Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 2:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 ကိုယ်တော်သည် ဘုရားဇာတိတော်နှင့် အစဉ်အမြဲ ပြည့်စုံတော်မူ၏။ သို့သော် အဓမ္မနည်းဖြင့် ဘုရားသခင်နှင့် တန်းတူဖြစ်စီခြင်းငှာ ကြိုးစားသင့်သည်ဟု ထင်မှတ်တော်မမူ။

See the chapter Copy




ဖိလိပ္ပိ 2:6
37 Cross References  

ဗျာဒိတ်တော်သည်ကား “အပျိုစင်တစ်ယောက်သည် ပဋိသန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်၊ ထိုသားကို ဧမာနွေလဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု လာသတည်း (ဧမာနွေလ၏အဓိပ္ပာယ်ကား “ငါရို့နှင့်အတူဟိသော ဘုရားသခင်” ဖြစ်၏)။


ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။


ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟု မိန့်တော်မူ၏။


ယုဒလူတိကလည်း “ကောင်းမြတ်သောအမှုတိကို ပြခသည့်အတွက်ကြောင့် သင့်ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသည်မဟုတ်။ သင်သည် လူစင်စစ်ဖြစ်လျက်ပင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကို ပြစ်မှားသော စကားကြောင့် ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြခြင်း ဖြစ်သည်” ဟု ပြန်ပြောကြ၏။


ဆောင်ရွက်ခလျှင်မူကား ငါ့ကို မယုံသော်လည်း ငါဆောင်ရွက်ခသော အမှုတိကို ယုံကြလော။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ့အထဲ၌ ဟိတော်မူသကဲ့သို့၊ ငါလည်း ခမည်းတော်အထဲ၌ ဟိနိန်သည်ကို သင်ရို့ သိနားလည်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။


‘ငါသည် အဂု လားသော်လည်း သင်ရို့ထံပါးသို့ ငါပြန်လာအုံးမည်’ ဟု ပြောခသည်ကို သင်ရို့ ကြားရကြပြီ။ ခမည်းတော်သည် ငါ့ထက် ကြီးမြတ်၏။ ထို့ကြောင့် သင်ရို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံပါးသို့ ငါလားသည်ကို ဝမ်းမြောက်ကြလိမ့်မည်။


ယေသျှုကလည်း “ဖိလိပ္ပု၊ သင်ရို့အားလုံးသည် ငါနှင့်အတူ အချိန်အကြာကြီး ဟိနိန်ခလျက်ပင် ငါ့ကို သင်မသိသလော။ ငါ့ကို မြင်ရသောသူသည် ခမည်းတော်ဘုရားကို မြင်ရသောသူ ဖြစ်၏။ ‘ခမည်းတော်ဘုရားအား ငါရို့ကို ပြပါ’ ဟု ဇာကြောင့် ပြောရသနည်း။


အို အဖ၊ ဤကမ္ဘာ မတည်ခင်ကပင် ကိုယ်တော်နှင့်အတူ ဟိခဖူးသော ဘုန်းတော်ကို အဂု ကိုယ်တော်၏ မျက်မှောက်တော်၌ အကျွန်အား ထင်ရှားစီတော်မူပါ။


ထိုအခါ သောမသည်လည်း “ကိုယ်တော်သည် အကျွန်၏အသျှင်၊ အကျွန်၏ ဘုရားသခင် ပါတကား” ဟု လျှောက်လေ၏။


ဤသို့ မိန့်တော်မူသောကြောင့် လည်းကောင်း၊ ဥပုသ်နိ့၏ စည်းကမ်းကို ဖောက်ဖျက်ခြင်းကြောင့် လည်းကောင်း၊ ဘုရားသခင်ကို မိမိ၏အဖဟု ခေါ်၍ မိမိကိုယ်မိမိ ဘုရားသခင်နှင့် တစ်တန်းတည်း ထားသောကြောင့် လည်းကောင်း ယုဒအာဏာပိုင်တိက ကိုယ်တော်အား အသီသတ်ခြင်းငှာ ပို၍ ကြံစည်ကြ၏။


အကြောင်းမူကား လူရို့သည် ခမည်းတော်အား ရိုသီသည့်နည်းတူ သားတော်ကိုလည်း ရိုသီကြစီရန် ဖြစ်၏။ သားတော်အား မရိုသီသောသူ ဟိသမျှရို့သည် ထိုသားတော်အား စီရွှတ်တော်မူသော ခမည်းတော်ကိုလည်း မရိုသီသောသူ ဖြစ်၏။


သူရို့သည် ထင်ရှားသောဟေဗြဲမျိုးနွယ်မှ ဆင်းသက်လာကြ၏။ ခရစ်တော်သည်လည်း လူ့ဇာတိအားဖြင့် သူရို့ထဲမှ ပေါ်ထွန်းလာတော်မူ၏။ ထိုအသျှင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ ထာဝရချီးမွမ်းထိုက်တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


အကြောင်းမူကား သင်ရို့သည် ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ကျေးဇူးတော်ကို သိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သင်ရို့၏အကျိုးကိုထောက်၍ ဆင်းရဲခြင်းကို ခံတော်မူ၏။ အကြောင်းမှာ ကိုယ်တော်၏ဆင်းရဲခံခြင်းအားဖြင့် သင်ရို့ကို ကြွယ်ဝကြစီခြင်းငှာ ဖြစ်၏။


ထာဝရ သျှင်ဘုရင် ဖြစ်တော်မူသော၊ ထာဝရတည်ဟိတော်မူသော၊ လူတိ မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းဟိတော်မူသော ဘုရားသခင်၌ ဂုဏ်အသရေနှင့် ဘုန်းတန်ခိုးတော်သည် ထာဝရ တည်ဟိတော်မူပါစီသောဝ်။ အာမင်။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။


သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။


သို့ရာတွင် ဘုရားသခင်က မိမိ၏ သားဦးကို ဤလောကထဲသို့ စီရွှတ်တော်မူသောအခါ၌ “ဘုရားသခင်၏ ကောင်းကင်တမန်အပေါင်းရို့သည် ကိုယ်တော့်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။


သို့သော်လည်း သားတော်အကြောင်းနှင့်ပတ်သတ်၍ မိန့်တော်မူသည်မှာ၊ “အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်။ ကိုယ်တော်သည် မိမိ၏ လူတိကို တရားမျှတစွာ အုပ်စိုးတော်မူ၏။


ယေသျှုခရစ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကာလအစဉ် ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။


ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။


Follow us:

Advertisements


Advertisements