီဘဲ၊ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆုတောင်းတော်မူ၏။


ကိုယ်တော်သည် ဒုတိယအကြိမ် ထွက်ကြွတော်မူပြီးလျှင် “အကျွန်၏အဖ၊ အကျွန်မသောက်ဘဲ ဤခွက်ကို ဖယ်ယှားပီးခြင်းငှာ မဖြစ်နိုင်လျှင်၊ ကိုယ်တော်၏အလိုတော် ပြည့်စုံတော်မူပါစီသောဝ်” ဟု ဆုတောင်းတော်မူ၏။


ဆုတောင်းတော်မူစဉ် မျက်နှာတော်၏ အဆင်းသဏ္ဍာန်သည် ပြောင်းလဲလာ၍ အဝတ်တော်သည်လည်း ဖြူဖွေးတောက်ပလာ၏။


ဇာသူတစ်ယောက်မှ ငါ့ပါးမှ အသက်ကို မလုယူနိုင်။ ကိုယ့်အလိုအလျောက် စွန့်ခြင်းသာဖြစ်၏။ ငါသည် အသက်ကို စွန့်ပိုင်ခွင့်နှင့် ပြန်ယူပိုင်ခွင့် ငါ့၌ ဟိ၏။ ဤသို့ ပြုနိုင်ရန် ခမည်းတော်သည် ငါ့ကို အမိန့်ပီးတော်မူ၏” ဟု မိန့်တော်မူ၏။


ယေဒါလည်း ငါသည် ခမည်းတော်ကို ချစ်ကြောင်း လောကသားတိအား သိစီရန် လိုအပ်၏။ ထို့ကြောင့် ခမည်းတော်က ငါ့အား မိန့်မှာတော်မူသည့်အတိုင်း လိုက်နာဆောက်ရွက်ခြင်းဖြစ်၏။ “လာကြ၊ ဤနီရာမှ လားကြကုန်အံ့” ဟု မိန့်တော်မူ၏။


ငါသည် ငါ့ခမည်းတော်၏ ပညတ်တိကို စောင့်ထိန်း၍ ငါ့ခမည်းတော်၏ မေတ္တာ၌ တည်နိန်သကဲ့သို့ သင်ရို့သည်လည်း ငါ၏ပညတ်တိကို စောင့်ထိန်းလျှင် ငါ၏မေတ္တာ၌ တည်နိန်ကြလိမ့်မည်။


ယေသျှုလည်း “ငါ၏ စားစရာကား၊ ငါ့ကို စီရွှတ်သော အသျှင်၏အလိုတော်ကို နာခံခြင်းနှင့် ထိုအသျှင်က ငါ့ကို ပီးအပ်ထားသော လုပ်ငန်းတာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ခြင်းပင် ဖြစ်၏။


သူသည် ကဲ့ရဲ့ယှုတ်ချခြင်းကို ခံရစဉ် တရားမျှတမှု ဟိစီရန် သူ့အတွက် ဆောင်ရွက်ပီးသူမဟိ။ ဤလောကမှ သူ့အသက်ကို ရုပ်သိမ်းလားသည်ဖြစ်၍၊ ဇာသူသည် သူ၏သားမြီးတိကို ပြောပြနိုင်မည်နည်း” ဟူ၍ ဖြစ်၏။


အကြောင်းမူကား တစ်ယောက်သောသူ၏ မလိုက်နာခြင်းအားဖြင့် လူအားလုံးသည် အပြစ်သားများဖြစ်ကြရသည့်နည်းတူ၊ တစ်ယောက်သောသူ၏ လိုက်နာခြင်းအားဖြင့် လူအားလုံးသည် ဘုရားသခင်၏ဖြောင့်မတ်ရာသို့ ရောက်ကြရ၏။


အကြောင်းမူကား သင်ရို့သည် ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ကျေးဇူးတော်ကို သိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သင်ရို့၏အကျိုးကိုထောက်၍ ဆင်းရဲခြင်းကို ခံတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏ဆင်းရဲခံခြင်းအားဖြင့် သင်ရို့ကို ကြွယ်ဝကြစီခြင်းငှာ ဖြစ်၏။


သို့ရာတွင် “သစ်တိုင် ထက်တွင် ဆွဲထားခြင်းကို ခံရသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းခံရသူဖြစ်၏” ဟု ကျမ်းစာတော်မြတ်၌ လာသည်နှင့်အညီ ခရစ်တော်သည် ငါရို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်ပြီး ငါရို့အား ပညတ်တရား၏ ကျိန်ခြင်းမှ ရွီးနုတ်တော်မူ၏။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


သင်ရို့သည် အပြစ်တရားကို ဆန့်ကျင်တွန်းလှန်ကြရာ၌ သွီးမြီကျသည့်တိုင်အောင် မခံကြရသိမ့်။


ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


Follow us:

Advertisements


Advertisements