Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 1:29 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

29 သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။

See the chapter Copy




ဖိလိပ္ပိ 1:29
14 Cross References  

ယေသျှုကလည်း “ယောန၏သား၊ သျှိမုန် သင်သည် မင်္ဂလာဟိ၏။ အကြောင်းမူကား ဤအမှန်တရားသည် လူအားဖြင့်မဟုတ်၊ ကောင်းကင်ဘုံ၌ဟိတော်မူသော ငါ၏အဖသည် သင့်အား တိုက်ရိုက် ဖော်ပြတော်မူခြင်းဖြစ်၏။”


သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။


သူရို့သည် အန္တိအုတ်မြို့သို့ ရောက်ကြသောအခါ အသင်းတော်၌ ဟိသောသူတိကို အတူတကွ စုဝေး၍ ဘုရားသခင်သည် သူရို့နှင့်အတူ ပြုတော်မူခသော အမှုအရာတိကိုလည်းကောင်း၊ လူမျိုးခြားတိ ယုံကြည်လာကြစီရန် ဘုရားသခင်က ဇာပိုင် လမ်းဖွင့်ပီးခသည်ကို လည်းကောင်း သူရို့အား ပြောပြကြ၏။


တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။


ထိုမျှမက ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ဖြစ်စီတတ်၏ဟု သိသောကြောင့် ဒုက္ခဆင်းရဲခြင်း၌လည်း ငါရို့သည် ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။ အကြောင်းမူကား


သင်ရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ သင်ရို့၏ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်။ ဘုရားသခင်ပီးတော်မူသော ဆုလက်ဆောင်ဖြစ်၍ ဇာသူလေ့ ဝါကြွားစရာအခွင့် မဟိ။


အကြောင်းမူကား သင်ရို့သည် ဗတ္တိဇံကို ခံယူကြသောအခါ ခရစ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ ခရစ်တော်ကို သီခြင်းတရားမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်လျက် ဗတ္တိဇံခံခြင်းအားဖြင့် သင်ရို့သည်လည်း ထိုအသျှင်နှင့်အတူ ထမြောက်ခြင်းကို ခံရကြ၏။


ငါ့ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ကြုံတွိ့ကြရသောအခါ ဧကန်အမှန် ဝမ်းမြောက်စရာ ဖြစ်သည်ဟု မှတ်ယူကြလော့။


သင်ရို့သည် ခရစ်တော်၏ ဒုက္ခဆင်းရဲထဲ၌ အတူပါဝင် ခံစားရကြသည်ကို ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော် ပေါ်ထွန်းလာသောအခါ သင်ရို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြလိမ့်မည်။


Follow us:

Advertisements


Advertisements