Biblia Todo Logo
Online Bible

- Advertisements -




ဖိလိပ္ပိ 1:27 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

27 ယခု သင်ရို့အဖို့ အရေးကြီးသည့်အရာမှာ ခရစ်တော်၏ ဧဝံဂေလိတရားတော်နှင့်အညီ သင်ရို့သည် ပြုမူနီထိုင်ကြလော့။ ငါသည် သင်ရို့ထံသို့ လာပြီး တွိ့နိုင်သည်ဖြစ်စီ၊ တွိ့ဖို့ရန် ပျက်ကွက်သည်ဖြစ်စီ၊ ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလို့ငှာ တစ်စိတ်တစ်ဝမ်းတည်း၊ ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရပ်တည်၍ သင်ရို့သည် တိုက်ပွဲဝင်လျက် ဟိကြကြောင်းကို ငါကြားရလို၏။

See the chapter Copy




ဖိလိပ္ပိ 1:27
53 Cross References  

ယေသျှုသည် ထိုသူရို့၏စိတ်ကို သိသောကြောင့် “တိုင်းနိုင်ငံတစ်ခု၌ အုပ်စုကွဲပြီး အချင်းချင်း တိုက်ခိုက်နိန်ကြလျှင် ထိုနိုင်ငံသည် မရပ်တည်နိုင်။ မိသားစုတစ်စု၊ မြို့ရွာတစ်ခုသည်လည်း အချင်းချင်း ကွဲပြားနိန်ကြလျှင် ထိုမိသားစု၊ ထိုမြို့ရွာတိသည်လည်း မရပ်တည်နိုင်။


သူရို့သည် နိ့စဉ်နိ့တိုင်း ဗိမာန်တော်၌ စုဝေးကြပြီးလျှင် သူရို့၏အိမ်များတွင် မုန့်ကိုဖဲ့လျက် စေတနာစိတ်နှင့် ဝမ်းမြောက်စွာ အတူတကွ အစားအစာများကို သုံးဆောင်ကြကာ၊


ရက်အင်တန်ကြာပြီးနောက်၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိမယား ဒြုသိလနှင့်အတူ ရောက်လာလေ၏။ ထိုအခါ ပေါလုကို ရှိ့မှောက်သို့ ခေါ်ပြီးလျှင် ပေါလုဟောပြောသော ခရစ်တော်ယေသျှုအား ယုံကြည်ခြင်းအကြောင်းကို နားထောင်လေ၏။


ယုံကြည်သူရို့၏ အစုအဝေးသည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြ၍ သူရို့၏ပစ္စည်းဥစ္စာများကို မိမိပိုင်သည်ဟု မပြောဘဲ၊ ဟိသမျှသော ပစ္စည်းဥစ္စာများကို အချင်းချင်း ဝီမျှသုံးဆောင်ကြ၏။


ငါသည် သတင်းကောင်းတရားတော်၌ ယုံကြည်ခြင်း အပြည့်ဟိပါ၏၊ အကြောင်းမူကား၊ ဤတရားသည် ရှီးဦးစွာ၌ ယုဒလူ၊ ထို့နောက် တခြားလူမျိုးတိနှင့်တကွ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းပီးနိုင်သော ဘုရားသခင်၏တန်ခိုးတော် ဖြစ်သောကြောင့် ဖြစ်၏။


ဘုရားသခင်သည် ခရစ်တော်၏အကျိုးအလို့ငှာ တမန်တော်တစ်ယောက် ဖြစ်ရသောအခွင့်ထူးကို ထိုအသျှင်အားဖြင့် အကျွန့်အား ပီးတော်မူ၏။ အကြောင်းမှာ လူသားအားလုံးသည် ကိုယ်တော့်ကို ယုံကြည်၍ နာခံလိုက်လျှောက်ကြစီရန်ဖြစ်၏။


ငါသည် ဘုရားသခင်၏သားတော်အကြောင်း သတင်းကောင်းကို ဟောပြောလျက်၊ မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ဘုရားသခင်၏အမှုတော်မြတ်ကို ဆောင်ရွက်နိန်သည်မှာ ဧကန် အမှန်ပင် ဖြစ်ကြောင်း ငါဆိုသည်မှာ ဘုရားသခင်သည် ငါ၏ သက်သီဖြစ်တော်မူ၏။ ငါသည် ဆုတောင်းသည့်အခါတိုင်း သင်ရို့ကို သတိရလျက်ဟိသည်ကို ဘုရားသခင် သိတော်မူ၏။


