26 သို့ဖြစ်၍ ငါသည် သင်ရို့နှင့် တဖန် ဟိနိန်ခွင့်ရသောအခါ၌ ခရစ်တော်ယေသျှု၌ သင်ရို့သည် ငါ့အတွက်ကြောင့် ပို၍ပင် ဂုဏ်ယူဝါကြွားနိုင်ကြလိမ့်မည်။
ထိုနည်းတူ ယခုတွင် သင်ရို့သည် ဝမ်းနည်းပူဆွီးရကြ၏။ သို့သော်လည်း ငါသည် သင်ရို့ကို တဖန် မြင်တွိ့သောခါ၊ သင်ရို့၏စိတ်နှလုံးသည် ဝမ်းသာခြင်းနှင့် ပြည့်ဝကြလိမ့်မည်။ သင်ရို့၏ဝမ်းသာခြင်းကို မည်သူမျှ နုတ်ယူနိုင်လိမ့်မည်မဟုတ်ပေ။
အဂုအချိန်ထိ ငါ့နာမ၌ သင်ရို့သည် တစ်စုံတစ်ခုကိုမျှ မတောင်းကြသိမ့်။ သင်ရို့သည် ဝမ်းသာခြင်းနှင့် ပြည့်ဝကြစီခြင်းငှာ တောင်းကြလော့။ တောင်းလျှင် ရကြလိမ့်မည်။
ငါရို့၏ သခင်ယေသျှု ကြွလာတော်မူရာနိ့၌ ငါရို့သည် သင်ရို့အတွက် ဝါကြွားနိုင်သကဲ့သို့ သင်ရို့သည် ငါရို့အတွက် ဝါကြွားနိုင်ကြစီရန် သင်ရို့သည် အဂု တစ်စိတ်တစ်ပိုင်းသာ နားလည်ကြသည့် အကြောင်းအရာများကို ပြည့်ဝစုံလင်စွာ နားလည်ကြလိမ့်မည်ဟု ငါမျှော်လင့်၏။
ငါရို့သည် သင်ရို့ရှိ့၌ မိမိကိုယ်ကို ချီးမွမ်းခံလို၍ တဖန် ကြိုးစားခြင်း မဟုတ်။ သင်ရို့သည် ငါရို့ကြောင့် ဂုဏ်ယူနိုင်ကြစီရန် ကြိုးစားခြင်းသာ ဖြစ်၏။ ထို့မှသာ လူ၏ အတွင်းသဘောကို မထောက်ဘဲ ပြင်ပသဏ္ဌာန်ကိုသာ ထောက်၍ ဝါကြွားတတ်သောသူရို့ကို သင်ရို့သည် ပြန်လည် ချေပနိုင်ကြပေမည်။
ငါသည် သင်ရို့အကြောင်းကို တိတုရှိ့၌ ဝါကြွားခသော်လည်း ငါ့ကို စိတ်မပျက်ခကတ်။ ငါရို့သည် သင်ရို့အား မှန်သောစကားကိုသာ အမြဲတမ်း ပြောကြားခသည့်နည်းတူ တိတုအား ငါရို့ ဝါကြွားပြောဆိုခသော အရာများသည်လည်း ဟုတ်မှန်ကြောင်း ထင်ရှားခယာ။
ငါသည် သင်ရို့အား ယုံကြည်စိတ်ချ၍ သင်ရို့အတွက် များစွာဂုဏ်ယူ၏။ ဆင်းရဲဒုက္ခအားလုံးကို ငါရို့ ခံစားရသောအခါ သင်ရို့သည် ငါအား အလွန် နှစ်သိမ့်စီခသောကြောင့် ဝမ်းမြောက်ခြင်းနှင့်လည်း ပြည့်ဝလျက်ဟိ၏။
သို့သော် အားငယ်သောသူကို နှစ်သိမ့်ပီးတော်မူသော ဘုရားသခင်သည် တိတု ရောက်လာခြင်းအားဖြင့် ငါရို့ကို နှစ်သိမ့်ပီးတော်မူ၏။
လူတိုင်း မိမိပြုသောအမှုကို ဆန်းစစ်စီ။ ထိုသို့ပြုလျှင် သူတစ်ပါးပြုသောအမှု၌ နှိုင်းယှဉ်ခြင်းကိုမပြုဘဲ မိမိပြုသောအမှုသည် ကောင်းလျှင် ဂုဏ်ယူဝါကြွားစရာအကြောင်း ဟိလိမ့်မည်။
ညီအစ်ကိုမောင်နှမရို့၊ ကျန်ဟိသောစကား ဟူမူကား သခင်ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် ဝမ်းမြောက် ကြလော့။ အယင်က ငါ ရီးသားဖော်ပြပြီးသော အကြောင်းအရာများကို အဂု ထပ်မံ၍ ဖော်ပြရသော်လည်း ငါသည် မပင်ပန်း။ သင်ရို့ ပို၍ လုံခြုံစီရန် ဖြစ်၏။
စစ်မှန်သောအရီဖျားလှီးခြင်းကို ခံရသောသူရို့ကား ထိုသူရို့မဟုတ်ဘဲ ငါရို့သာလျှင် ဖြစ်ကြပေ၏။ ဇာကြောင့်ဆိုသော် ငါရို့သည် ကိုယ်တော်၏ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်အား ကိုးကွယ်၍ ခရစ်တော်ယေသျှု၌ ရွှင်လန်းဝမ်းမြောက်သောသူတိ ဖြစ်ကြသောကြောင့်တည်း။ ငါရို့သည် ပြင်ပလက္ခဏာများကို မကိုးစား။
ဤမျှ ကာလအချိန်ကြာညောင်းပြီးမှ သင်ရို့သည် ငါ့အား မိမိရို့၏ မေတ္တာစေတနာကို တဖန် ပြသကြသည့်အတွက် ငါသည် သခင်ဘုရား၌ အလွန်ပင် ဝမ်းမြောက်ပါ၏။ အယင်အခါက သင်ရို့သည် ငါ၌ မေတ္တာမထားဘဲ နိန်ခကြသည်ဟု ငါမဆိုလို။ ထိုမေတ္တာစေတနာကို ပြသနိုင်ခွင့် မရခကြောင်းကိုသာ ဆိုလိုပါ၏။
သင်ရို့သည် သခင်ဘုရား၌ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။