Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 2:7 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

7 ထိုသို့ ပြုမည့်အစား မိမိ၌ ဟိသမျှသော ဘုန်းတော်ကို အလိုအလျောက် စွန့်၍ အခိုင်းအစီတစ်ယောက်၏ သဏ္ဌာန်ကို ခံယူတော်မူ၏။ ကိုယ်တော်သည် လူ့သဏ္ဌာန်ကို ဆောင်၍ လူကဲ့သို့သော အဖြစ်ကို ခံယူတော်မူ၏။

See the chapter Copy




ဖိလိပ္ပိ 2:7
31 Cross References  

“ဤသူကား ငါ ရွီးချယ်ထားသော ငါ၏ကျွန် ဖြစ်၏။ ဤသူသည် ငါ့ကို ရွှင်လန်းစီ၍ ငါချစ်ရသောသူ ဖြစ်၏။ ငါ၏ဝိညာဉ်ကို သူ၌ တည်စီမည်။ သူသည် လူအမျိုးမျိုးတိအား ငါ၏တရားစီရင်ခြင်းအကြောင်းကို ဟောပြောလိမ့်မည်။


လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်းမဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။


ကိုယ်တော်ကလည်း “အမှုအရာ အားလုံးကို အသင့်ပျင်ဆင်ဖို့ ဧလိယသည် အယင်ကြွလာရသည်ကား မှန်ပေ၏။ သို့ရာတွင် ကျမ်းစာတော်မြတ်၌ ‘လူသားသည် များစွာသော ဒုက္ခဆင်းရဲခြင်းကို လည်းကောင်း၊ ငြင်းပယ်ခြင်းကို လည်းကောင်း ခံရမည်’ ဟု ရီးထားသည်ကား ဇာပိုင်နည်း။


စားပွဲ၌ထိုင်နိန်သူနှင့် လုပ်ကျွေးသောသူထဲက ဇာသူက သာ၍ ကြီးမြတ်သူ ဖြစ်သနည်း။ စားပွဲ၌ ထိုင်သူမဟုတ်လော။ သို့သော်လည်း ငါက သင်ရို့ထဲ၌ လုပ်ကျွေးသူပိုင်ဖြစ်၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ထိုသတင်းကောင်းတရားသည်ကား ဒါဝိဒ်၏ အမျိုးတစ်ယောက်အဖြစ်ဖြင့် လူ့ဇာတိကို ခံယူမွီးဖွားလာသော ဘုရားသခင်၏သားတော် ငါရို့၏အသျှင် ယေသျှုခရစ်တော်အကြောင်း ဖြစ်၏။


အကြောင်းမူကား “ကိုယ်တော့်ကို ပြောဆိုသောသူရို့၏ ကဲ့ရဲ့စကားသည် အကျွန့်ထက်မှာ ကျရောက်ပါ၏” ဟု ကျမ်းစာလာသည်အတိုင်း ခရစ်တော်သည် မိမိ၏အလိုကို ငြင်းပယ်တော်မူ၏။


သင်ရို့အား ငါဆိုသည်ကား ခရစ်တော်၏အမှုတော်ဆောင်ခြင်း အသက်တာသည် ယုဒလူမျိုးတိ အကျိုးအတွက်ဖြစ်၏၊ ထိုအကျိုးမူကား ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သူရို့၏ဖိုးဖီးတိအား ပီးထားခသော မိမိ၏ကတိတော် အမှန်ပင် ဖြစ်လာခြင်းကို ဖော်ပြရန်နှင့်၊


လူ့ဇာတိသည် အားနည်းသောကြောင့် ပညတ်တရား မတတ်နိုင်သောအမှုကို ဘုရားသခင် ပြုတော်မူခြင်းဖြစ်၏။ ဘုရားသခင်သည် မိမိ၏သားတော်ကို လူ့ဇာတိကိုဆောင်၍ စီရွှတ်လိုက်ကာ ထိုသားတော်အားဖြင့် အသွီးအသား၌ဟိသော အပြစ်ကို ဒဏ်ခတ်တော်မူလေ၏။


ကိုယ်တော်သည် လက်ဝါးကပ်တိုင်ထက်တွင် အသီသတ်ခံရစဉ်က အားနည်းသည့် အခြေအနေ ဟိခသော်လည်း ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထို့ကြောင့် ငါရို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်ရို့ရှိ့၌ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။


အကြောင်းမူကား သင်ရို့သည် ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ကျေးဇူးတော်ကို သိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သင်ရို့၏အကျိုးကိုထောက်၍ ဆင်းရဲခြင်းကို ခံတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏ဆင်းရဲခံခြင်းအားဖြင့် သင်ရို့ကို ကြွယ်ဝကြစီခြင်းငှာ ဖြစ်၏။


သို့ရာတွင် နောက်ဆုံး၌ အချိန်တန်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကို စီရွှတ်တော်မူ၏။ ထိုသားတော်သည် လူမိခင်မှ မွီးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။


ကိုယ်တော်သည် ဘုရားဇာတိတော်နှင့် အစဉ်အမြဲ ပြည့်စုံတော်မူ၏။ သို့သော် အဓမ္မနည်းဖြင့် ဘုရားသခင်နှင့် တန်းတူဖြစ်စီခြင်းငှာ ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။


ငါရို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စီ၍ အဆုံးတိုင်အောင် စုံလင်စီတော်မူသော အသျှင်ယေသျှုကို စိ့စိ့ထောက်ရှုကြကုန်အံ့။ အကြောင်းမူကား ကိုယ်တော်သည် မိမိအဖို့ ပျင်ဆင်ထားသော ဝမ်းမြောက်ဖွယ်ရာအကြောင်းကြောင့် ရှက်ကြောက်ဖွယ်အမှုကို မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင်၌ အသီခံတော်မူပြီးလျှင် ဘုရားသခင်ပလ္လင်တော်၏ လက်ယာဖက်၌ ထိုင်တော်မူလေ၏။


အကျဉ်းသားတိကိုလည်း သူရို့နှင့်အတူ အချုပ်အနှောင် ခံနိန်ကြရသကဲ့သို့ သတိရကြလော့။ မတရားပြုမူခြင်းကို ခံနိန်ကြရသော သူရို့ကိုလည်း မိမိရို့ ကိုယ်တိုင် ထိုသို့ ခံနိန်ကြရသကဲ့သို့ အောက်မိ့ကြလော့။


ငါရို့၏ယဇ်ပုရောဟိတ်မင်းသည် ငါရို့၏အားနည်းချက်များကြောင့် ငါရို့ကို သနားကြင်နာစိတ် မဟိနိုင်သောသူ မဟုတ်ပေ။ တစ်နည်းဆိုသော် ငါရို့ ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံယူတော်မူသော ယဇ်ပုရောဟိတ်မင်း တစ်ပါးသည် ငါရို့၌ ဟိတော်မူ၏။ သို့ရာတွင် ထိုအသျှင်သည် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။


Follow us:

Advertisements


Advertisements