သို့ရာတွင် ကျမ်းစာက ဇာပြောထားလဲ ဆိုလျှင်။ “တရားတော်သည် သင်ရို့ အနားမှာ ဟိ၏။ သင်ရို့၏ နှုတ်၌လည်းကောင်း၊ သင်ရို့၏ စိတ်နှလုံးသားထဲ၌လည်းကောင်း ဟိတော်မူ၏” ဟူ၍ ဖြစ်၏။ ထိုသို့ဆိုထားသည်မှာ ငါရို့ ဟောပြောနိန်သော ယုံကြည်ခြင်းတရားကို ဆိုထားခြင်းဖြစ်၏။


တခြားလူမျိုးတိအတွက် ယေသျှုခရစ်တော်၏အမှုတော်ဆောင် တစ်ယောက်ဖြစ်စီခြင်းငှာ ငါ့အား ဘုရားသခင်ပီးထားသော ဆုကျေးဇူးကြောင့် ဖြစ်၏။ တခြားလူမျိုးတိသည် သန့်ယှင်းသောဝိညာဉ်တော်အားဖြင့် သန့်ယှင်းစင်ကြယ်လျက် ဘုရားသခင် လက်ခံတော်မူသော ပူဇော်သကာ ဖြစ်လာစီခြင်းငှာ ဘုရားသခင်သည် မိမိ၏သတင်းကောင်းကို ဟောပြောရန် ယဇ်ပုရောဟိတ်တာဝန်ကို ငါ့အား ပီးအပ်တော်မူ၏။


သင်ရို့ပါးသို့ ငါလာသောအခါ ခရစ်တော်၏ ကောင်းကြီးမင်္ဂလာ စုံလင်စွာဖြင့် ရောက်လာလိမ့်မည်ဟု ငါ သိ၏။


ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ နာမတော်ကို အမှီပြု၍ ငါသည် သင်ရို့အားလုံးကို တောင်းပန်ပါ၏။ စိတ်ဝမ်းကွဲပြားမှုမဟိစီခြင်းငှာ သင်ရို့၏စကားအပြောအဆို၌ ညီညွတ်မှုဟိကြလော့။ တစ်စိတ်တစ်ဝမ်းတည်းဖြင့် စည်းလုံးမှုဟိကြလော့။


ထို့ကြောင့် ချစ်သောညီအစ်ကို မောင်နှမရို့၊ သင်ရို့၏ယုံကြည်ခြင်း၌ တည်တံ့ခိုင်ခန့်စွာ ရပ်ကြလော။ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်ခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဖြစ်ကြောင်းကို သိမှတ်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။


ညီအစ်ကိုမောင်နှမရို့၊ ဝမ်းမြောက်ကြလော့။ ပြည့်စုံစီရန်အတွက် ကြိုးစားအားထုတ်လော့။ ငါ၏ တိုက်တွန်းချက်ကို နားထောင်ကြလော့။ အချင်းချင်း စိတ်သဘောတူညီလျက် သင့်မြတ်စွာ နီထိုင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်၏ မေတ္တာတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


အကြောင်းမူကား ဤသို့ သင်ရို့၏ လုပ်ဆောင်မှုကြောင့် လူအပေါင်းရို့သည် ခရစ်တော်၏ သတင်းကောင်းကို သစ္စာဟိစွာ သင်ရို့ ခံယူကြသည်ကို လည်းကောင်း၊ သူရို့မှစ၍ တခြားသူအပေါင်းရို့အား ရက်ရောစွာ ဝီမျှပီးကမ်းကြသည်ကို လည်းကောင်း လူအပေါင်းရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြပေလိမ့်မည်။


အမှန်ဆိုသော် “အခြားသော သတင်းကောင်း” ဟူ၍မဟိ။ သို့ရာတွင် လူတချို့သည် သင်ရို့ကို အနှောက်အယှက်ဖြစ်စီပြီး ခရစ်တော်၏ သတင်းကောင်းကို မှောက်လှန်လိုခြင်းငှာ ကြိုးစားနိန်ခြင်းသာ ဖြစ်သည်ဟု ငါပြောဆို၏။


သင်ရို့သည်လည်း ကယ်တင်ခြင်းနှင့်ဆိုင်သော သတင်းကောင်းတည်းဟူသော သမ္မာတရားကို ကြားရသောအခါ ဘုရားသခင်၏ လူများဖြစ်လာကြ၏။ သင်ရို့သည် ခရစ်တော်ကို ယုံကြည်၍ ဘုရားသခင်သည် မိမိကတိပီးထားတော်မူသော သန့်ယှင်းသော ဝိညာဉ်တော်အားဖြင့် သင်ရို့အား မိမိပိုင်တော်မူကြောင်းကို တံဆိပ်ခတ်တော်မူ၏။


ထို့ကြောင့် သင်ရို့သည် အသျှင်ယေသျှုကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏လူအပေါင်းရို့အား ချစ်ခြင်းမေတ္တာ ထားကြကြောင်းကို ကြားရကတည်းကပင်၊


သို့ဖြစ်၍ သင်ရို့သည် ဘုရားသခင်၏ ခေါ်တော်မူခြင်း နှင့်ထိုက်တန်သော အကျင့်ဖြင့် အသက်ရှင်နီထိုင်ကြရန် သခင်ဘုရားအတွက် အကျဉ်းခံရသော သူတစ်ယောက်အဖြစ်ဖြင့် ငါသည် သင်ရို့အား နှိုးဆော်တိုက်တွန်းပါ၏။


အကြောင်းမှုကား ငါသည် အမှုတော်ကို စတင်ဆောင်ရွက်ချိန်မှစ၍ ယနိ့ တိုင်အောင် သတင်းကောင်းကို ပြန့်နှံ့စီခြင်းငှာ သင်ရို့သည် ငါနှင့်အတူ ဆောင်ရွက်ခကြသောကြောင့် ဖြစ်၏။


သို့ဖြစ်၍ အဆွီရို့၊ ငါသည် သင်ရို့နှင့်အတူ ဟိစဉ် သင်ရို့သည် ငါ့စကားကို အစဉ်အမြဲ နားထောင်ခကြသည်နည်းတူ အဂုလည်း ငါသည် သင်ရို့နှင့် ဝီးကွာလျက် ဟိသောအခါ၌လည်း ငါ့စကားကို နားထောင်ခြင်းငှာ ပို၍ပင် အရေးကြီးပေ၏။ သင်ရို့၏ ကယ်တင်ခြင်း ပြည့်စုံစီခြင်းငှာ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် လုပ်ဆောင်လျက် နိန်ကြလော့။


သခင်ဘုရားကို ယုံကြည်ကိုးစားလျက် ငါကိုယ်တိုင်ပင် မကြာမီ သင်ရို့ထံသို့ လာနိုင်လိမ့်မည်။


ဤအချက်ကို ကြိမ်ဖန်များစွာ ငါဖော်ပြဖူးယာ။ အဂုလည်း မျက်ရည်ဖြင့် ထပ်မံ၍ ဖော်ပြ၏။ ခရစ်တော်၏ လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူခြင်း တရားတော်နှင့် ဆန့်ကျင်၍ ပြုမူသောသူ အများပင် ဟိကြပေ၏။


ငါရို့မူကား ကောင်းကင်နိုင်ငံသားများ ဖြစ်ကြသဖြင့် ကောင်းကင်ဘုံမှ ငါရို့၏ ကယ်တင်သျှင် အသျှင်ခရစ်တော်ယေသျှု ကြွလာတော်မူမည်ကို စောင့်မျှော်လျက်ဟိကြ၏။


ငါ့ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အား ငါ အလွန်ချစ်၍ လွမ်းဆွတ်ပါ၏။ ငါသည် သင်ရို့ကို အကြောင်းပြု၍ လွန်စွာဝမ်းမြောက်ကာ ဂုဏ်ယူဝါကြွားပါ၏။ ချစ်သောညီအစ်ကိုရို့၊ ငါရို့ဆိုခသည့်အတိုင်း ခိုင်မြဲစွာ ရပ်တည်ကြလော့။


သို့မှသာ အစဉ်မလပ် သခင်ဘုရား နှစ်သက်စီရန်နှင့် အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစီရန် သင်ရို့ ပြုမူကျင့်ကြံ နိုင်ကြလိမ့်မည်။ ထိုသို့ပြုမူကျင့်ကြံခြင်းအားဖြင့် သင်ရို့သည် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသော အသီးများကိုသီးကာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ တိုးပွားလာလိမ့်မည်။


ဇာကြောင့်ဆိုသော် သင်ရို့သည် ခရစ်တော်ယေသျှု၌ သင်ရို့၏ ယုံကြည်ခြင်းကို လည်းကောင်း ဘုရားသခင်၏ လူစုတော်အား ချစ်ကြောင်းကို လည်းကောင်း ငါရို့ ကြားသိရသောကြောင့်ဖြစ်၏။


အဂုအခါ တိမောသေသည် ပြန်လည်ရောက်လာ၍ သင်ရို့၏မေတ္တာနှင့် ယုံကြည်ခြင်းအကြောင်း သတင်းကောင်းကို ငါရို့ပါးသို့ ယူဆောင်လာခ၏။ သင်ရို့သည် ငါရို့အား အစဉ်မပြတ် သတိရကြောင်းကို လည်းကောင်း၊ သင်ရို့ကို ငါရို့ တွိ့မြင်လိုသကဲ့သို့ သင်ရို့သည် ငါရို့အား တွိ့မြင်လိုကြကြောင်းကို လည်းကောင်း တိမောသေက ပြောပြ၏။


နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။


ဟောပြောရန် ငါ့ကို ပီးအပ်ထားသော သတင်းကောင်းတရား၌ ထိုသွန်သင်ချက်ကို တွိ့ရ၏။ ထိုသတင်းကောင်းတရားသည်ကား ဘုန်းတန်ခိုးတော် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်ထံမှ လာခြင်းဖြစ်၏။


သင်၏ယုံကြည်ခြင်းကို လည်းကောင်း၊ ကြည်လင်သော အသိစိတ်ကို လည်းကောင်း စွဲကိုင်ထားလော့။ လူတချို့သည် ကြည်လင်သော အသိစိတ်ကို ငြင်းပယ်၍ မိမိရို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ကြလေ၏။


ငါသည် အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ကြိုးစားပြီး အဆုံးတိုင်အောင် ဗြီးခပြီးယာ၊ ငါသည် ယုံကြည်ခြင်းတရားကို စောင့်ထိန်းခယာ။


မိမိရို့သခင်ပါးက ခိုးယူခြင်းကို မပြုဘဲ၊ အစဉ် ကောင်းမြတ်၍ သစ္စာဟိကြောင်းကို ပြသကြရန် သွန်သင်လော့။ ထိုသို့ပြုခြင်းဖြင့် သူရို့သည် အရာရာ၌ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်အကြောင်း သွန်သင်ချက်ကို ပို၍ ယုံကြည်လက်ခံလာကြလိမ့်မည်။


အကြောင်းမူကား သင်သည် ဘုရားသခင်၏လူစုတော်အား ချစ်ခင်သည်ကိုလည်းကောင်း၊ အသျှင်ယေသျှုအား ယုံကြည်သည်ကိုလည်းကောင်း ကြားသိရသောကြောင့်ဖြစ်၏။


ရန်ကို ငြိမ်းစီသောသူရို့သည် ဖြောင့်မတ်ခြင်းအသီးအနှံကို ရိတ်သိမ်းကြရ၏။


ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊


သို့ဖြစ်၍ အဆွီရို့၊ သင်ရို့သည် ထိုနိ့ရက်ကို စောင့်မျှော်နိန်ကြစဉ် သန့်ယှင်းစင်ကြယ်ခြင်းငှာ လည်းကောင်း၊ ဘုရားသခင်၏ရှိ့တော်၌ အပြစ်ကင်းစင်စီခြင်းငှာ လည်းကောင်း ကိုယ်တော်နှင့် ငြိမ်းချမ်းမှုရစီခြင်းငှာ လည်းကောင်း အကောင်းဆုံး ကြိုးစားကြလော့။


ချစ်ခင်ရသော အဆွီရို့၊ ငါရို့နှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်ရို့ပါးသို့ စာရီးရန် ကြိုးစားခ၏။ သို့ရာတွင် ကိုယ်တော်၏ လူစုအား ဘုရားသခင် အပြီးအပိုင် ပီးအပ်တော်မူသည့် ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ကြရန် သင်ရို့ပါးသို့ ချက်ချင်းပင် စာရီး၍ အားပီးတိုက်တွန်းရန် လိုအပ်လာသည်ဟု ငါ ခံစားရ၏။


Follow us:

Advertisements


Advertisements